ပုံတူတက်တူကိုး ကျောအပြည့်ထိုးထားတဲ့ ပရိသတ်အတွက် စကားတစ်ခွန်းဆိုလိုက်တဲ့ ဇော်ဝင်းထွဋ်
Unicode
အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေကို သီဆိုပြီး ပရိသတ်အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ဇော်ဝင်းထွဋ်ကတော့ အနုပညာလောကမှာ အချိန်တော်တော်ကြာကြာအောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိကိုလည်း ဦးညီထွဋ်ဆိုပြီး ဒိတ်ဒိတ်ကြဲအဆိုတော်တော်တွေ ကိုယ်တိုင်ကိုက လေးစားပြီး အတုယူနေရတဲ့ သူတစ်ယောက်အဖြစ်နဲ့ ရပ်တည်နေတာပါ။
လတ်တလောမှာလည်း ဦးညီထွဋ်ဟာ အားပေးသူပရိသတ်များစွာထဲကမှာ သူ့ရဲ့ ပုံကို တက်တူးထိုးခဲ့တဲ့ ပရိသတ်တစ်ယောက်ကို စကားတစ်ခွန်းဆိုလိုက်တာပဲဖြစ်ပါတယ်။ ပုံတူတက်တူးထိုးပြီးအားပေးကြတဲ့ ပရိသတ်တွေများစွာရှိတဲ့ထဲမှာမှ အခုတစ်ခေါက်တက်တူးထိုးပြီးအားပေးတဲ့သူကတော့ ဦးညီထွဋ်ရဲ့ပုံကို ကျောတစ်ပြင်လုံးအပြည့်တက်တူးထိုးခဲ့တာပဲဖြစ်ပါတယ်။
အခုလို ကျောအပြည့်တက်တူးထိုးထားတဲ့ပရိသတ်အတွက်ကို ဦးညီထွဋ်က “ငါ့ပုံကို ပုံတူထိုးတဲ့အထဲမှာ ကျောအပြည့်ထိုးတာ မင်းတယောက်ပဲရှိတယ်”ဆိုပြီးစကားလုံးထိထိမိမိနဲ့ ချီးကျူးစကားဆိုလိုက်တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ကျောအပြည့်တက်တူးထိုးပြီးအားပေးခဲ့တဲ့ ပရိသတ်ကြောင့် ကျေနပ်ပီတိဖြစ်နေတဲ့ ဦးညီထွဋ်ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။Credit-burmese.asia