ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ (၆) ဘာသာဂုဏ်ထူးရှင် ညီမလေးကို ပညာကုသိုလ်လုပ်ပေးတော့မယ့် လင်းလင်းတို့မိသားစုလေး
ဇြန္လ (၁၉) ရက္ေန႔မွာလည္း ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမြးေန႔ကို ဂါဝရျပဳဖုိ႔အတြက္ ေနျပည္ေတာ္ကိုသြားေရာက္ခဲ့တာလည္းျဖစ္ပါတယ္။ ထူးထူးျခားျခားတစ္ခုကိုေျပာရမယ္ဆုိရင္ေတာ့ အေမစုရဲ႕ ေမြးေန႔ေလးမွာပဲ မံုရြာက (၆) ဘာသာဂုဏ္ထူးရွင္ ညီမေလးနဲ႔ေတြ႔ဆံုေဆြးေႏြးခြင့္ရခဲ့တာျဖစ္ပါတယ္။
ဒီညီမေလးရဲ႕ အိပ္မက္ကိုျဖည့္ဆည္းေပးႏိုင္ဖုိ႔အတြက္ လင္းလင္းကို ဇနီးျဖစ္တဲ့ ခ်စ္သုေဝက တုိက္တြန္းခဲ့တယ္လို႔လည္းသိရပါတယ္။ ဒါေၾကာင့္မို႔ ဇနီးျဖစ္တဲ့ ခ်စ္သုေဝကိုလည္း ယခုလိုေလး ေက်းဇူးတင္ ထားပါေသးတယ္။
“ဒီေန႔ ကၽြန္ေတာ္တို႔မိသားစုမွ ပညာကုသိုလ္လုပ္မယ့္ ကိစၥေလးအား အေကာင္အထည္ေဖာ္ျဖစ္ပါတယ္။ မံုရြာမွ ၆ ဘာသာ ဂုဏ္ထူးရွင္ သမီးေလး အိမ့္ကလ်ာခိုင္ ကို သူတက္ခ်င္တဲ့ စက္မႈေက်ာင္းကို တက္ႏိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔မိသားစုမွ ေက်ာင္းပညာစရိတ္အစအဆံုးကို တာဝန္ယူေပးမွာပါ။ ဒီေန႔ သမီးေလးရဲ႕ အေမ, အေဒၚ, ေက်ာင္းဆရာမႀကီးေတြနဲ႔မႏၲေလးမွာ ဆံုျဖစ္ပါတယ္။ သမီးေလးက သူ႔ဆႏၵအတိုင္း ေဆးေက်ာင္းမတက္ဘဲ စက္မႈေက်ာင္းဘဲ တက္ခ်င္တာဆိုေတာ့ သမီးျဖစ္ခ်င္တဲ့အတိုင္း ပညာဒါန လုပ္ေပးမွာပါ။ သူေရြးထားတဲ့ သူေလွ်ာက္ခ်င္တဲ့လမ္းကို ကၽြန္ေတာ္တို႔က ႏိုင္တဲ့ဝန္နဲ႔ ျဖည့္စီးေပးတာပါ။ အေမစုရဲ႕ ေမြးေန႔မွာ အဆက္အသြယ္ရၿပီး စကားေျပာျဖစ္တာဆိုေတာ့ အမွတ္တရျဖစ္သြားတာေပါ့။ သမီးအိမ့္ကလ်ာခိုင္ ျဖစ္ခ်င္တဲ့အတိုင္း ဆႏၵေတြျပည့္ဝၿပီး ႏိုင္ငံေတာ္က အားကိုးရတဲ့, မိဘ ဂုဏ္ယူရတဲ့ စက္မႈေက်ာင္းသူႀကီး ျဖစ္ပါေစ သမီးေရ,,,,”
