ဒီအချက်တွေကိုမသိဘူးဆိုရင် ဒီနိုင်ငံတွေသွားတဲ့အခါ သင်အခက်တွေ့လိမ့်မယ်
လူေရွ႕သူေရွ႕ ဖက္တာ၊ နမ္းတာ
လူေရွ႕သူေရွ႕ဖက္တာနမ္းတာဟာ အဆန္းမဟုတ္ေပမယ့္၊ တစ္ျခားႏိုင္ငံေတြမွာ ေတာ့ သတ္မွတ္ခ်က္အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ဂ်ပန္နဲ႔ကိုရီးယားတို႔လို ႏိုင္ငံေတြမွာ လမ္းမေပၚဖက္တာနမ္းတာဟာ ဆိုးရြားတဲ့ရို္င္းစိုင္းမႈလို႔သတ္မွတ္ျပီး၊ တစ္ျခားေနရာေတြမွာ ဒါဟာ ျပင္းထန္တဲ့အျငင္းပြားစရာျဖစ္ႏိုင္ပါတယ္။ ေဆာ္ဒီအာေရဗ်နဲ႔ အျခားအာရပ္ႏိုင္ငံေတြမွာ လူေရွ႕သူေရွ႕ နမ္းရင္ အဖမ္းေတာင္ခံရႏို္င္တယ္လို႔သိရွိရပါတယ္။
လူေရွ႕သူေရွ႕ ခ်စ္ျခင္းေမတၱာကုိ မေဖာ္ျပတာ
ႏိုင္ငံတိုင္းရဲ႕ဆိုရွယ္ရပ္၀န္းကို သိိဖို႔ PDA ruleေတြကို ေလ့လာထားတာက သင့္အတြက္မွန္ကန္တဲ့ အေထာက္အကူတစ္ခုျဖစ္ပါလိမ့္မယ္။ သူငယ္ခ်င္းနဲ႔ပဲျဖစ္ျဖစ္ ခ်စ္သူနဲ႔႔ပဲျဖစ္ျဖစ္ ခ်စ္ျခင္းေမတၱာကိုေဖာ္ျပတဲ့ ယဥ္ေက်းမႈအမ်ားၾကီးရွိၾကပါတယ္။ Central န႔ဲSouth America ႏိုင္ငံေတြမွာ တစ္ဦးနဲ႔တစ္ဦးပါးနမ္းႏႈတ္ဆက္တတ္ၾကပါတယ္။ အဲ့ဒီလို ပြင့္ပြင့္လင္းလင္းမႏႈတ္ဆက္တာကမွ ေအးစက္ျပီး စိတ္ခံစားမႈမေကာင္းဘူးလို႔သတ္မွတ္ၾကပါတယ္။
Weddingေတြ၊ ပါတီေတြကိုဒိတ္လုပ္တဲ့အခါ အတူတက္တာ မတက္တာ
အေမရိကန္ႏိုင္ငံမွာ မဂၤလာေဆာင္ဧည့္သည္ေတြအတြက္ စစ္ေျမျပင္၀င္ရသလုိပါပဲ။ ဘာလို႔လဲဆိုရင္ေတာ့ မဂၤလာေဆာင္တစ္ခုကို သြားမယ္ဆိုရင္ စံုတြဲလုိက္တက္ရပါတယ္။ စံုတြဲလုိက္မတက္ဘူး ဆိုရင္ လူမႈေရးခၽြတ္ေခ်ာ္ေနတဲ့အျပဳအမူ၊ အဆင္မေျပဘူးဆိုတဲ့အျပဳအမူပါ။
ဒါေပမယ့္ ျဗိတိန္ကေတာ့ အေမရိကန္နဲ႔ေျပာင္းျပန္ပါ။ ျဗိတိန္မွာကပြဲတက္ရင္တစ္ေယာက္ပဲတက္တာပိုေကာင္းပါတယ္။ တစ္ခ်ိဳ႕မဂၤလာေဆာင္ေတြမွာ လက္မထပ္ထားတဲ့ဧည့္သည္ေတြဆိုရင္ တစ္ေယာက္ထဲတက္ဖို႔ေတာင္ေတာင္းဆိုပါတယ္။ ဒါေတြက ႏိုင္ငံအလုိက္ယဥ္ေက်းမႈကြာျခားသြားတဲ့သေဘာပါ။
အနမ္းေပးတာ
တစ္ႏိုင္ငံနဲ႔တစ္ႏုိင္ငံ ယဥ္ေက်းမႈေတြမတူဘူးဆိုတဲ့အတိုင္းပဲ ဂ်ာမနီနဲ႔ပိုလန္တို႔လို ဥေရာပႏိုင္ငံတစ္ခ်ိဳ႕မွာ ဆိုရင္ ဒိတ္လုပ္တဲ့အခါ ေပြ႕ဖက္တာကအေကာင္းဆံုးျဖစ္ပါတယ္။ အနမ္းေပးတာကေတာ့ ပိုျပီးေလးနက္တဲ့ဆက္ဆံေရးေတြအတြက္ပဲ သင့္ေတာ္တဲ့အျပဳအမူတစ္ခုျဖစ္ပါတယ္။
Fancy စားေသာက္ဆိုင္ေတြကို သြားတာ
