ကြည့်ရှုသူ (၅) သန်းကျော်သွားတဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားရဲ့ Trailer
ဇာတ္လမ္းထဲမွာ သိပ္ျပီး ဥာဏ္ရည္မျမင့္ရွာတဲ့ တစ္ဦးတည္းေသာညီေလးဖိုးရႈပ္ကုိ အရိပ္တၾကည့္ၾကည့္နဲ႔ခ်စ္ျပီး ဂရုစိ္ုိက္ေစာင့္ေရွာက္တဲ့ ခင္လိႈင္ရဲ႕ သံေယာဇဥ္ၾကီးမားပံုနဲ႔ေမတၱာတရားကို ျမင္ရမွာျဖစ္သလို ဘာမွသိပ္မသိေပမယ့္ အိေခ်ာပုိကုိခ်စ္တဲ့အခ်စ္ေၾကာင့္ခံစားရရွာတဲ့ ဖိုးရႈပ္ရဲ႕အျဖစ္ကို မ်က္ရည္ဝဲစရာျမင္ေတြ႕ခံစားရမွာပါ။ အိေခ်ာပုိက အေဝးၾကီးကုိထြက္သြားေတာ့မယ့္အခ်ိန္ “ငါ့ကုိသတိရတဲ့အခ်ိိန္တိုင္း ငါေပးထားတဲ့ ခ်ိဳးရုပ္ေလးနဲ႔ ခ်ဳိးကူသံေလးေပးလိုက္ေပါ့ဟာ”လို႔ မ်က္ရည္ေတြဝဲျပီး တုန္ရီလႈပ္ခတ္ေနတဲ့ အသံနဲ႔ ေျပာတဲ့ ျမင့္ျမတ္ရဲ႕ သရုပ္ေဆာင္မႈဟာလည္း Trailer ကိုၾကည့္ျပီး ရုပ္ရွင္ကုိေသခ်ာေပါက္သြားၾကည့္ခ်င္စိတ္ျဖစ္ေအာင္ ဆြဲေဆာင္ေနတယ္လို႔ဆိုရမွာပါ။
ခ်ိဳးရုပ္ ရုပ္ရွင္ဇာတ္ကားၾကီး Trailer ဟာ Facebook မွာတင္ထားျပီးသိပ္မၾကာခင္ရက္ပုိုင္းမွာပဲ ၾကည့္ရႈသူေပါင္း ငါးသန္းေက်ာ္သြားသလုိ comment ေပးသူေတြေဝေဝဆာဆာနဲ႔ ျပန္လည္မွ်ေဝသူေတြလည္း ခုနစ္ေသာင္းေက်ာ္သြားခဲ့တာမို႔ ရံုမတင္ရေသးခင္မွာတင္ ပရိသတ္အားေပးမႈမ်ားစြာရရွိေနတဲ့ ဇာတ္ကားၾကီးလို႔ဆိုနုိင္ပါတယ္။ ခ်ိဳးရုပ္ဇာတ္ကားၾကီးကုိ လာမယ့္ ၾကာသာပေတးေန႔ (17.10.2019) မွာ ရံုတင္ျပသသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပရိသတ္ေတြၾကားမွာ လူၾကိဳက္မ်ားေရပန္းစားေနတဲ့ ခ်ိဳးရုပ္ ရုပ္ရွင္ဇာတ္ကားၾကီး Trailer ကုိ ၾကည့္ျပီးသြားျပီလား။ ခ်ိဳးရုပ္ဇာတ္ကားၾကီးရံုတင္ရင္ေရာသြားေရာက္ၾကည့္ရႈဖို႔အသင့္ပဲလား။Credit-original
Unicode
အခုတလောမှာ မြန်မာ့ရုပ်ရှင်လောကမှာ ပရိသတ်အကြိုက်ဟာသကားတွေကလည်း လက်မလည်အောင်ထွက်နေပြီး ကားတော်တော်များများကလည်း ပရိသတ်အားပေးမှုတွေရကြပါတယ်။ ဒါပေမယ့် ရုံမတင်ရသေးပဲနဲ့ Trailer နဲ့တင်ပရိသတ်စိတ်ဝင်စားမှုရပြီး ဝန်းရံခြင်းခံရတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ဖို့ကတော့ သိပ်မလွယ်လှဘူးလို့ဆိုရမှာပါ။ လက်ရှိအချိန်မှာ ရုံမတင်ရသေးပဲနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဇာတ်ကားတွေထဲမှာ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးကလည်း တစ်ကားအပါအဝင်ပါ။ ချိုးရုပ် ဇာတ်ကားကြီးဟာ ပရိသတ်တွေနှစ်သက်တဲ့ ဟာသ-ဒရာမာ ဇာတ်ကားပုံစံမျိုးပဲဖြစ်ပြီး