Latest Posts

Energy Drink ေတြကုိ အလြန္အကြ်ံေသာက္သုံးမႈေၾကာင့္ ေသမလုိျဖစ္ခဲ့ရတဲ့ အမ်ိဳးသား

အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္တဲ့ အသက္ ၂၆ ႏွစ္အရြယ္ရိွ အမ်ိဳးသားတစ္ဦးဟာ Energy Drink ေတြကို အလြန္အက်ံြ စြဲစြဲလမ္းလမ္းေသာက္သုံးမႈေၾကာင့္ ႏွလုံးေဖာက္ျပန္ၿပီး ေသမလုိျဖစ္ခဲ့ရပါတယ္။ အဆုိပါ အမ်ိဳးသားဟာ ရင္ဘတ္နဲ႔ ဘယ္ဘက္လက္ေမာင္းေတြ နာေနရတာက ေဆးခန္းသြားျပရာမွာ အခ်ိန္မီလုိ႔ ေသကံမေရာက္ သက္မေပ်ာက္ခဲ့ျခင္းျဖစ္တယ္လို႔ USA Today သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
အဆုိပါ အမ်ိဳးသားဟာ အရင္က က်န္းမာေရးခ်ိဳယြင္းမႈေတြ မရိွဘဲ ဘယ္ဘက္လက္ေမာင္းေတြ နာက်င္ကိုက္ခဲေနတာ၊ ဖ်ားတဲ့အခါမွာ ေခြ်းအလြန္အက်ံြထြက္တာေတြကုိ ကနဦး စတင္ခံစားခဲ့ျခင္းလည္းျဖစ္ပါတယ္။ ေဆးစစ္ခ်က္ေတြအရ ႏွလုံးခုန္ႏႈန္း၊ ေသြးေပါင္ခ်ိန္နဲ႔ ေအာက္စီဂ်င္ level ေတြကုိ စစ္ေဆးၾကည့္ရမွာ ပုံမွန္အတုိင္းျဖစ္ေနတာကို ေတြ႕ရၿပီး ႏွလုံးျပြန္ကုိ စစ္ေဆးၾကည့္ရမွာေတာ့ ေသြးလႊတ္ေၾကာေတြဟာ လုံးဝကို ပိတ္ဆုိ႔ေနတာကုိ စစ္ေဆးေတြ႕ရိွခဲ့ပါတယ္။ ကံေကာင္းလုိ႔ အသက္မေသဘဲ အခ်ိန္မီ ေတြ႕ရိွခဲ့တာပါပဲ။

သူဟာ တစ္ေန႔ကုိ Energy Drink အခ်ိဳရည္ဘူး ၈ ဘူးကေန ၁၀ ဘူးအထိ ေန႔စဥ္ ပံုမွန္ေသာက္တတ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ ဒါဟာ ေတာ္ေတာ္မ်ားတဲ့ ပမာဏျဖစ္ၿပီး တစ္ေန႔ကို ေလးလီလာေလာက္ အခ်ိဳရည္ေတြကုိ ေသာက္ေနျခင္းပါပဲ။ သူဟာ အခ်ိဳရည္တံဆိပ္ေပါင္းစံု၊ အမ်ိဳးအစားေပါင္းစုံကုိ ေသာက္တတ္သူျဖစ္ေၾကာင္းကိုလည္း ေျပာဆုိခဲ့ပါတယ္။

