ဖုန်းပျောက်တာကို လူမှားပြီး ကလေးကိုစွတ်ဆွဲ အုပ်ချုပ်ရေးမှုးရုံးမှာ ရိုက်နှက်ထားတယ်တဲ့ဗျာ
Unicode
ကျွန်တော် ဦးထွန်းလွင်၏ မြေး ၁ ဦး နှင့် အမည်မသိကလေး ၂ ဦးအား 27.10.2019 ရက်နေ့ ညတွင် ဖုန်းပျောက်သည့်ကိစ္စနှင့်ပတ်သက်၍ အမှတ်(၅)ရပ်ကွက် | အုပ်ချုပိရးမှုးရုံးမှ တာဝန်ရှိသူတစ်ဦးမှ လာရောက်ခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့် အမှတ်(၅)ရပ်ကွက်|အုပ်ချုပ်ရေးမှုးရုံးသို့သွားရောက်ရာ
ကလေးများအား အုပ်ချုပ်ရေးမှုးရုံးအတွင်းတွင် လူမဆန်စွာ စစ်ဆေးရိုက်နက်ထားသည်ကိုတွေ့ရသဖြင့် ကျွန်တော် ဦးထွန်းလွင်မှ မကျေနပ်၍ ပခုက္ကူ ရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့ပါသည်။ကလေးများနှင့်ပတ်သက်၍ ဥပဒေ နားလည်သူ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ လာရောက်ဝန်းရံကူညီပေးပါရန် ကျွန်တော် ဦးထွန်းလွင်မှ အကူညီတောင်းခံအပ်ပါသည်။
ဦးထွန်းလွင်(09425535115)အမှတ်(၅)ရပ်ကွက်|ခကွင်း ၄ လမ်း|ပခုက္ကူမြို့