ရဲစခန္း ေခၚတာ မလိုက္ခ်င္လို႔ အက်ႌေတြကို ခၽြတ္ခ်ပစ္ခဲ့တဲ့ အိႏၵိယေမာ္ဒယ္
ရွာမာဟာ သူမကို စခန္းလိုက္ခဲ့ဖို႔ အတင္းေခၚေနခဲ့ၾကရာ ႐ိုး႐ိုးျငင္းဆန္တာ မရခဲ့တဲ့အတြက္ အေပၚဝတ္ အက်ႌေတြအကုန္ ခၽြတ္ခ်ခဲ့ပါေတာ့တယ္။ “လံုၿခံဳေရး ဝန္ထမ္းကလည္း ကၽြန္မကို မသင့္ေတာ္စြာ ျပဳမူခဲ့ပါတယ္။ ရဲေတြကလည္း သူတို႔နဲ႔ စခန္းကို လိုက္ခဲ့ဖို႔ ဝိုင္းေႏွာင့္ယွက္ဆြဲေခၚခဲ့ၾကတာေၾကာင့္ ကၽြန္မ အဝတ္ေတြ ခၽြတ္ခ်ပစ္ခဲ့တာပါ။ ရဲေမေတြလည္း မပါခဲ့ပါဘူး။ စခန္းလုိက္ခဲ့ဖို႔ အတင္းအက်ပ္ ကၽြန္မကို ေစခိုင္းခဲ့တာ။ အဲဒီ့ရဲေတြကို ကၽြန္မ အေရးယူေစခ်င္ပါတယ္” လို႔ ရွာမာက ေျပာခဲ့ပါတယ္။
အိႏၵိယဥပေဒေတြအရ အမ်ိဳးသမီးမ်ားဟာ ရဲစခန္းကို လူကိုယ္တုိင္ သြားေရာက္စရာမလိုပါဘူး။ အစစ္ေဆးခံစရာရိွရင္ အမ်ိဳးသမီးရဲ႕ အိမ္ကို သြားေရာက္ၿပီး မိသားစုဝင္ေတြ ေရွ႕မွာသာ စစ္ေမးႏုိင္တာပါ။ ေမာ္ဒယ္မေလးနဲ႔ ရဲေတြ ႐ုန္းရင္းဆန္ခတ္ျဖစ္တာကေတာ့ ၿပီးခဲ့တဲ့ ေအာက္တုိဘာ ၂၅ ရက္ေန႔က ျဖစ္ပါတယ္။ ရဲေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ ရွာမာဟာ သူမ ေနထုိင္တဲ့ တုိက္က လံုၿခံဳေရး အေစာင့္က သူမအေပၚ ေစာ္ကားစြာ ျပဳမူတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သူမက အာရြန္လို႔ ေခၚတဲ့ ထုိအေစာင့္ကို ရဲတုိင္ခဲ့တာပါ။
စီစီတီဗီမွတ္တမ္းမွာ ေတြ႔ရတာကေတာ့ ရွာမာဟာ အေစာင့္ အာရြန္ကို ႐ိုက္ႏွက္ေနခဲ့ၿပီး ထုိ႔ေနာက္ ရဲေတြကို ေခၚခဲ့တာပါ။ ရဲေတြေရာက္လာခဲ့ၿပီး သူမကို ဓာတ္ေလွကားေရွ႕မွာ ပိတ္ထားကာ စခန္းလိုက္ခဲ့ဖို႔ ေခၚခ်ိန္မွာေတာ့ သူမဟာ လိုက္ဖို႔ ျငင္းဆန္ေနခဲ့ၿပီး ေနာက္မွ လိုက္မယ္လို႔ ေျပာေနခဲ့တာကို ဗီဒီယုိမွာ ေတြ႔ရပါတယ္။ အေစာင့္ အာရြန္ရဲ႕ ေျပာျပခ်က္အရေတာ့ ေမာ္ဒယ္မေလးက သူ႔ကို ရဲတုိင္ရတဲ့ အေၾကာင္းက သူမ ေဆးလိပ္ယူခိုင္းတာကို မယူေပးလို႔လို႔ဆိုကာ ျပႆနာစျဖစ္ခဲ့ရာမွ ျဖစ္ေၾကာင္း သိရပါေသးတယ္။ ေမာ္ဒယ္ဟာ အေစာင့္ကို ရဲတုိင္ခဲ့ေပမယ့္ အမႈဖြင့္မလားဆိုေတာ့လည္း မဖြင့္ဘဲ စခန္းကိုလည္း လိုက္ဖို႔ ျငင္းဆန္ေနခဲ့တာျဖစ္ပါတယ္။Credit-ungprsay
Unicode