အေမရိကန္ေတြက ဒိတ္လုပ္တဲ့အခါ အျပင္သြားၾကတာမ်ားတယ္။ခ်စ္စရာစံုတဲြေလးေတြ၊ ေက်ာင္းသားစံုတြဲေလးေတြနဲ႔ လက္ထပ္ျပီးစံုတြဲေတြဟာ McDonaldလို မုန္႔ဆိုင္ေတြကို ဒိတ္လုပ္ဖို႔သြားတာမ်ားၾကပါတယ္။
ဆီြဒင္မွာက ထူးထူးျခားျခားပါပဲ ဒိတ္လုပ္ရင္ အစမ္းအရင္ဒိတ္ၾကတယ္။ ဒါကို“fika” လို႔ေခၚပါတယ္။ ဖန္စီက်တဲ့ေနရာေလးေတြ၊ ေကာ္ဖီဆိုင္ေလးေတြ ဒိုးနတ္ဆိုင္ေလးေတြကို သြားၾကတာမ်ားပါတယ္။
အခ်ိန္ေပးတာ
အေမရိကန္ေကာင္ေလး၊ ေကာင္မေလးေတြက ဒိတ္လုပ္တဲ့အခါ သူတို႔ကုိ အခ်ိန္ေပးတာၾကိဳက္ၾကတယ္။ ဒိတ္လုပ္ရင္လည္းအခ်ိန္ကိုအတိအက်ေလးသြားတာေကာင္းပါတယ္။ သင္ခ်ိန္းထားတာထက္အရမ္းေစာျပီးေရာက္ေနရင္လည္း သင္ဟာ တစ္ဖက္လူကို အငမ္းမရေတာက္တဲ့လုိတြယ္ကပ္ေနတယ္လို႔အထင္ခံရႏုိင္ပါတယ္။
ဒါေပမယ့္ ဂ်ာမနီမွာေတာ့ တစ္စံုတစ္ေယာက္က သင့္ကိုေစာင့္ေနရတယ္ဆိုရင္ ဒါကရိုင္းစုိင္းတယ္လုိ႔ယူဆပါတယ္။Credit-Khaing
Unicode
သင်ဟာ နိုင်ငံရပ်ခြားကိုခရီးသွားလို့ဖြစ်ဖြစ် အလုပ်သွားလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် အဲဒီ နိုင်ငံက မတူညီတဲ့ ဓလေ့စရိုက်တွေကိုတော့ သ်ထားဖို့လိုတယ်မဟုတ်လား။ တချို့နိုင်ငံတွေကတော့ ထူးထူးဆန်းဆန်း ဓလေ့လေးတွေရှိကြလို့ အဲဒါတွေကို မသိဘူးဆိုရင် သင့်အတွက် အဆင်မပြေဖြစ်နိုင်တယ်လေ…
လူရှေ့သူရှေ့ ဖက်တာ၊ နမ်းတာ
လူရှေ့သူရှေ့ဖက်တာနမ်းတာဟာ အဆန်းမဟုတ်ပေမယ့်၊ တစ်ခြားနိုင်ငံတွေမှာ တော့ သတ်မှတ်ချက်အမျိုးမျိုးရှိကြပါတယ်။ ဂျပန်နဲ့ကိုရီးယားတို့လို နိုင်ငံတွေမှာ လမ်းမပေါ်ဖက်တာနမ်းတာဟာ ဆိုးရွားတဲ့ရိုင်းစိုင်းမှုလို့သတ်မှတ်ပြီး၊ တစ်ခြားနေရာတွေမှာ ဒါဟာ ပြင်းထန်တဲ့အငြင်းပွားစရာဖြစ်နိုင်ပါတယ်။ ဆော်ဒီအာရေဗျနဲ့ အခြားအာရပ်နိုင်ငံတွေမှာ လူရှေ့သူရှေ့ နမ်းရင် အဖမ်းတောင်ခံရနိုင်တယ်လို့သိရှိရပါတယ်။
လူရှေ့သူရှေ့ ချစ်ခြင်းမေတ္တာကို မဖော်ပြတာ
နိုင်ငံတိုင်းရဲ့ဆိုရှယ်ရပ်ဝန်းကို သိဖို့ PDA ruleတွေကို လေ့လာထားတာက သင့်အတွက်မှန်ကန်တဲ့ အထောက်အကူတစ်ခုဖြစ်ပါလိမ့်မယ်။ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ချစ်သူနဲ့ပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့ ယဉ်ကျေးမှုအများကြီးရှိကြပါတယ်။ Central နဲ့South America နိုင်ငံတွေမှာ တစ်ဦးနဲ့တစ်ဦးပါးနမ်းနှုတ်ဆက်တတ်ကြပါတယ်။ အဲ့ဒီလို ပွင့်ပွင့်လင်းလင်းမနှုတ်ဆက်တာကမှ အေးစက်ပြီး စိတ်ခံစားမှုမကောင်းဘူးလို့သတ်မှတ်ကြပါတယ်။
