Latest Posts

MM Idol ၾကည့္ရင္း No(11)ေလးဆိုတိုင္း ကိုယ့္ပါးေလးကို ပုတ္ျပီးေအာ္မိတယ္ဆိုတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳ

Myanmar Idol Season (3) ရဲ့ First Runner Up ဆု ပိုင္ရွင္ေလး ခ်မ္းေျမ့ေမာင္ခ်ိဳက တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ့ အခ်စ္ေတြကို ပိုင္ဆိုင္ရရိွထားတာ ျဖစ္ပါတယ္။ Myanmar Idol Season (3) ျပီးဆံုးသြားသည့္တိုင္ ပရိသတ္ေတြက ဒီေန့အခ်ိန္ထိ ေမာင္ခ်ိဳမွ ေမာင္ခ်ို ျဖစ္ေနၾကဆဲပါပဲ။ ခ်မ္းေျမ့ေမာင္ခ်ိဳကလည္း သူမခ်စ္တဲ့ ပရိသတ္ေတြအတြက္ အနုပညာလုပ္ငန္းေတြကို ၾကိဳးစားလုပ္ကိုင္ေနလ်က္ ရိွပါတယ္။

Myanmar Idol သီခ်င္းဆိုျပိဳင္ပြဲၾကီးက အခုဆိုရင္ Season (4) ကို ေရာက္ရိွေနျပီျဖစ္ျပီး Finalist (၁၁) ေယာက္ရဲ့ သီဆိုယွဥ္ျပိဳင္မႈေတြကို စတင္ က်င္းပေနျပီပဲ ျဖစ္ပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳက Myanmar Idol မွာ သူမျပိုင္ခဲ့တာေတြကို သတိရစြာနဲ့ ” 11 ေလး ဘယ္လိုလုပ္မလဲ ၾကည့္ေနရင္းနဲ႔ 77711 လဲဆိုေရာ ကိုယ့္ပါးေလးကို ပုတ္ျပီး 11 ပါလို႔ ေအာ္မိတယ္ ” ဆိုျပီး သူမရဲ့အျဖစ္ကို ေျပာျပလာပါတယ္။

ယခုနွစ္ Myanmar Idol Season (4) ရဲ့ No (11) ေလးကေတာ့ အသက္ (၁၆) နွစ္သာရိွေသးတဲ့ ခ်စ္စရာေကာင္းတဲ့ မိန္းကေလး ေအးျမျဖဴပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အသက္ငယ္ျပီး အဆိုပါရမီေကာင္းမြန္တဲ့ ေအးျမျဖဴကို ေမာင္ခ်ိဳ့တုန္းကလိုပဲ အားေပးဝန္းရံၾကတာကို ေတြ့ရပါတယ္။
ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ No (11) ျပိဳင္ပြဲဝင္ေလး ေအးျမျဖဴအတြက္ ရင္ခုန္ စိတ္လႈပ္ရွားေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေအးျမျဖဴကို ေမာင္ခ်ိဳ့တုန္းကလိုပဲ အားေပးၾကပါဦးေနာ္။Credit-burmese.asia
Unicode
Myanmar Idol Season (3) ရဲ့ First Runner Up ဆု ပိုင်ရှင်လေး ချမ်းမြေ့မောင်ချိုက တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ Myanmar Idol Season (3) ပြီးဆုံးသွားသည့်တိုင် ပရိသတ်တွေက ဒီနေ့အချိန်ထိ မောင်ချိုမှ မောင်ချို ဖြစ်နေကြဆဲပါပဲ။ ချမ်းမြေ့မောင်ချိုကလည်း သူမချစ်တဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်နေလျက် ရှိပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးက အခုဆိုရင် Season (4) ကို ရောက်ရှိနေပြီဖြစ်ပြီး Finalist (၁၁) ယောက်ရဲ့ သီဆိုယှဉ်ပြိုင်မှုတွေကို စတင် ကျင်းပနေပြီပဲ ဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုက Myanmar Idol မှာ သူမပြိုင်ခဲ့တာတွေကို သတိရစွာနဲ့ ” 11 လေး ဘယ်လိုလုပ်မလဲ ကြည့်နေရင်းနဲ့ 77711 လဲဆိုရော ကိုယ့်ပါးလေးကို ပုတ်ပြီး 11 ပါလို့ အော်မိတယ် ” ဆိုပြီး သူမရဲ့အဖြစ်ကို ပြောပြလာပါတယ်။
ယခုနှစ် Myanmar Idol Season (4) ရဲ့ No (11) လေးကတော့ အသက် (၁၆) နှစ်သာရှိသေးတဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေး အေးမြဖြူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အသက်ငယ်ပြီး အဆိုပါရမီကောင်းမွန်တဲ့ အေးမြဖြူကို မောင်ချို့တုန်းကလိုပဲ အားပေးဝန်းရံကြတာကို တွေ့ရပါတယ်။
ချမ်းမြေ့မောင်ချိုကတော့ No (11) ပြိုင်ပွဲဝင်လေး အေးမြဖြူအတွက် ရင်ခုန် စိတ်လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးမြဖြူကို မောင်ချို့တုန်းကလိုပဲ အားပေးကြပါဦးနော်။Credit-burmese.asia