Latest Posts

သားသမီးတွေကို ဘယ်လောက်တန်ဖိုးထားကြောင်း သက်သေပြလိုက်ပြန်တဲ့ နိုင်နိုင်း

လက္႐ွိခ်ိန္ထိ ကို အရြယ္တင္ႏုပ်ိဳေနၿပီး ေယာက်ာ္းမိန္းမ မေရြးအားေပးျခင္း ခံေနရတဲ့႐ုပ္႐ွင္မင္းသားေခ်ာ ႏိုင္ႏိုင္း ကေတာ့ သူ႔ရဲ႕ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုေလးနဲ ့အတူ ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနတာ ျဖစ္ပါတယ္။ ေယာက်ာ္းပီသတဲ့ ႐ုပ္ရည္႐ွိၿပီး ဗလေတာင့္ေတာင့္နဲ႔ႏိုင္ႏိုင္း ကေတာ့ သားသမီး ၄ ေယာက္နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းေနၿပီး အတုယူစရာေကာင္းတဲ့ ဖခင္ တေယာက္ အေနနဲ႔ ရပ္တည္ေနတာ ျဖစ္ပါတယ္။
ႏိုင္ႏို္င္း ကေတာ့ သ့ူရဲ႕ သားသမီးေတြနဲ႔ အျမဲတမ္းေဆာ့ကစားေနတဲ့ ဗီဒီယုိေတြကို တင္ေလ့႐ွိၿပီး ပရိသတ္ေတြကလည္း သေဘာက်အားေပးၾကတာ ျဖစ္ပါတယ္။ လက္႐ွိမွာလည္း ႏုိင္ႏိုင္း ကေတာ့ သူ႔ရဲ႕ သားသမီးေတြကို ဘယ္ေလာက္ျမတ္ႏိုးတန္ဖိုးထားလဲ ဆိုတာကုိေတာ့ ဗီဒီယိုေလးတခုတင္ၿပီး ျပသလိုက္ျပန္ၿပီ ျဖစ္ပါတယ္။

ႏိုင္ႏိုင္းကေတာ့ “ကြၽန္​​ေတာ္​့ရဲ​ေဘာ္​​ေလးမ်ာအမွတ္​တရ က​ေလးမ်ားႏွင္​့အခ်ိန္​​ေပး​ေဆာ့ကစားျခင္​းသည္​ က​ေလးမ်ားအတြက ္​စိတ္​​ေရာ ကိုယ္​ပါ က်န္​းမာ ​ေစပါသည္​” ဆိုၿပီး သူ႔ရဲ႕ ခ်စ္ရတဲ့ သားသမီးေတြ ကစားေနတာကို ေသခ်ာလည္း မွတ္တမ္းတင္ၿပီး အမွတ္တရအေနနဲ႔ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။
ႏိုင္ႏိုင္း ကေတာ့ ယခင္ကတည္းက အရမ္းမိုက္တဲ့ ဇာတ္ကားေတြသာ ပရိသတ္ေတြကို ခ်ျပေလ့႐ွိၿပီး ယခုေနာက္ပ္ိုင္းမွာလည္း အက္႐ွင္ကားေတြကို အ႐ိုက္မ်ားလာတာ ျဖစ္ပါတယ္။ ႐ုပ္႐ွင္႐ိုက္ရင္း တဖက္မွာလည္း သားသမီးေတြအေပၚ တာဝန္ေက်တဲ့ ဖခင္ျဖစ္တာေၾကာင့္ ေလးစားစရာေကာင္းလွပါတယ္။ Credit-burmese.asia
Unicode

လက်ရှိချိန်ထိ ကို အရွယ်တင်နုပျိုနေပြီး ယောကျာ်းမိန်းမ မရွေးအားပေးခြင်း ခံနေရတဲ့ရုပ်ရှင်မင်းသားချော နိုင်နိုင်း ကတော့ သူ့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ ရုပ်ရည်ရှိပြီး ဗလတောင့်တောင့်နဲ့နိုင်နိုင်း ကတော့ သားသမီး ၄ ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပြီး အတုယူစရာကောင်းတဲ့ ဖခင် တယောက် အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

နိုင်နိုင်း ကတော့ သ့ူရဲ့ သားသမီးတွေနဲ့ အမြဲတမ်းဆော့ကစားနေတဲ့ ဗီဒီယိုတွေကို တင်လေ့ရှိပြီး ပရိသတ်တွေကလည်း သဘောကျအားပေးကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်နိုင်း ကတော့ သူ့ရဲ့ သားသမီးတွေကို ဘယ်လောက်မြတ်နိုးတန်ဖိုးထားလဲ ဆိုတာကိုတော့ ဗီဒီယိုလေးတခုတင်ပြီး ပြသလိုက်ပြန်ပြီ ဖြစ်ပါတယ်။
နိုင်နိုင်းကတော့ “ကျွန်တော့်ရဲဘော်လေးမျာအမှတ်တရ ကလေးများနှင့်အချိန်ပေးဆော့ကစားခြင်းသည် ကလေးများအတွက ်စိတ်ရော ကိုယ်ပါ ကျန်းမာ စေပါသည်” ဆိုပြီး သူ့ရဲ့ ချစ်ရတဲ့ သားသမီးတွေ ကစားနေတာကို သေချာလည်း မှတ်တမ်းတင်ပြီး အမှတ်တရအနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။နိုင်နိုင်း ကတော့ ယခင်ကတည်းက အရမ်းမိုက်တဲ့ ဇာတ်ကားတွေသာ ပရိသတ်တွေကို ချပြလေ့ရှိပြီး ယခုနောက်ပိုင်းမှာလည်း အက်ရှင်ကားတွေကို အရိုက်များလာတာ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ရင်း တဖက်မှာလည်း သားသမီးတွေအပေါ် တာဝန်ကျေတဲ့ ဖခင်ဖြစ်တာကြောင့် လေးစားစရာကောင်းလှပါတယ်။ Credit-burmese.asia