Latest Posts

ဒီအချက်တွေကို သင်လုပ်မိနေတယ်ဆိုရင် ရုတ်တရက်ကြီးဝိတ်တက်လာလိမ့်မယ်

ကုိယ္ကေတာ့ ဘာမွမလုပ္ပဲ ပုံမွန္ေလးေနတာပဲ။ ဒါေပမယ့္ ရုတ္တရက္ႀကီး ၀ိတ္ေတြတက္လာမယ္၊ ပုံမွန္ထက္ပုိၿပီး ၀ လာေနတယ္ ဆုိရင္ အံ့ၾသမိမွာပဲေလ။ ငါ ဘာမ်ားလုပ္မိလုိ႔ပါလိမ့္ ဆုိၿပီးေတာ့ေပါ့။ တကယ္ေတာ့ ေအာက္မွာပါတဲ့အခ်က္ေတြကုိ သင္ လုပ္မိေနတယ္ဆုိရင္ ရုတ္တရက္ႀကီး ၀ိတ္တက္လာႏုိင္ၿပီး အဲဒါေတြကုိ သတိထားၿပီး ေရွာင္မယ္ဆုိရင္ သင့္ရဲ႕ခႏၶာကုိယ္ေလးက ပုံမွန္အတုိင္း ၾကည့္ေကာင္းေနမွာ ေသခ်ာပါတယ္…။

(၁)။ အခ်ိန္မွန္မစားတာ

အရင္လုိ အစားကုိ အခ်ိန္မွန္မစားပဲ ကုိယ္စားခ်င္တဲ့အခ်ိန္မွ ထၿပီး စားေနတာမ်ိဳးက သင့္ကုိ လြယ္လြယ္ေလးနဲ႔ ၀ိတ္တက္လာေစပါလိမ့္မယ္။ ကုိယ္စားေနၾက အစားအေသာက္ပုံစံကုိ ေသြဖီၿပီး စိတ္ထဲရွိရာ ေလွ်ာက္စားေနတာမ်ိဳးကလည္း သင့္ကုိ ၀ိတ္တက္လာေစမွာ အမွန္ပါပဲ။ ညဖက္ ထမင္းတစ္ခါပဲ စားေနက်ျဖစ္တဲ့သင္က ညေနဖက္တစ္ခါ၊ ၿပီးရင္ ညဖက္တစ္ခါ ထပ္စားတာမ်ိိဳး၊ ဒါတင္မဟုတ္ေသးပဲ အိပ္ခါနီး ဗုိက္ဆာလုိ႔ဆုိၿပီး တစ္ခုခု ထပ္လုပ္စားတာမ်ိဳး၊ စတာေတြေၾကာင့္ ျမန္ျမန္၀ိတ္တက္လာမွာပါ။


(၂)။ စိတ္ဖိစီးမႈေတြမ်ားေနတာ

အလုပ္ေၾကာင့္ပဲျဖစ္ျဖစ္၊ မိသားစု၊ သူငယ္ခ်င္းေတြေၾကာင့္ပဲျဖစ္ျဖစ္ စိတ္ဖိစီးမႈေတြမ်ားေနတာကလည္း သင့္ကုိ ၀ိတ္တက္လာေစမွာပါ။ တခ်ိဳ႕ကေတာ့ စိတ္ဖိစီးမႈမ်ားတဲ့အခါ ၀ိတ္က်သြားတတ္ၾကေပမယ့္ လူတုိင္းေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕ကေတာ့ စိတ္ဖိစီးလာၿပီဆုိရင္ မထင္မွတ္ပဲ အစားေတြနင္းကန္စား၊ ပုံမွန္ဆုိ ကုိယ္မစားဘူးလုိ႔ေတြးထားတာေတြကုိလည္းစားမိ။ ဒီလုိနဲ႔ပဲ စိတ္ဖိစီးမႈမ်ားေလေလ ၀ိတ္တက္လာေလေလျဖစ္ေတာ့တာပါပဲ။


(၃)။ ေရေသာက္နည္းတာ

တစ္ေန႔တာအတြက္ သင့္ရဲ႕ခႏၶာကုိယ္မွာ လုံေလာက္တဲ့ေရဓာတ္ပမာဏကုိ မျဖည့္ေပးႏုိင္ဘူးဆုိရင္လည္း ၀ိတ္တက္လာႏုိင္ပါတယ္။ ေရေသာက္နည္းတဲ့အခါ ခႏၶာကုိယ္ထဲက လုပ္ေဆာင္မႈေတြက ေႏွးေကြးသြားၿပီး အစာစားခ်င္စိတ္ကုိလည္း ပုံမွန္ထက္ျမန္ျမန္ ျဖစ္ေပၚလာေစပါတယ္။ ေရမ်ားမ်ားေသာက္တဲ့အခါ ခႏၶာကုိယ္ထဲက ဆာေလာင္မႈပမာဏကလည္း ေလ်ာ့က်သြားေစၿပီး ေရမေသာက္ဘူးဆုိရင္ေတာ့ သင္မၾကာခဏ ဗုိက္ဆာေနသလို ခံစားရမွာ ေသခ်ာပါတယ္။

