Latest Posts
UNICODE
စေတနာရှင်မိသားတစ်စုက သရုပ်ဆောင်ရဲလေးမအတွက်ငွေ၅သိန်းလှူဒါန်းခဲ့လို့ ကိုယ်စားသွားရောက်လှူပေးခဲ့တဲ့ ခိုင်နှင်းဝေပရဟိတမင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး ယနေ့အချိန်မှာတော့ အနုပညာအလုပ်လည်းလုပ်ရင်း ပရဟိတအလုပ်ကိုလည်းစွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်နေတာကိုတွေ့ရပါတယ်နော်။ခိုင်နှင်းဝေကတော့ သူမတတ်နိုင်သလောက်နဲ့ ခိုင်နှင်းဝေပရဟိတကို မတည်ခဲ့ပြီး နောက်ပိုင်းမှာ အလှူရှင်တွေရဲ့စေတနာနဲ့ ပိုပိုပြီးတိုးချဲ့လုပ်ကိုင်လာတာကိုပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါ။
ခိုင်နှင်းဝေက နွေးထွေးတဲ့ရင်ခွင်တစ်စုံလိုအပ်နေတဲ့ မွေးကင်းစကလေးလေးတွေကိုလည်း “ခိုင်မိသားစု”ဂေဟာလေးကိုတည်ထောင်ပြီး ကလေးလေးတွေရဲ့ကိစ္စအ၀၀မှန်သမျှကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ကလေးတို့မေမေဖြစ်ပါတယ်။အနုပညာလောကသားတွေနဲ့ပက်သက်ပြီးတော့လည်း အကူအညီလိုအပ်နေတဲ့သူတွေကိုခိုင်နှင်းဝေကအိမ်တိုင်ရာရောက်သွားကူညီတဲ့သူပါ။ဇာတ်ပို့သရုပ်ဆောင်ရဲလေးမအတွက်လည်း မကြာသေးခင်ကမှာ မုန့်ဟင်းခါးဆိုင်လေးဖွင့်ဖို့အတွက် တတ်နိုင်သလောက်ကိုလှူဒါန်းခဲ့ပါသေးတယ်။
အခုဆိုရင်လည်း ခိုင်နှင်းဝေက”အမေရိကန်ပြည်ထောင်စုနေ ကွယ်လွန်သူ JEREMY LYE (ခ) ကိုအောင်ထွန်းဦး အားရည်စူးပြီး ကျန်ရစ်သူမိသားစုမှ သရုပ်ဆောင်ကိုရဲလေးမကိုအလှူ ငွေ၅သိန်းကျပ်လှူဒါန်းသောကြောင့် သွားရောက်ပေးအပ်ခဲ့ပါတယ်ရှင် ကိုရဲလေးမကို ကျမမုန့်ဟင်းခါးဆိုင်ဖွင့်ဖို့ပစ္စည်းတွေလှူပေးတုန်းက Interview မှာ သူ့အကိုခြေထောက်ဖြတ်ဖို့နဲ့မိသားစုအခက်အခဲတွေကိုပြောပြလိုက်လို့အခုလိုအလှူ ရှင်ပေါ်လာတဲ့အတွက်လဲဝမ်းသာမိပါတယ်.ကျမရဲ့ စိတ်ထဲကနေကိုရဲလေးမတို့မိသားစုကိုပြေလည်စေချင်တဲ့စိတ်စေတနာအမှန်ကရောင်ပြန်ဟပ်တယ်လို့ထင်ပါတယ်”ဆိုပြီး အမေရိကန်ကအလှူရှင်ကိုယ်စား သွားရောက်လှူဒါန်းခဲ့ပါတယ်နော်။Source:Khine Hnin Wai