Energy Drink  ေတြမွာ ေယဘုယ်အားျဖင့္ေတာ့ ၁၀၀ မီလီဂရမ္မွာ ကဖိန္းဓာတ္ ၈၀ မီလီဂရမ္အထိပါဝင္ပါတယ္။ ျပဳလုပ္ထားတဲ့ ေလ့လာခ်က္ေတြအရ  caffeine ဓာတ္အလြန္အက်ြံမ်ားျပားမႈဟာ ႏွလုံးေသြေၾကာနံရံေတြကို ခ်က္ခ်င္းက်ံဳသြားႏိုင္ေစတယ္။ ဒီလုိ ေသြးေၾကာမ်ား က်ဥ္းသြား၊ က်ံဳသြားတဲ့အခါမွာ ခႏၶာကိုယ္တြင္းေသြးစီးဆင္းမႈဟာ ေလ်ာ့က်သြားၿပီး အခ်ိန္မေရြး အသက္ေသဆုံးမႈေတြအထိေတာင္ ျဖစ္သြားႏိုင္ပါတယ္။ Energy Drink ေတြဟာ အဆိပ္ရည္ေတြလုိ႔ သတ္မွတ္ခ်က္ေတြမ်ားလည္း ရိွေနၿပီး Energy Drink တစ္ဘူးတည္းေသာက္သုံးရင္ေတာင္မွ ႏွလုံးအတြက္ ျပႆနာေတြျဖစ္ေစႏိုင္လုိ႔ မေသာက္တာ အေကာင္းဆုံးပါပဲ။
သိပၸံပညာရွင္ေတြကေတာ့  Red Bull နဲ႔ Monster တံဆိပ္အခ်ိဳရည္ေတြဟာ ႏွလုံးေသြးေၾကာကုိ က်ဥ္းေစႏိုင္ၿပီးေသြးေၾကာပိတ္ဆုိ႔တာေတြ၊ heart attack ျဖစ္ႏိုင္ေခ်ရိွတယ္လုိ႔႔ ထုတ္ျပန္ထားပါတယ္။ Credit-YYK
Unicode
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာ Energy Drink တွေကို အလွန်အကျွံ စွဲစွဲလမ်းလမ်းသောက်သုံးမှုကြောင့် နှလုံးဖောက်ပြန်ပြီး သေမလိုဖြစ်ခဲ့ရပါတယ်။ အဆိုပါ အမျိုးသားဟာ ရင်ဘတ်နဲ့ ဘယ်ဘက်လက်မောင်းတွေ နာနေရတာက ဆေးခန်းသွားပြရာမှာ အချိန်မီလို့ သေကံမရောက် သက်မပျောက်ခဲ့ခြင်းဖြစ်တယ်လို့ USA Today သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဆိုပါ အမျိုးသားဟာ အရင်က ကျန်းမာရေးချိုယွင်းမှုတွေ မရှိဘဲ ဘယ်ဘက်လက်မောင်းတွေ နာကျင်ကိုက်ခဲနေတာ၊ ဖျားတဲ့အခါမှာ ချွေးအလွန်အကျွံထွက်တာတွေကို ကနဦး စတင်ခံစားခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဆေးစစ်ချက်တွေအရ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နဲ့ အောက်စီဂျင် level တွေကို စစ်ဆေးကြည့်ရမှာ ပုံမှန်အတိုင်းဖြစ်နေတာကို တွေ့ရပြီး နှလုံးပြွန်ကို စစ်ဆေးကြည့်ရမှာတော့ သွေးလွှတ်ကြောတွေဟာ လုံးဝကို ပိတ်ဆို့နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ကံကောင်းလို့ အသက်မသေဘဲ အချိန်မီ တွေ့ရှိခဲ့တာပါပဲ။သူဟာ တစ်နေ့ကို Energy Drink အချိုရည်ဘူး ၈ ဘူးကနေ ၁၀ ဘူးအထိ နေ့စဉ် ပုံမှန်သောက်တတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါဟာ တော်တော်များတဲ့ ပမာဏဖြစ်ပြီး တစ်နေ့ကို လေးလီလာလောက် အချိုရည်တွေကို သောက်နေခြင်းပါပဲ။ သူဟာ အချိုရည်တံဆိပ်ပေါင်းစုံ၊ အမျိုးအစားပေါင်းစုံကို သောက်တတ်သူဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။
Energy Drink  တွေမှာ ယေဘုယျအားဖြင့်တော့ ၁၀၀ မီလီဂရမ်မှာ ကဖိန်းဓာတ် ၈၀ မီလီဂရမ်အထိပါဝင်ပါတယ်။ ပြုလုပ်ထားတဲ့ လေ့လာချက်တွေအရ  caffeine ဓာတ်အလွန်အကျွံများပြားမှုဟာ နှလုံးသွေကြောနံရံတွေကို ချက်ချင်းကျုံသွားနိုင်စေတယ်။ ဒီလို သွေးကြောများ ကျဉ်းသွား၊ ကျုံသွားတဲ့အခါမှာ ခန္ဓာကိုယ်တွင်းသွေးစီးဆင်းမှုဟာ လျော့ကျသွားပြီး အချိန်မရွေး အသက်သေဆုံးမှုတွေအထိတောင် ဖြစ်သွားနိုင်ပါတယ်။ Energy Drink တွေဟာ အဆိပ်ရည်တွေလို့ သတ်မှတ်ချက်တွေများလည်း ရှိနေပြီး Energy Drink တစ်ဘူးတည်းသောက်သုံးရင်တောင်မှ နှလုံးအတွက် ပြဿနာတွေဖြစ်စေနိုင်လို့ မသောက်တာ အကောင်းဆုံးပါပဲ။
သိပ္ပံပညာရှင်တွေကတော့  Red Bull နဲ့ Monster တံဆိပ်အချိုရည်တွေဟာ နှလုံးသွေးကြောကို ကျဉ်းစေနိုင်ပြီးသွေးကြောပိတ်ဆို့တာတွေ၊ heart attack ဖြစ်နိုင်ချေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ Credit-YYK