Idol မင်းသားကြီးဖြစ်တဲ့ နေတိုးနဲ့ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုမျှဝေခဲ့တဲ့ ခြူးလေး
Unicode
အမြဲပြုံးပျော်နေတတ်ပြီး အရမ်းချစ်စရာကောင်းတဲ့ ခြူးလေးဟာ MRTV 4 ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရှိထားတဲ့ မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ Tik Tok ဗီဒီယိုလေးတွေကြောင့်လည်း သူမရဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုမိုရရှိနေတာဖြစ်ပါတယ်။
ခြူးလေးဟာ သူမအရင်ထဲကအားပေးချစ်ခင်ရတဲ့ Idol ကြီးဖြစ်တဲ့ ကိုနေတိုးနဲ့ အတူတူတွဲရိုက်ထားတဲ့ပုံတွေကို သူမရဲ့ လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်ကနေ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။
ကိုနေတိုးဟာ သူမရဲ့ Idol crush အပြင်အရမ်းလေးစားအားကျရတဲ့ နံပါတ် ၁ ဖြစ်ပါတယ်လို့လည်းပြောပြခဲ့ပါတယ်။ နေတိုးဟာလည်း မြန်မာနိုင်ငံရဲ့ ပရိသတ်ချစ်ခင်အားပေးမှုအများဆုံး ရရှိထားတဲ့ မင်းသားတွေထဲက တစ်ယောက်ဖြစ်ပြီး အနုပညာရှင်တော်တော်များများရဲ့ လေးစားအားကျခံရသူလည်းဖြစ်ပါတယ်။
ခြူးလေး ဟာ အောင်မြင်ကျော်ကြား ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ MRTV ဇာတ်လမ်းတော်တော်များများမှာ ပါဝင်တဲ့ ပရိသတ်တွေရဲ့ အချစ်တော်တွေထဲက တစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရော ခြူးလေးနဲ့ ကိုနေတိုးကြီးကိုချစ်ရင် Like and Share လုပ်သွားဖို့မမေ့ပါနဲ့အုံးနော်။ အဆုံးထိ ဖတ်ရှုပေးတဲ့ အတွက်ကျးဇူးတင်ရှိပါတယ်။Credit-burmese.asia