Latest Posts

“ရှည်လျား ထူထဲတဲ့ မျက်တောင်မွှေးတွေကို တစ်လအတွင်း ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်း (၅) မျိုး”

မျက်လုံးဟာ လူတစ်ယောက်ရဲ့ မျက်နှာ အစိတ်အပိုင်းထဲမှာ အရေးကြီးဆုံးဖြစ်သလို မျက်လုံး လှတဲ့သူတွေဟာ သူများတွေထက် တစ်ပန်းသာနေပြီးသား ဖြစ်ပါတယ်။

ရှည်လျားကော့ညွတ်တဲ့ မျက်တောင်ထူထူကို ပိုင်ဆိုင်ချင်တာ မိန်းကလေးတိုင်းလိုလိုရဲ့ ဆန္ဒဖြစ်ပါတယ်။

ခုဖော်ပြပေးမှာကတော့ ရှည်လျားကော့ညွတ်တဲ့ မျက်တောင်မွှေးထူထူတွေကို ရရှိစေမယ့် အိမ်တွင်းနည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

ပုံမှန်လေး ပြုလုပ်ပေးသွားရင် တစ်လအတွင်း သိသာထင်ရှားတဲ့ ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။

(၁) ကြက်ဆူဆီ

ဒီနည်းလမ်းလေးကို အသုံးပြုဖို့ မျက်တောင်ကော့တံ (မျက်တောင်ကော့ဆေးမှာ ပါတဲ့ အတံ) လေးတစ်ခုရှိရင် ပိုကောင်းပါတယ်။

ကြက်ဆူဆီကို မျက်တောင်ကော့တံလေးနဲ့ တို့ပြီး မျက်တောင်မွှေးလေးတွေကို လိမ်းပေးလိုက်ရုံပါပဲ။ မျက်လုံးထဲ မဝင်အောင် အထူးသတိပြုပါ။

(၂) ဗက်ဆီလင်း

ညအိပ်ရာ မဝင်ခင်တိုင်း ဗက်ဆီလင်းကို မျက်တောင်မွှေးလေးတွေမှာ လိမ်းပြီး အိပ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းလေးကို ညတိုင်း ပြုလုပ်ပေးရပါမယ်။

(၃) လက်ဖက်စိမ်း
လက်ဖက်စိမ်း လက်ဖက်ရည်ထုပ်လေးကို ရေနွေးထဲစိမ်ကာ အဲ့ဒီ့အရည်လေးကို အအေးခံပေးပါ။ ရလာတဲ့ လက်ဖက်စိမ်းရည်လေးကို မျက်တောင်မွှေးလေးတွေကို လိမ်းပေးလိုက်ရုံပါပဲ။ တစ်နေ့ သုံးလေးကြိမ် ပုံမှန်လေး ပြုလုပ်ပေးရပါမယ်။

(၄) ဗီတာမင်အီး
ဗီတာမင်အီး ဆေးတောင့်လေးကို ဖောက်ပြီး အထဲက အရည်လေးကို မျက်တောင်မွှေးလေးတွေကို လိမ်းပေးလိုက်ပါ။ ညအိပ်ရာမဝင်ခင်တိုင်း ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် ရှည်လျားကော့ညွတ်တဲ့ မျက်တောင်မွှေးလေးကို ရရှိမှာဖြစ်ပါတယ်။

(၅) သံလွင်ဆီနဲ့ ကြက်ဆူဆီအရော

သံလွင်ဆီနဲ့ ကြက်ဆူဆီကို ဆတူရောစပ်လိုက်ပြီး ရလာတဲ့အဆီကို ညအိပ်ရာမဝင်ခင်တိုင်း မျက်တောင်မွှေးလေးတွေကို ပုံမှန် လိမ်းပေးခြင်းဖြင့် ရှည်လျား ကော့ညွတ်တဲ့ မျက်တောင်လေးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ကြက်ဆူဆီကို ပရဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။credit – shwemom
Unicode