Latest Posts

အောငျလအနျဆနျး ခနြျပီယံကာကှယျအပွီး လကျရှိခနြျပီယံဆုကို ကာကှယျရနျ သကျထားသူဇာ အီဂစြျသို့ထှကျခှာသှားပွီ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲကြီးမှာ ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခု ရရှိထားတဲ့ အောင်လအန်ဆန်းက ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာကို အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ တစ်ကမ္ဘာလုံး စိတ်ဝင်စားတဲ့ ပွဲကြီးပွဲကောင်းပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ စိန်ခေါ်သူကို အနိုင်ယူပြီး သူရဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်းရဲ့ အောင်သတင်းကိုတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နာမည်ကြီး မီဒီယာတွေကပါ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ထို့အတူ နိုင်ငံအနေနဲ့လည်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ခြင်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။ မြန်မာလူမျိုးတို့အတွက် နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့ ပွဲကြီးပွဲကောင်းဆိုလည်း မမှားပါဘူး။

အဆိုပါ ချန်ပီယံကာကွယ်ပွဲကြီးအပြီးမှာတော့ အောင်လအန်ဆန်းလိုပဲ ကမ္ဘာ့ချန်ပီယံဆုကို ရရှိထားတဲ့သူရဲ့ ချန်ပီယံကာကွယ်ပွဲကြီးရှိပါသေးတယ်။ ဒါကတော့ ၂၀၁၈ ခုနှစ် Egypt International Series 2018 ပြိုင်ပွဲကို အီဂျစ်နိုင်ငံမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး လက်ရှိအချိန်မှာ ရွှေတံဆိပ် စုစုပေါင်း ၆ ဆု ရရှိထားတဲ့ သက်ထားသူဇာရဲ့ ချန်ပီယံကာကွယ်ပွဲပဲဖြစ်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံ လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာဟာ Egypt International Series 2019 ကို ပြိုင်ပွဲဝင်ဖို့ အီဂျန်နိုင်ငံကို အောက်တိုဘာလ ၁၅ ရက်နေ့က ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ ယင်းပြိုင်ပွဲမှာ သက်ထားသူဇာဟာ ချန်ပီယံဆုကို ရရှိထားသူဖြစ်ပါတယ်။ ဒီနှစ်လည်း သူရရှိထားတဲ့ ချန်ပီယံဆုကို သက်ထားသူဇာတစ်ယောက်ဘယ်လို ကာကွယ်မလဲဆိုတာ ပရိတ်သတ်ကြီးစောင့်ကြည့်အားပေးကြပါဦးနော်…..။Credit-swe sone
Zawgyi

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၃ ရက္ေန႔က က်င္းပခဲ့တဲ့ One Championship ၿပိဳင္ပြဲႀကီးမွာ ကမာၻ႔ခ်န္ပီယံခါးပတ္ ၂ ခု ရရွိထားတဲ့ ေအာင္လအန္ဆန္းက ဟဲဗီးဝိတ္တန္းခ်န္ပီယံ ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒါဗီရာကို အႏိုင္ရရွိခဲ့ပါတယ္။ ဒီပြဲဟာ တစ္ကမာၻလုံး စိတ္ဝင္စားတဲ့ ပြဲႀကီးပြဲေကာင္းပဲျဖစ္ပါတယ္။ ေအာင္လအန္ဆန္းဟာ စိန္ေခၚသူကို အႏိုင္ယူၿပီး သူရဲ႕ ခ်န္ပီယံခါးပတ္ကို ကာကြယ္ႏိုင္ခဲ့ပါတယ္။ ေအာင္လအန္ဆန္းရဲ႕ ေအာင္သတင္းကိုေတာ့ တစ္ကမာၻလုံးမွာ ရွိတဲ့ နာမည္ႀကီး မီဒီယာေတြကပါ ေဖာ္ျပျခင္းခံခဲ့ရပါတယ္။ ထို႔အတူ ႏိုင္ငံအေနနဲ႔လည္း ခ်ီးက်ဴးဂုဏ္ျပဳမွတ္တမ္းတင္ျခင္းေတြ ျပဳလုပ္ေပးခဲ့ပါတယ္။ ျမန္မာလူမ်ိဳးတို႔အတြက္ ႏိုင္ငံ့ဂုဏ္ေဆာင္ခဲ့တဲ့ ပြဲႀကီးပြဲေကာင္းဆိုလည္း မမွားပါဘူး။အဆိုပါ ခ်န္ပီယံကာကြယ္ပြဲႀကီးအၿပီးမွာေတာ့ ေအာင္လအန္ဆန္းလိုပဲ ကမာၻ႔ခ်န္ပီယံဆုကို ရရွိထားတဲ့သူရဲ႕ ခ်န္ပီယံကာကြယ္ပြဲႀကီးရွိပါေသးတယ္။ ဒါကေတာ့ ၂၀၁၈ ခုႏွစ္ Egypt International Series 2018 ၿပိဳင္ပြဲကို အီဂ်စ္ႏိုင္ငံမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး လက္ရွိအခ်ိန္မွာ ေ႐ႊတံဆိပ္ စုစုေပါင္း ၆ ဆု ရရွိထားတဲ့ သက္ထားသူဇာရဲ႕ ခ်န္ပီယံကာကြယ္ပြဲပဲျဖစ္ပါတယ္။အခုဆိုရင္ ျမန္မာႏိုင္ငံ လက္ေ႐ြးစင္ၾကက္ေတာင္မယ္ သက္ထားသူဇာဟာ Egypt International Series 2019 ကို ၿပိဳင္ပြဲဝင္ဖို႔ အီဂ်န္ႏိုင္ငံကို ေအာက္တိုဘာလ ၁၅ ရက္ေန႔က ထြက္ခြာသြားခဲ့ၿပီျဖစ္ပါတယ္။ ယင္းၿပိဳင္ပြဲမွာ သက္ထားသူဇာဟာ ခ်န္ပီယံဆုကို ရရွိထားသူျဖစ္ပါတယ္။ ဒီႏွစ္လည္း သူရရွိထားတဲ့ ခ်န္ပီယံဆုကို သက္ထားသူဇာတစ္ေယာက္ဘယ္လို ကာကြယ္မလဲဆိုတာ ပရိတ္သတ္ႀကီးေစာင့္ၾကည့္အားေပးၾကပါဦးေနာ္…..။Credit-swe sone