Latest Posts
အသက်(၆၀)ပြည့်မွေးနေ့ကို နာရေးကူညီမှုအသင်းသားတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ကျော်သူ
Unicode
ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးကျော်သူက အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ထားတဲ့ ဂါရင့်၊ သမ္ဘာရင့် သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ဦး ဖြစ်ပါတယ်။ ဦးကျော်သူက အသက်အရွယ်တစ်ခု ရောက်ရှိလာပြီးတဲ့နောက်မှာတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ဦးစီးတည်ထောင်ထားပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေက ပရဟိတမင်းသားကြီးလို့ တင်စားရတဲ့ ကျော်သူက လက်ရှိမှာ သူဝါသနာပါမြတ်နိုးတဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေပြီး ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၂) ရက်နေ့ကတော့ ပရဟိတမင်းသားကြီး ကျော်သူရဲ့ အသက် (၆၀) ပြည့် မွေးနေ့မင်္ဂလာလေးပဲ ဖြစ်ပါတယ်။ ကျော်သူက သူ့ရဲ့ မွေးနေ့လေးကို နာရေးကူညီမှုအသင်းသားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ(၂) ရက်နေ့ နံနက် (၁၀) နာရီက နာရေးကူညီမှုအသင်းသားတွေကို ဦးကျော်သူမှ နန်းကြီးသုပ်၊ မြီးရှည်တို့နဲ့ ကျွေးမွေးဧည့်ခံခဲ့တယ်လို့ သိရပါတယ်။
မွေးနေ့လေးမှာ ချစ်ရတဲ့ဇနီး ဒေါ်ရွှေဇီးကွက်နဲ့ ပြုံးပျော်နေတဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ၊ အကယ်ဒမီမင်းသားကြီး ဦးကျော်သူဦးကျော်သူကတော့ အသက်(၆၀) ပြည့်သွားတာတောင် လန်းဆန်းတက်ကြွနေတာပဲနော်။ ပရဟိတမင်းသားကြီး ဦးကျော်သူတစ်ယောက် နောက်နှစ်ပေါင်းများစွာတိုင် အနုပညာအလုပ်၊ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နိုင်ပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။Credit-aungparsay