Latest Posts

ဗိုလ္ခ်ဳပ္ပုံပါေငြစကၠဴထုတ္ဖို႔ ရာႏႈန္းျပည့္နီးပါးေသခ်ာၿပီဟု ဗဟိုဘဏ္အတည္ျပဳ

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါတဲ့ ေငြစကၠဴေတြကို ဒီဇင္ဘာလမွာထုတ္လုပ္ဖို႔ (၉၀)ရာခိုင္ႏႈန္းေသခ်ာေနၿပီလို႔ ျမန္မာႏိုင္ငံဗဟိုဘဏ္ကဒုတိယဥကၠ႒က O Media ကိုအတည္ျပဳေျပာလိုက္ပါတယ္။ “ထုတ္မယ့္ရက္ေတာ့ အတိတက်ေျပာလို႔မရေသးပါဘူး။ ထုတ္လုပ္ျဖစ္မွာပါ။ ထုတ္ဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။ ဘယ္ေလာက္ေငြပမာဏထုတ္လုပ္မယ္ဆိုတာကေတာ့ ေၾကညာခ်က္ထုတ္ျပန္ေပးပါမယ္။ ထုတ္ဖို႔စက္ကလည္း(၉၀)ရာခိုင္ႏႈန္းၿပီးစီးေနၿပီ”လို႔ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ ဒုတိယဥကၠဌ ဦးစိုးမင္းက O Media ကို ေျပာပါတယ္။
ထုတ္လုပ္မယ့္ေငြပမာဏကိုေတာ့ အတည္ျပဳဖို႔လိုေနေသးတာေၾကာင့္ ထုတ္ေဖာ္ေျပာၾကားဦးမွာမဟုတ္သလို ေကာလာဟလေတြရွိလာႏိုင္တဲ့အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါတဲ့ ေငြစကၠဴထုတ္မယ့္သတင္းကို ျပည္ သူေတြဆီ ႀကိဳတင္အသိေပးသြားမယ္လို႔လည္း သိရပါတယ္။

“ျဖန႔္တာေတြ ဘာေတြလည္းရွိတဲ့အတြက္ အရင္တုန္းကလို ဒီကေန႔ေျပာ၊ ဒီကေန႔ထုတ္တာမ်ိဳးလုပ္လို႔မရဘူး။ နည္းနည္းေလးေတာ့ အခ်ိန္ကိုႀကိဳၿပီးအသိေပးမွာေပါ့။ သတင္းေၾကညာခ်က္နဲ႔ ထုတ္ျပန္မွာမို႔လို႔ အတုဆိုတဲ့ ေကာလာဟလေတြျဖစ္လာမွာမဟုတ္ပါဘူး။”လို႔ ဦးစိုးမင္းက ေျပာပါတယ္။ အနာဂတ္မွာ ႐ိုက္ႏွိပ္ထုတ္ေဝမယ့္ ေငြစကၠဴေတြမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံထည့္သြင္းဖို႔အတြက္ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာမွာက်င္းပခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ၿမိဳင္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ခင္ဝင္းက တင္သြင္းခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးက မဲခြဲဆုံးျဖတ္ အတည္ျပဳခဲ့တာျဖစ္ပါတယ္။ မဲခြဲဆုံးျဖတ္တဲ့အခါ ကန႔္ကြက္တဲ့ကိုယ္စားလွယ္ေတြရွိခဲ့ေပမဲ့ ေထာက္ခံမဲ(၂၈၆)မဲနဲ႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါတဲ့ ေငြစကၠဴထုတ္လုပ္မယ့္အစား ေငြေၾကးစနစ္ကိုပုံေဖာ္တဲ့အခါ ေငြေၾကးေပၚကအမွတ္ တံဆိပ္ေတြေျပာင္းလဲတာထက္ ေငြေၾကးတန္ဖိုးပိုၿပီးခိုင္မာလာေအာင္ ျပဳလုပ္တာက ပိုၿပီးအေျခခံက်တယ္လို႔လည္း တပ္မေတာ္သားကိုယ္စားလွယ္တစ္ေယာက္က ကန႔္ကြက္ခဲ့ပါေသးတယ္။Credit-burmese.asia
Unicode
ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတွေကို ဒီဇင်ဘာလမှာထုတ်လုပ်ဖို့ (၉၀)ရာခိုင်နှုန်းသေချာနေပြီလို့ မြန်မာနိုင်ငံဗဟိုဘဏ်ကဒုတိယဥက္ကဋ္ဌက O Media ကိုအတည်ပြုပြောလိုက်ပါတယ်။ “ထုတ်မယ့်ရက်တော့ အတိတကျပြောလို့မရသေးပါဘူး။ ထုတ်လုပ်ဖြစ်မှာပါ။ ထုတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဘယ်လောက်ငွေပမာဏထုတ်လုပ်မယ်ဆိုတာကတော့ ကြေညာချက်ထုတ်ပြန်ပေးပါမယ်။ ထုတ်ဖို့စက်ကလည်း(၉၀)ရာခိုင်နှုန်းပြီးစီးနေပြီ”လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက O Media ကို ပြောပါတယ်။
ထုတ်လုပ်မယ့်ငွေပမာဏကိုတော့ အတည်ပြုဖို့လိုနေသေးတာကြောင့် ထုတ်ဖော်ပြောကြားဦးမှာမဟုတ်သလို ကောလာဟလတွေရှိလာနိုင်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူထုတ်မယ့်သတင်းကို ပြည် သူတွေဆီ ကြိုတင်အသိပေးသွားမယ်လို့လည်း သိရပါတယ်။“ဖြန့်တာတွေ ဘာတွေလည်းရှိတဲ့အတွက် အရင်တုန်းကလို ဒီကနေ့ပြော၊ ဒီကနေ့ထုတ်တာမျိုးလုပ်လို့မရဘူး။ နည်းနည်းလေးတော့ အချိန်ကိုကြိုပြီးအသိပေးမှာပေါ့။ သတင်းကြေညာချက်နဲ့ ထုတ်ပြန်မှာမို့လို့ အတုဆိုတဲ့ ကောလာဟလတွေဖြစ်လာမှာမဟုတ်ပါဘူး။”လို့ ဦးစိုးမင်းက ပြောပါတယ်။ အနာဂတ်မှာ ရိုက်နှိပ်ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံထည့်သွင်းဖို့အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးက မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာဖြစ်ပါတယ်။ မဲခွဲဆုံးဖြတ်တဲ့အခါ ကန့်ကွက်တဲ့ကိုယ်စားလှယ်တွေရှိခဲ့ပေမဲ့ ထောက်ခံမဲ(၂၈၆)မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူထုတ်လုပ်မယ့်အစား ငွေကြေးစနစ်ကိုပုံဖော်တဲ့အခါ ငွေကြေးပေါ်ကအမှတ် တံဆိပ်တွေပြောင်းလဲတာထက် ငွေကြေးတန်ဖိုးပိုပြီးခိုင်မာလာအောင် ပြုလုပ်တာက ပိုပြီးအခြေခံကျတယ်လို့လည်း တပ်မတော်သားကိုယ်စားလှယ်တစ်ယောက်က ကန့်ကွက်ခဲ့ပါသေးတယ်။Credit-burmese.asia