ထူးခြားတဲ့ကုသိုလ်တစ်ခုကို ပြုလုပ်နိုင်ခဲ့တဲ့ လှအဉ္စလီတင့်တို့မိသားစု
Unicode
ပရိသတ်ကြီးရေ ရွှေအဉ္စလီ အိမ်တွင်းစားသောက်ကုန်လုပ်ငန်း ကို ဦးစီးပြီးအောင်မြင်နေတဲ့ မင်းသမီးချောလေး လှအဉ္စလီတင့် ကတော့ အခုအချိန်ထိ အောင်မြင်လို့ နေဆဲပါ ။ ချောချော လေးတစ်ယောက် ကုသိုလ်ထူးကြီး တစ်ခုကို ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ချောချော ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ထူးထူးခြားခြား တိုက်ဆိုင် လိုက်ပုံ ကကိုယ်လည်း တော်တော်မအားတဲ့ကြားက အဓိဠာန် ဝင်တာ ပြီးတဲ့နေ့ ဆရာတော် ဘယ်သူနဲ့ မှအတွေ့မခံ ဘဲ တရားကျင့်ပြီး အဓိဠာန် ထွက်တဲ့ နေ့ အချိန် ကြာသင်္ကန်း ကပ် ခွင့် ရပါတယ်ရွှေ အဉ္ဇလီ စားသောက်ကုန် ဆိုတာ စလုပ်ထဲက အမေ နဲ့ ကျမ လှူ ဖို့ သာသနာပြုဖို့ ဆိုပြီး သီးသန့်တည်ထောင်ထားတဲ့ အလုပ်သေးသေးလေးပါရှင်။
အဲ့ က ရတဲ့ ငွေလေး တွေ က ဘယ်လောက်မှ မများပေမဲ့ ကိုယ်တိုင် အပင်ပမ်းခံ ကိုယ်တိုင် ရောင်းပေးနေတဲ့ အလုပ်.. အဲ့ ဒီက ရတာလေးတွေ ထဲက ဒီနေ့ ဘဝမှာ မလှု ဘူးသေးတဲ့ ကြာသင်္ကန်းလေး ဆရာတော့် လက်ထဲ လှူ လိုက် ရယ် သံဃာ အပါး ၅၀၀ သိမိအထွက်မှာ ငွေလေး ငါးသိန်းရယ် လှူ ဖြစ်တာရယ် ပိတိတွေ ဖြစ်ရလွန်းလို့ မျှဝေ ကုသိုလ်ပြုရင်း သာဓု ခေါ် နိုင်ပါတယ်ရှင်။
ဒီကုသိုလ်ကတော့ ကျမ တယောက်ထဲမဟုတ်ပါဘူး .. စရောင်းတဲ့နေ့မှ ဝယ်ယူ အားပေးကြသော ၇ ရက်သားသမီး များ ကျမ ကို ကူညီ ကြသောဝင်ထမ်းများ ကျမ ရဲ့လုပ်ငန်းကို ကူညီ ကြ သူများအားလုံး ရဲ့ ကျေးဇူး ကြောင့် လှူ နိုင်တာပါ .. အားလုံးကိုလည်း ကျေးဇူး အထူးတင်ပါတယ်ရှင် ဒါကြောင့် အတူတကွ ရ ကြတဲ့ ကုသိုလ် ထူး ပါနော်အမျှ အမျှ အမျှ ယူတော်မူကြပါ” ဆိုပြီးရေးသားထားကိုတွေ့ရပါတယ်။
ပရိသတ်ကြီးရေ ၊ မင်းသမီးချောလေး လှအဉ္စလီတင့် ကတော့ အခုလို တန်ဖိုး အင်မတန်ကြီးလှတဲ့ ကြာသင်္ကန်းမြတ်ကို ဆက်ကပ်လှူဒါန်းနိုင်ခဲ့လို့ ပြောရွှင်နေပုံပါပဲ။ ကဲ ချောချော ရဲ့ အလှူလေးအတွက် မှတ်ချက်ကနေ သာဓုအနုမောဒနာ ခေါ်ဆိုပေးကြပါဦး။Credit-burmese.asia