“ဒီသမီးငယ္နဲ႔ ဆက္သြယ္ရဖို႔ကူညီေပးတဲ့ မံုရြာနယ္ခံ ေရာင္းရင္းေတြကိုလဲ ေက်းဇူးပါ။ဒီေနရာမွာ နည္းနည္းေျပာခ်င္တာက ခ်ိဳ႕တဲ့ၿပီးပညာယူဖို႔အခက္အခဲ ရွိေနတဲ့ ကေလးေတြကို ဇြတ္ဆက္သြယ္ခိုင္း, ေမးခိုင္း , ကူညီဖို႔ျပင္ဆင္ခိုင္းတဲ့ ပညာနဲ႔ပတ္သတ္ရင္ ေလာဘႀကီးေသာ ကၽြန္ေတာ့္မိန္းမ ထရီဇာကိုေက်းဇူးတင္ပါတယ္။ ငါတို႔ႏိုင္သေလာက္လုပ္ၾကတာေပါ့။ ကၽြန္ေတာ္တို႔ႏိုင္သေလာက္နဲ႔ ပညာဒါန လုပ္ဖို႔ ထပ္ၿပီးဆက္သြယ္ေနတဲ့ ကေလးငယ္ေတြလဲရွိပါေသးတယ္။ ေသခ်ာမွထပ္ေျပာပါမယ္။ကဲ ဒီေတာ့ မိန္းမေရ,,,ညည္းက သာဓု ေခၚက်ဳပ္က အာမင္ ေခၚမယ္ ညည္းထပ္ပိုေခ်ာၿပီး သမီးတူအေဖ က်ဳပ္ love u hon :))” ပါတဲ့ ဘယ္လိုေတြေတာင္ သဒၵါတရားထက္သန္ျပီး ကူညီခ်င္စိတ္အျပည့္ရွိတဲ့ မိသားစုေလးလည္းဆိုတာ သူတုိ႔ရဲ႕လုပ္ရပ္ေတြကိုၾကည့္ျပီး သိရွိႏိုင္ပါတယ္ေနာ္။
လင္းလင္း၊ ခ်စ္သုေဝနဲ႔ ေခတ္၊သစ္တို႔ မိသားစုေလး ဒီထက္ပိုျပီး သာယာေပ်ာ္ရႊင္ႏုိင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။Credit-aungparsay
Unicode
အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးဟာ ချို့တဲ့ပြီးလိုအပ်လျက်ရှိနေတဲ့ နေရာတွေမှာ အစွမ်းကုန်ကူညီပါဝင်အားဖြည့်ပေးတတ်တာကို ပရိသတ်ကြီးက သိကြမှာပါနော်။ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ သမီးလေး နှစ်ယောက်နာမည်နဲ့ ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ထားပြီးတော့ ကျန်းမာရေးမှာလိုအပ်နေတဲ့ ကလေးငယ်လေးတွေကို အကူညီပေးလျက်လည်းရှိပါတယ်။
ဇွန်လ (၁၉) ရက်နေ့မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂါဝရပြုဖို့အတွက် နေပြည်တော်ကိုသွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ထူးထူးခြားခြားတစ်ခုကိုပြောရမယ်ဆိုရင်တော့ အမေစုရဲ့ မွေးနေ့လေးမှာပဲ မုံရွာက (၆) ဘာသာဂုဏ်ထူးရှင် ညီမလေးနဲ့တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒီညီမလေးရဲ့ အိပ်မက်ကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် လင်းလင်းကို ဇနီးဖြစ်တဲ့ ချစ်သုဝေက တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။ ဒါကြောင့်မို့ ဇနီးဖြစ်တဲ့ ချစ်သုဝေကိုလည်း ယခုလိုလေး