မီဂါရှာမာဆိုတဲ့ ၂၇ နှစ်အရွယ် အိန္ဒိယမော်ဒယ်တစ်ဦးဟာ အမှုငယ်တစ်ခုကို ရဲတိုင်ခဲ့ရာမှ ရဲတွေက သူမကိုပါ ရဲစခန်းသို့ လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ရဲတွေနဲ့ လိုက်ပါမပူးပေါင်းလိုသူ သူမဟာ ကလန်ကဆန်တွေ လုပ်ခဲ့လို့ သတင်းကြီးသွားခဲ့ပါတယ်။ မကြာသေးခင် ရက်ပိုင်းက မွန်ဘိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ပါ။
ရှာမာဟာ သူမကို စခန်းလိုက်ခဲ့ဖို့ အတင်းခေါ်နေခဲ့ကြရာ ရိုးရိုးငြင်းဆန်တာ မရခဲ့တဲ့အတွက် အပေါ်ဝတ် အင်္ကျီတွေအကုန် ချွတ်ချခဲ့ပါတော့တယ်။ “လုံခြုံရေး ဝန်ထမ်းကလည်း ကျွန်မကို မသင့်တော်စွာ ပြုမူခဲ့ပါတယ်။ ရဲတွေကလည်း သူတို့နဲ့ စခန်းကို လိုက်ခဲ့ဖို့ ဝိုင်းနှောင့်ယှက်ဆွဲခေါ်ခဲ့ကြတာကြောင့် ကျွန်မ အဝတ်တွေ ချွတ်ချပစ်ခဲ့တာပါ။ ရဲမေတွေလည်း မပါခဲ့ပါဘူး။ စခန်းလိုက်ခဲ့ဖို့ အတင်းအကျပ် ကျွန်မကို စေခိုင်းခဲ့တာ။ အဲဒီ့ရဲတွေကို ကျွန်မ အရေးယူစေချင်ပါတယ်” လို့ ရှာမာက ပြောခဲ့ပါတယ်။
အိန္ဒိယဥပဒေတွေအရ အမျိုးသမီးများဟာ ရဲစခန်းကို လူကိုယ်တိုင် သွားရောက်စရာမလိုပါဘူး။ အစစ်ဆေးခံစရာရှိရင် အမျိုးသမီးရဲ့ အိမ်ကို သွားရောက်ပြီး မိသားစုဝင်တွေ ရှေ့မှာသာ စစ်မေးနိုင်တာပါ။ မော်ဒယ်မလေးနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်တာကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ဖြစ်ပါတယ်။ ရဲတွေရဲ့ ပြောကြားချက်အရတော့ ရှာမာဟာ သူမ နေထိုင်တဲ့ တိုက်က လုံခြုံရေး အစောင့်က သူမအပေါ် စော်ကားစွာ ပြုမူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမက အာရွန်လို့ ခေါ်တဲ့ ထိုအစောင့်ကို ရဲတိုင်ခဲ့တာပါ။
စီစီတီဗီမှတ်တမ်းမှာ တွေ့ရတာကတော့ ရှာမာဟာ အစောင့် အာရွန်ကို ရိုက်နှက်နေခဲ့ပြီး ထို့နောက် ရဲတွေကို ခေါ်ခဲ့တာပါ။ ရဲတွေရောက်လာခဲ့ပြီး သူမကို ဓာတ်လှေကားရှေ့မှာ ပိတ်ထားကာ စခန်းလိုက်ခဲ့ဖို့ ခေါ်ချိန်မှာတော့ သူမဟာ လိုက်ဖို့ ငြင်းဆန်နေခဲ့ပြီး နောက်မှ လိုက်မယ်လို့ ပြောနေခဲ့တာကို ဗီဒီယိုမှာ တွေ့ရပါတယ်။ အစောင့် အာရွန်ရဲ့ ပြောပြချက်အရတော့ မော်ဒယ်မလေးက သူ့ကို ရဲတိုင်ရတဲ့ အကြောင်းက သူမ ဆေးလိပ်ယူခိုင်းတာကို မယူပေးလို့လို့ဆိုကာ ပြဿနာစဖြစ်ခဲ့ရာမှ ဖြစ်ကြောင်း သိရပါသေးတယ်။ မော်ဒယ်ဟာ အစောင့်ကို ရဲတိုင်ခဲ့ပေမယ့် အမှုဖွင့်မလားဆိုတော့လည်း မဖွင့်ဘဲ စခန်းကိုလည်း လိုက်ဖို့ ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။Credit-ungprsay