ပရိသတ်ကြိုက်တဲ့ သရုပ်ဆောင်တွေတော်တော်များများလည်းပါဝင်ပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မယ့် ချိုးရုပ်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသားအဖြစ်ပရိသတ်ချစ်တဲ့ မြင့်မြတ်နဲ့ မင်းသမီးအဖြစ်အိချောပိုတို့ပါဝင်ထားပြီး ဉာဏ်ရည်နိမ့်ပါးပေမယ့် အရမ်းကိုချစ်တတ်ပြီးအချစ်ကိုကိုးကွယ်တဲ့ ဖိုးရှုပ်အဖြစ် မြင့်မြတ်က ပီပြင်စွာသရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဖိုးရှုပ်ရဲ့ အစ်ကိုအဖြစ် ခင်လှိုင်နဲ့ ဆိုးတူကောင်းဖက်သူငယ်ချင်းအပေါင်းအသင်းတွေအဖြစ် ဂျိုကာအပြင် အခြားသော ဇာတ်ပို့သရုပ်ဆောင်တွေလည်းများစွာ ဝင်ရောက်အားဖြည့် သရုပ်ဆောင်ထားပါသေးတယ်။
ဇာတ်လမ်းထဲမှာ သိပ်ပြီး ဉာဏ်ရည်မမြင့်ရှာတဲ့ တစ်ဦးတည်းသောညီလေးဖိုးရှုပ်ကို အရိပ်တကြည့်ကြည့်နဲ့ချစ်ပြီး ဂရုစိုက်စောင့်ရှောက်တဲ့ ခင်လှိုင်ရဲ့ သံယောဇဉ်ကြီးမားပုံနဲ့မေတ္တာတရားကို မြင်ရမှာဖြစ်သလို ဘာမှသိပ်မသိပေမယ့် အိချောပိုကိုချစ်တဲ့အချစ်ကြောင့်ခံစားရရှာတဲ့ ဖိုးရှုပ်ရဲ့အဖြစ်ကို မျက်ရည်ဝဲစရာမြင်တွေ့ခံစားရမှာပါ။ အိချောပိုက အဝေးကြီးကိုထွက်သွားတော့မယ့်အချိန် “ငါ့ကိုသတိရတဲ့အချိန်တိုင်း ငါပေးထားတဲ့ ချိုးရုပ်လေးနဲ့ ချိုးကူသံလေးပေးလိုက်ပေါ့ဟာ”လို့ မျက်ရည်တွေဝဲပြီး တုန်ရီလှုပ်ခတ်နေတဲ့ အသံနဲ့ ပြောတဲ့ မြင့်မြတ်ရဲ့ သရုပ်ဆောင်မှုဟာလည်း Trailer ကိုကြည့်ပြီး ရုပ်ရှင်ကိုသေချာပေါက်သွားကြည့်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နေတယ်လို့ဆိုရမှာပါ။
ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး Trailer ဟာ Facebook မှာတင်ထားပြီးသိပ်မကြာခင်ရက်ပိုင်းမှာပဲ ကြည့်ရှုသူပေါင်း ငါးသန်းကျော်သွားသလို comment ပေးသူတွေဝေဝေဆာဆာနဲ့ ပြန်လည်မျှဝေသူတွေလည်း ခုနစ်သောင်းကျော်သွားခဲ့တာမို့ ရုံမတင်ရသေးခင်မှာတင် ပရိသတ်အားပေးမှုများစွာရရှိနေတဲ့ ဇာတ်ကားကြီးလို့ဆိုနိုင်ပါတယ်။ ချိုးရုပ်ဇာတ်ကားကြီးကို လာမယ့် ကြာသာပတေးနေ့ (17.10.2019) မှာ ရုံတင်ပြသသွားမှာဖြစ်ကြောင်းသိရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပရိသတ်တွေကြားမှာ လူကြိုက်များရေပန်းစားနေတဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး Trailer ကို ကြည့်ပြီးသွားပြီလား။ ချိုးရုပ်ဇာတ်ကားကြီးရုံတင်ရင်ရောသွားရောက်ကြည့်ရှုဖို့အသင့်ပဲလား။Credit-original