ကျေးဇူးတင် ထားပါသေးတယ်။“ဒီနေ့ ကျွန်တော်တို့မိသားစုမှ ပညာကုသိုလ်လုပ်မယ့် ကိစ္စလေးအား အကောင်အထည်ဖော်ဖြစ်ပါတယ်။ မုံရွာမှ ၆ ဘာသာ ဂုဏ်ထူးရှင် သမီးလေး အိမ့်ကလျာခိုင် ကို သူတက်ချင်တဲ့ စက်မှုကျောင်းကို တက်နိုင်ဖို့အတွက် ကျွန်တော်တို့မိသားစုမှ ကျောင်းပညာစရိတ်အစအဆုံးကို တာဝန်ယူပေးမှာပါ။ ဒီနေ့ သမီးလေးရဲ့ အမေ, အဒေါ်, ကျောင်းဆရာမကြီးတွေနဲ့မန္တလေးမှာ ဆုံဖြစ်ပါတယ်။ သမီးလေးက သူ့ဆန္ဒအတိုင်း ဆေးကျောင်းမတက်ဘဲ စက်မှုကျောင်းဘဲ တက်ချင်တာဆိုတော့ သမီးဖြစ်ချင်တဲ့အတိုင်း ပညာဒါန လုပ်ပေးမှာပါ။ သူရွေးထားတဲ့ သူလျှောက်ချင်တဲ့လမ်းကို ကျွန်တော်တို့က နိုင်တဲ့ဝန်နဲ့ ဖြည့်စီးပေးတာပါ။ အမေစုရဲ့ မွေးနေ့မှာ အဆက်အသွယ်ရပြီး စကားပြောဖြစ်တာဆိုတော့ အမှတ်တရဖြစ်သွားတာပေါ့။ သမီးအိမ့်ကလျာခိုင် ဖြစ်ချင်တဲ့အတိုင်း ဆန္ဒတွေပြည့်ဝပြီး နိုင်ငံတော်က အားကိုးရတဲ့, မိဘ ဂုဏ်ယူရတဲ့ စက်မှုကျောင်းသူကြီး ဖြစ်ပါစေ သမီးရေ,,,,”
“ဒီသမီးငယ်နဲ့ ဆက်သွယ်ရဖို့ကူညီပေးတဲ့ မုံရွာနယ်ခံ ရောင်းရင်းတွေကိုလဲ ကျေးဇူးပါ။ဒီနေရာမှာ နည်းနည်းပြောချင်တာက ချို့တဲ့ပြီးပညာယူဖို့အခက်အခဲ ရှိနေတဲ့ ကလေးတွေကို ဇွတ်ဆက်သွယ်ခိုင်း, မေးခိုင်း , ကူညီဖို့ပြင်ဆင်ခိုင်းတဲ့ ပညာနဲ့ပတ်သတ်ရင် လောဘကြီးသော ကျွန်တော့်မိန်းမ ထရီဇာကိုကျေးဇူးတင်ပါတယ်။ ငါတို့နိုင်သလောက်လုပ်ကြတာပေါ့။ ကျွန်တော်တို့နိုင်သလောက်နဲ့ ပညာဒါန လုပ်ဖို့ ထပ်ပြီးဆက်သွယ်နေတဲ့ ကလေးငယ်တွေလဲရှိပါသေးတယ်။ သေချာမှထပ်ပြောပါမယ်။ကဲ ဒီတော့ မိန်းမရေ,,,ညည်းက သာဓု ခေါ်ကျုပ်က အာမင် ခေါ်မယ် ညည်းထပ်ပိုချောပြီး သမီးတူအဖေ ကျုပ် love u hon :))” ပါတဲ့ ဘယ်လိုတွေတောင် သဒ္ဒါတရားထက်သန်ပြီး ကူညီချင်စိတ်အပြည့်ရှိတဲ့ မိသားစုလေးလည်းဆိုတာ သူတို့ရဲ့လုပ်ရပ်တွေကိုကြည့်ပြီး သိရှိနိုင်ပါတယ်နော်။
လင်းလင်း၊ ချစ်သုဝေနဲ့ ခေတ်၊သစ်တို့ မိသားစုလေး ဒီထက်ပိုပြီး သာယာပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။Credit-aungparsay