Weddingတွေ၊ ပါတီတွေကိုဒိတ်လုပ်တဲ့အခါ အတူတက်တာ မတက်တာ
အမေရိကန်နိုင်ငံမှာ မင်္ဂလာဆောင်ဧည့်သည်တွေအတွက် စစ်မြေပြင်ဝင်ရသလိုပါပဲ။ ဘာလို့လဲဆိုရင်တော့ မင်္ဂလာဆောင်တစ်ခုကို သွားမယ်ဆိုရင် စုံတွဲလိုက်တက်ရပါတယ်။ စုံတွဲလိုက်မတက်ဘူး ဆိုရင် လူမှုရေးချွတ်ချော်နေတဲ့အပြုအမူ၊ အဆင်မပြေဘူးဆိုတဲ့အပြုအမူပါ။
ဒါပေမယ့် ဗြိတိန်ကတော့ အမေရိကန်နဲ့ပြောင်းပြန်ပါ။ ဗြိတိန်မှာကပွဲတက်ရင်တစ်ယောက်ပဲတက်တာပိုကောင်းပါတယ်။ တစ်ချို့မင်္ဂလာဆောင်တွေမှာ လက်မထပ်ထားတဲ့ဧည့်သည်တွေဆိုရင် တစ်ယောက်ထဲတက်ဖို့တောင်တောင်းဆိုပါတယ်။ ဒါတွေက နိုင်ငံအလိုက်ယဉ်ကျေးမှုကွာခြားသွားတဲ့သဘောပါ
အနမ်းပေးတာ
တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုတွေမတူဘူးဆိုတဲ့အတိုင်းပဲ ဂျာမနီနဲ့ပိုလန်တို့လို ဥရောပနိုင်ငံတစ်ချို့မှာ ဆိုရင် ဒိတ်လုပ်တဲ့အခါ ပွေ့ဖက်တာကအကောင်းဆုံးဖြစ်ပါတယ်။ အနမ်းပေးတာကတော့ ပိုပြီးလေးနက်တဲ့ဆက်ဆံရေးတွေအတွက်ပဲ သင့်တော်တဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။
Fancy စားသောက်ဆိုင်တွေကို သွားတာ
အမေရိကန်တွေက ဒိတ်လုပ်တဲ့အခါ အပြင်သွားကြတာများတယ်။ချစ်စရာစုံတွဲလေးတွေ၊ ကျောင်းသားစုံတွဲလေးတွေနဲ့ လက်ထပ်ပြီးစုံတွဲတွေဟာ McDonaldလို မုန့်ဆိုင်တွေကို ဒိတ်လုပ်ဖို့သွားတာများကြပါတယ်။
ဆွီဒင်မှာက ထူးထူးခြားခြားပါပဲ ဒိတ်လုပ်ရင် အစမ်းအရင်ဒိတ်ကြတယ်။ ဒါကို“fika” လို့ခေါ်ပါတယ်။ ဖန်စီကျတဲ့နေရာလေးတွေ၊ ကော်ဖီဆိုင်လေးတွေ ဒိုးနတ်ဆိုင်လေးတွေကို သွားကြတာများပါတယ်။
အချိန်ပေးတာ
အမေရိကန်ကောင်လေး၊ ကောင်မလေးတွေက ဒိတ်လုပ်တဲ့အခါ သူတို့ကို အချိန်ပေးတာကြိုက်ကြတယ်။ ဒိတ်လုပ်ရင်လည်းအချိန်ကိုအတိအကျလေးသွားတာကောင်းပါတယ်။ သင်ချိန်းထားတာထက်အရမ်းစောပြီးရောက်နေရင်လည်း သင်ဟာ တစ်ဖက်လူကို အငမ်းမရတောက်တဲ့လိုတွယ်ကပ်နေတယ်လို့အထင်ခံရနိုင်ပါတယ်။
ဒါပေမယ့် ဂျာမနီမှာတော့ တစ်စုံတစ်ယောက်က သင့်ကိုစောင့်နေရတယ်ဆိုရင် ဒါကရိုင်းစိုင်းတယ်လို့ယူဆပါတယ်။Credit-Khaing