(၄)။ ေဆးလိပ္ျဖတ္လုိက္တာ


သင္က ေဆးလိပ္ေသာက္ေနက် လူတစ္ေယာက္ျဖစ္ေပမယ့္ ေဆးလိပ္ကုိ ခ်က္ခ်င္းႀကီး ျဖတ္ပလုိက္တဲ့အခါ ၀ိတ္တက္လာပါလိမ့္မယ္။ ေလ့လာေတြ႕ရွိမႈေတြမွာေတာ့ ေဆးလိပ္ျဖတ္ၿပီးစ လူတစ္ေယာက္ဟာ ပထမလမွာတင္ (၁)ကီလုိဂရမ္ေလာက္ အေလးခ်ိန္တက္လာႏုိင္ၿပီး ေဆးလိပ္ျဖတ္လုိက္တဲ့ ပထမ(၃)လအတြင္းမွာ သိသိသာသာ ၀ိတ္တက္လာလိမ့္မယ္လုိ႔ သိရပါတယ္။Credit-shwemon
Unicode
ကိုယ်ကတော့ ဘာမှမလုပ်ပဲ ပုံမှန်လေးနေတာပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး ဝိတ်တွေတက်လာမယ်၊ ပုံမှန်ထက်ပိုပြီး ၀ လာနေတယ် ဆိုရင် အံ့သြမိမှာပဲလေ။ ငါ ဘာများလုပ်မိလို့ပါလိမ့် ဆိုပြီးတော့ပေါ့။ တကယ်တော့ အောက်မှာပါတဲ့အချက်တွေကို သင် လုပ်မိနေတယ်ဆိုရင် ရုတ်တရက်ကြီး ဝိတ်တက်လာနိုင်ပြီး အဲဒါတွေကို သတိထားပြီး ရှောင်မယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်လေးက ပုံမှန်အတိုင်း ကြည့်ကောင်းနေမှာ သေချာပါတယ်…။
(၁)။ အချိန်မှန်မစားတ
အရင်လို အစားကို အချိန်မှန်မစားပဲ ကိုယ်စားချင်တဲ့အချိန်မှ ထပြီး စားနေတာမျိုးက သင့်ကို လွယ်လွယ်လေးနဲ့ ဝိတ်တက်လာစေပါလိမ့်မယ်။ ကိုယ်စားနေကြ အစားအသောက်ပုံစံကို သွေဖီပြီး စိတ်ထဲရှိရာ လျှောက်စားနေတာမျိုးကလည်း သင့်ကို ဝိတ်တက်လာစေမှာ အမှန်ပါပဲ။ ညဖက် ထမင်းတစ်ခါပဲ စားနေကျဖြစ်တဲ့သင်က ညနေဖက်တစ်ခါ၊ ပြီးရင် ညဖက်တစ်ခါ ထပ်စားတာမျိုး၊ ဒါတင်မဟုတ်သေးပဲ အိပ်ခါနီး ဗိုက်ဆာလို့ဆိုပြီး တစ်ခုခု ထပ်လုပ်စားတာမျိုး၊ စတာတွေကြောင့် မြန်မြန်ဝိတ်တက်လာမှာပါ။
(၂)။ စိတ်ဖိစီးမှုတွေများနေတာ
အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ မိသားစု၊ သူငယ်ချင်းတွေကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေများနေတာကလည်း သင့်ကို ဝိတ်တက်လာစေမှာပါ။ တချို့ကတော့ စိတ်ဖိစီးမှုများတဲ့အခါ ဝိတ်ကျသွားတတ်ကြပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ တချို့ကတော့ စိတ်ဖိစီးလာပြီဆိုရင် မထင်မှတ်ပဲ အစားတွေနင်းကန်စား၊ ပုံမှန်ဆို ကိုယ်မစားဘူးလို့တွေးထားတာတွေကိုလည်းစားမိ။ ဒီလိုနဲ့ပဲ စိတ်ဖိစီးမှုများလေလေ ဝိတ်တက်လာလေလေဖြစ်တော့တာပါပဲ။
(၃)။ ရေသောက်နည်းတာ
တစ်နေ့တာအတွက် သင့်ရဲ့ခန္ဓာကိုယ်မှာ လုံလောက်တဲ့ရေဓာတ်ပမာဏကို မဖြည့်ပေးနိုင်ဘူးဆိုရင်လည်း ဝိတ်တက်လာနိုင်ပါတယ်။ ရေသောက်နည်းတဲ့အခါ ခန္ဓာကိုယ်ထဲက လုပ်ဆောင်မှုတွေက နှေးကွေးသွားပြီး အစာစားချင်စိတ်ကိုလည်း ပုံမှန်ထက်မြန်မြန် ဖြစ်ပေါ်လာစေပါတယ်။ ရေများများသောက်တဲ့အခါ ခန္ဓာကိုယ်ထဲက ဆာလောင်မှုပမာဏကလည်း လျော့ကျသွားစေပြီး ရေမသောက်ဘူးဆိုရင်တော့ သင်မကြာခဏ ဗိုက်ဆာနေသလို ခံစားရမှာ သေချာပါတယ်။
(၄)။ ဆေးလိပ်ဖြတ်လိုက်တာ
သင်က ဆေးလိပ်သောက်နေကျ လူတစ်ယောက်ဖြစ်ပေမယ့် ဆေးလိပ်ကို ချက်ချင်းကြီး ဖြတ်ပလိုက်တဲ့အခါ ဝိတ်တက်လာပါလိမ့်မယ်။ လေ့လာတွေ့ရှိမှုတွေမှာတော့ ဆေးလိပ်ဖြတ်ပြီးစ လူတစ်ယောက်ဟာ ပထမလမှာတင် (၁)ကီလိုဂရမ်လောက် အလေးချိန်တက်လာနိုင်ပြီး ဆေးလိပ်ဖြတ်လိုက်တဲ့ ပထမ(၃)လအတွင်းမှာ သိသိသာသာ ဝိတ်တက်လာလိမ့်မယ်လို့ သိရပါတယ်။Credit-shwemon