အနုပညာကြေးရတာ မတန်ဘူးလို့ သူမရဲ့ခံစားချက်တွေကိုဖွင့်ဟလာတဲ့ သရုပ်ဆောင် ငှက်ပျော်ကြော်ရဲ့ဇနီး
Unicode
ဟာသ သရုပ်ဆောင် လူရွှင်တော် ငှက်ပျော်ကြော် ကတော့ သရဲလေးကောင် ပြဇာတ်နဲ့ ပရိသတ်အားပေးမှု တခဲနက်ရရှိခဲ့တဲ့ ဝါရင့်ဟာသ သရုပ်ဆောင်လူရွှင်တော်တစ်ယောက်ဖြစ်ပါတယ် ။ ဟာသကား ပေါင်းများစွာရိုက်ကူး ခဲ့ပြီး ပရိသတ်တွေ ကို အမြဲရယ်မောပျေ်ာရွှင်စေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပါ ။ အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး ပရိသတ်တွေကလည်း လက်ခံအားပေးနေကြဆဲပါ ။လတ်တလောမှာတော့ ငှက်ပျော်ကြော်ရဲ့ ဇနီးဖြစ်သူ နေဇာဘုန်းမြင့် ( နေခြည် တားရော့ ) က အနုပညာကြေးပေးတာနည်း တဲ့ကိစ္စနဲပတ်သက်ပြီး သူမရဲ့ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ် ။ ” မင်းသားတွေဆိုရင် အနုပညာကြေး ရတာများ သိန်းပေါင်းများစွာ ဘယ်၍ဘယ်မျှ မတောင်းလည်း. ရော့. အင့် ၊ ရော့ အင့် နဲ့ကို. မင်းသားတွေမှာ လက်မလည်ဘူး. ရတာ. ရတာများ ဇာတ်ပို့တွေဆိုရင် ရတဲ့ အနုပညာကြေးက ပဲစေ့ ၊ မူးစေ့ ဒါလေးကိုမှ ရသလောက် ထပ်ဆစ် နေကြသေးတယ် ” လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပေါက်ကွဲလိုက်တာပဲ ဖြစ်ပါတယ် ။
” အိမ်က. ယောကျ်ားကို မှာထားတယ် ကိုယ့်. နာမည်နဲ့ အနုပညာကြေး ပေးရတာ မတန်ဘူး ထင်ရင်ထိုင်နေ ၊ အိပ်နေ သွား မရိုက်နဲ့လို့ ” လည်း မှာထားတယ်လို့ သူမရဲ့ခံစားချက်တွေကိုရေးသားထားတာတွေ့ရပါတယ် ။ နာမည်ကြီးဇာတ်ပို့ဇာတ်ရံ တွေကို အနုပညာကြေးပေးတာ နည်းလွန်းလို့ ခုလိုပေါက်ကွဲလိုက်ဟန်တူပါတယ် ပရိသတ်ကြီးရေ ။ ပရိသတ်တွေကတော့ ဇာတ်ပို့ကောင်းမှ ဇာတ်လမ်းကောင်းမှာလို့ မှတ်ချက်တွေရေးသားထားတကြတာတွေ့ရပါတယ် ။Credit-original