အဂေါ်ဆုံး ဖက်ရှင်နဲ့ Franzo ဟောလိုးဝင်းပါတီပွဲမှာ ဖျော်ဖြေဆင်နွှဲခဲ့တဲ့ Snare
Unicode
ဖြိုးလေးနဲ့ နေဝင်း ပါဝင်တဲ့ Snare အဖွဲ့ဟာ အမိုက်စား ဖက်ရှင် အမိုက်စား ဗီဒီယိုတွေနဲ့ ပရိသတ်ကြားမှာရေပန်းစားနေတဲ့ ရက်ပါအဖွဲ့လည်းဖြစ်ပါတယ်။Snare အဖွဲ့ဟာ သံစဉ်အမိုက်စားတွေနဲ့ သီချင်းအမိုက်စားတွေဖန်တီးသီဆိုရင်းပရိသတ်အားပေးမှုများစွာရရှိနေတာလည်းဖြစ်ပါတယ်။
ဖက်ရှင်အမိုက်စားတွေပဲ ဝတ်လေ့ရှိတဲ့ Snare ဟာ အခုအခါမှာလည်း အမေရိကန်စစ်သားပုံစံနဲ့ ဖက်ရှင်ကိုအလန်းဆုံးဝတ်ပြီး ဟောလိုးဝင်းပွဲမှာ သီဆိုဖျော်ဖြေ ဆင်နွှဲခဲ့တဲ့ ပုံရိပ်တွေကို သူတို့ရဲ့ လူမှုကွန်ယက်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။
Snare အဖွဲ့ဝင်ဖြစ်တဲ့ နေဝင်းရော ဖြိုးလေးရောနှစ်ယောက် စလုံးဟာ လက်ရှိမှာ အနုပညာလောကမှာသာမက စီးပွားရေးလောကမှာပါအောင်မြင်နေတဲ့ သူတွေဖြစ်တဲ့အပြင်အချစ်ရေးတွေကပါ ပရိသတ်လေးစားအားကျပြီး စောင့်ကြည့်နေရတဲ့ အချစ်ရေးပိုင်ဆိုင်ထားသူတွေလည်းဖြစ်ပါတယ်။
Snare ဟာ စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်ဖွဲ့စည်းထားတဲ့ Frenzo Artist အဖွဲ့ဝင်တွေလည်းဖြစ်ပြီး Frenzo ဟာလိုဝင်းပါတီပွဲမှာတော့ စိုင်းစိုင်၊ ဘန်နီဖြိုး၊ G Fatt၊ Snare နဲ့အမရာဖုန်းတို့ ပါဝင်ဖျော်ဖြေခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်တို့ရော Snare သီချင်းတွေကိုကြိုက်ကြရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက် မှကျေးဇူးတင်ရှိပါတယ်။Credit-burmese.asia