ဂယ်ပဲ ဂယ်ပဲ သီချင်းကို အမိုက်စားဗားရှင်းနဲ့ ပြန်တင်ပေးလိုက်တဲ့ နီနီခင်ဇော်
Unicode
အဆိုပြိင်ပွဲတစ်ခုကနေ ဂီတလမ်းပေါ်ကို စတင်လျှောက်လှမ်းခဲ့ပေမယ့် အခုချိန်မီာတော့ ကိုယ်ပိုင်သီချင်းပေါင်းများစွာကို ရေးစပ်သီဆိုထားပြီး ကိုယ်တိုင်လည်း အဆိုင်ပြိင်ပွဲ အချို့ရဲ့ Judge တစ်ယောက်အနေနဲ့ ပြန်လုပ်နေတဲ့ နီနီခင်ဇော် ကိုအားလုံးမှတ်မိကြမယ် ထင်ပါတယ် ။ အသံပါဝါကောင်းကာင်းနဲ့ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို နားထောင်သူတွေရင်ထဲ စီးဆင်းဝင်ရောက်သွားအောင် သီဆိုနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ် ။ Super Red လို့တင်စားဆခါ်ဝေါ်ကြတဲ့ နီနီခင်ဇော်ကတော့ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော်တွေထဲက တစ်ယောက်ဖြစ်ပါတယ်သူရဲ့သီချင်းပေါင်းများစွာကိုလည်း ပရိသတ် တွေက ခံစားနားဆင်နေတုန်းပဲ ဖြစ်ပါတယ်
နီနီခင်ဇော်ကတော့ လာမယ့် နိုဝင်ဘာ လဆန်း ပိုင်းထဲမှာ Show ပွဲတစ်ပွဲပြုလုပ်သွားဖို့ရှိပါတယ် ။ တိတိကျကျ ပြောရရင်တော့ နိုဝင်ဘာ ၂ ရက်နေ့ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ သီချင်းအပုဒ်ရေ အများကြီးကိုလည်း သီဆိုဖျော်ဖြေပေးသွားဖို့ရှိတယ်လို့ သိရပါတယ် ။ အဲ့ဒီသီချင်းတွေထဲကမှာ ဂယ်ပဲ ဂယ်ပဲ သီချင်းကိုတော့ Diso version လေးပြောင်းထားတာကို နီနီက သူရဲ့ Facebook pageကနေပြီး “ဂယ်ဘဲ ဂယ်ဘဲ (Disco) နိုဝင်ဘာ(၂)ရက်နေ့နီနီ့ရဲ့ Party REDvolution Show ပွဲ မှာ နီနီ နဲ့အတူတူ က ဖို့အဆင်သင့်ပဲလား ? “ဆိုပြီး ပရိသတ်တွေကို ပွဲမှာ အတူတူကကြဖို့ ဖိတ်ခေါ်ထားပါတယ်။
သီချင်းရဲ့ Video လေးကိုတော့ comment မှာဖော်ပြထားပါတယ်နော် ။ နီနီရဲ့ Party REDvolution Show ပွဲကြီးကိုလည်း သွားရောက်ဖို့အဆင့်သင့်လားဗျ ။ Show ပွဲမသွားခင် အကကျင့်ချင်တဲ့သူတွေအတွက် ၊ Show ပွဲမသွားဘဲ သီချင်းရဲ့ ဗားရှင်းအသစ်လေးကို နားထောင်ချင်သူတွေ နားထောင်လို့ရအောင် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ နားဆထာင်ပြီးသွညးရင်လည်ူ အားလုံးရဲ့ အမြင်လေးတွေကို ပြန်လည်ဝေမျှပေးသွားကြဦး ခင်ဗျာ ။ Showပွဲသွားမယ့် ပရိသတ်တွေလည်း နိုင်ဝငဘာ၂ရက်နေ့နော်မမေ့နဲ့ဦး ။Credit-burmese.asia