Latest Posts
“ပေါကားလို့ ဝေဖန်နေကြတဲ့ ဇာတ်ကားတွေမှာလည်း သူ့တန်ဖိုးနဲ့သူရှိကြောင်း ပြောကြားလာတဲ့ နေထူးနိုင်”
Unicode
နေထူးနိုင်ကတော့ အက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးပြီး ပရိသတ်တွေရဲ့ ရင်ထဲကအချစ်တွေကို သိမ်းပိုက်ထားတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။နေထူးနိုင်လို့ ပြောလိုက်တာနဲ့ အက်ရှင်ဇာတ်ကားတွေကို ပြေးမြင်မိလောက်တဲ့ အထိကို အက်ရှင်ဇာတ်ကားတွေရဲ့ ပင်တိုင်မင်းသားတစ်လက်လို့ ဆိုနိုင်လောက်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတော့ နေထူးနိုင်ဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေကို အနည်းငယ်ရပ်နားခဲ့ပြီး လက်ရှိမှာတော့ ဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။အခုလို ရုပ်ရှင်ဇာတ်ကားတွေပြန်လည်ရိုက်ကူးခဲ့တဲ့ အပေါ်မှာလည်း နေထူးနိုင်ရဲ့ အက်ရှင်ဇာတ်ကားတွေကို အားပေးတဲ့ ပရိသတ်တွေအတွက်တော့ ပျော်စရာသတင်းလေးတစ်ခုဖြစ်ခဲ့ပေမဲ့လည်း တချို့ပရိသတ်တွေကတော့ ပေါကားတွေလို့ ဝေဖန်နေကြတာတွေလည်း ရှိနေပါတယ်။
ကြိုးကြိုးစားစားနဲ့ ရိုက်ကူးထားရတဲ့ အက်ရှင်ဇာတ်ကားတွေကို ပေါကားလို့ ဝေဖန်နေကြတာကြောင့် နေထူးနိုင်တစ်ယောက်က စိတ်မကောင်းဖြစ်နေရပြီး အက်ရှင်ဇာတ်ကားတွေဟာ ရိုက်ကူးရတဲ့ အချိန်မှာ အခက်အခဲတွေ ထိခိုက်မှုတွေများစွာနဲ့ ရိုက်ကူးရတဲ့ အကြောင်းကို
“ဖိုက်တင်မင်းသားတွေရဲ့ဘဝ အပေါကားလို့လဲအမြဲပြောခံရသေး ဒါပေမယ့်လဲကြိုးစားနေကြဆဲပါလို့” ဖိုက်တင်ဇာတ်ကားတွေဖြစ်တာကြောင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးရင် ဒဏ်ရာရရှိခဲ့တဲ့ပုံလေးနဲ့ အတူ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ဇာတ်ကားတွေရိုက်ကူးရင်း ဒဏ်ရာတွေရရှိခဲ့တဲ့ နေထူးနိုင်တစ်ယောက် ဒဏ်ရာတွေ အမြန်ဆုံးသက်သာပျောက်ကင်းသွားအောင်ဆုတောင်းပေးခဲ့ပါဦး။Credit-original