သူငယ်ချင်းတွေနဲ့ Halloween ပါတီ အတူတက်ခဲ့တဲ့ စံရတီမိုးမြင့်
Unicode
မိန်းကေလး တစ်ယောက်မှာ ရှိသင့်တဲ့ အလှတရားတွေ ပြည့်နှက်နေတဲ့ လှပတဲ့ ပန်းပွင့်လေးစံရတီမိုးမြင့်ကတော့ သူမရဲ့အလှအပတွေကြောင့်ပရိသတ်တွေရဲ့အချစ်ကို တစ်နေ့တစ်ခြား တိုးတိုးပြီး ရလာသူလေးပါ။ လတ်တလောမှာတော့ စံရတီမိုးမြင့်က သူငယ်ချင်းတွေနဲ့ Halloween ပါတီတက်ခဲ့တဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ သူငယ်ချင်းတွေကြားမှာ အရမ်းပျော်နေတဲ့ သဲရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။ချစ်ပရိသတ်တွေအတွက် ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ Halloween နေ့လေးကို အတူဖြတ်သန်းခဲ့တဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အလှအပနဲ့ပတ်သတ်ရင်လည်း ပရိသတ်တွေကို သူမရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး အကောင်းဆုံး အကြံပေးတတ်တဲ့ သဲကတော့ စေတနာကောင်းလို့ တစ်နေ့တစ်ခြား ပိုပိုလှလာတာပါနော်။
မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ လတ်တလောမှာ ပွဲတွေ ဆက်တိုက်တက်ဖြစ်နေပြီး အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်ပြုလုပ်ဖြစ်နေတာပါ။ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ စံရတီမိုးမြင့်ရဲ့ အချစ်ရေးကတော့ ငြိမ်သက်နေပြီး၊ အိမ်ထောင်ဖက်ကိုလည်းသေချာစဉ်းစားရွေးချယ်သွားမှာပါလို့ အင်တာဗျူးတွေမှာဖြေဆိုထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း သူငယ်ချင်းတွေနဲ့ ပျော်နေတဲ့ နတ်မိမယ်လေး စံရတီမိုးမြင့်ကိုချစ်ရင်သူမရဲ့ပုံလေးတွေကိုဝေမျှသွားကြပါဦးနော်။Credit-burmise.asia