Latest Posts
သူနဲ့ရုပ်ချင်းဆင်ရုံနဲ့ ထီပေါက်သလိုခံစားရမယ့်အခွင့်အရေးကိုပေးလိုက်တဲ့ ကျော်သူ
Unicode
ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသား ကျော်သူက အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီးတဲ့နောက် ကျော်သူက ရန်ကုန် နာရေးကူညီမှုအသင်းကို တည်ထောင်ထားပြီး လူမှုကူညီရေး ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရဟိတမင်းသားကြီး ကျော်သူက လက်ရှိအချိန်ထိလည်း ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ရင်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ မင်းသားကြီးကျော်သူကတော့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။
ဦးကျော်သူကတော့ သူနဲ့ရုပ်ဆင်တဲ့ အမျိုးသားငယ်ကိုရှာဖွေနေတာ ဖြစ်ပါတယ်။အဲ့ဒီလူကလည်း ထီပေါက်သကဲ့သလို့အခွင့်အရေးရသလိုခံစားရမဲ့ အကြောင်းကို ” ကျော်သူ ဒီအရွယ်( ၂၅/၃၀ ဝန်းကျင်) နဲ့တူတဲ့ လူငယ်များ ရှိပါသလားခင်ဗျ။ ထီပေါက် သကဲ့သို့ ခံစားရပါမည်။
FB ပေါ်က အမြန်ဆက်သွယ်ပါ ခင်ဗျ။ လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ ခင်ဗျာ” လို့ လွန်ခဲ့တဲ့နာရီပိုင်းကပဲတင်ထားတာဖြစ်ပါတယ်။ဒီလိုတင်ထားတဲ့ပိုစ့်နဲ့ပတ်သက်ပြီးပရိသတ်တွေတွေကအမျိုးမျိုးထင်နေကြတာဖြစ်ပါတယ်။
ဦးကျော်သူကတော့ ဒီလိုခေါ်တာဟာ သရုပ်ဆောင်လိုအပ်လို့ခေါ်တာဆိုတဲ့အကြောင်းကိုလည်း comment မှာ ပြောထားပါသေးတယ်။ဒီလိုမျိုးအရင်တစ်ချိန် အလွန်အောင်မြင်ကျော်ကြားခဲ့တဲ့ ဦးကျော်သူအသက်(၂၅/၃၀) အရွယ်လောက်ကရုပ်ရည်မျိုးရှိတဲ့ အမျိုးသားကို ဘယ်လိုဇာတ်လမ်းမျိုးမှာထည့်သွင်းမလဲ? ဦးကျော်သူရဲ့အတ္ထုပ္ပတိကိုများပြန်လည်ရိုက်ကူးလေမလား? ဆိုတာကတော့စိတ်ဝင်စားစရာပါပဲနော်…။Credit-aungparsay