ဆုေၾကးေငြအျပင္ တိုက္ခန္းတစ္ခန္းကိုပါ ဆုအျဖစ္တိုးျမႇင့္ေပးသြားမယ့္ Myanmar idol (Season-4)
Myanmar idol (Season-4) ရဲ႕ Final ပြဲစဥ္နဲ႔ ပတ္သက္ၿပီး စာနယ္ဇင္း မိတ္ဆက္ပြဲကိုေတာ့ ေအာက္တိုဘာလ ၂၆ ရက္ေန႔က Melia Hotel မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ Top-11 ေ႐ြးခ်ယ္ခဲ့ၿပီးၿပီလို႔ သိရပါတယ္။ ပရိသတ္ေတြအေနနဲ႔ ေပးရမယ့္ Voting စနစ္ေတြကိုလည္း အမွားအယြင္းမရွိေအာင္ ေဆာင္႐ြက္ထားတယ္လို႔ CEO ျဖစ္သူ ေဒၚနန္းေမာက္ေလာက္ဆိုင္က မီဒီယာပြဲမွာ ေျပာျပခဲ့ပါတယ္။
‘’ Season -4 အတြက္ တည္ေဆာက္ထားတဲ့ Voting စနစ္ေတြကို တစ္ခုမွ မမွားရေအာင္ ေသေသခ်ာခ်ာ ကိုယ္ေ႐ြးခ်ယ္မယ့္ idol ျဖစ္ဖို႔အတြက္အားလုံး ေသခ်ာၾကည့္ၿပီးေတာ့ Page ေတြမွာလည္း ေလ့လာပါ။ ေသေသခ်ာခ်ာေ႐ြးခ်ယ္ေပးပါ။ Voting ေတြေပးရင္း Fan ေတြ အခ်င္းခ်င္းရန္ျဖစ္တာလည္း မလိုလားပါဘူး။ ကေလးေတြက ဝါသနာရွင္ကေန အႏုပညာရွင္တစ္ေယာက္ျဖစ္ဖို႔၊ ေတးသံရွင္တစ္ေယာက္ျဖစ္ဖို႔၊ ႏိုင္ငံေက်ာ္တစ္ေယာက္ျဖစ္ဖို႔၊ ကမာၻေက်ာ္တစ္ေယာက္ျဖစ္ဖို႔ အတြက္ ဒီအေပၚမွာ အေျခခံၿပီးေတာ့ ဘဝအတြက္လည္း သက္ဆိုင္ပါတယ္’’ လို႔ သူကဆိုပါတယ္။
Myanmar idol Season 4 မွာလည္း Season 1 ကေန 3 အထိ ဆုေၾကးေတြလိုမဟုတ္ပဲ ဆုေၾကးေငြ ထပ္မံတိုးျမႇင့္လာတယ္လို႔ ေဒၚနန္းေမာက္ေလာက္ဆိုင္က ေျပာပါတယ္။
‘’ဆုေၾကးအေနနဲ႔ကေတာ့ မိုးျမန္မာ ကုမၼဏီကေနၿပီးေတာ့ ဆုေၾကးေငြ သိန္း ၅၀၀ ခ်ီးျမႇင့္မွာျဖစ္ပါတယ္။ အဲဒါအျပင္ Solo album ထုတ္ေပးပါမယ္။ ၿပီးေတာ့ ဝမ္းသာစရာတစ္ခုက City life ကေနၿပီးေတာ့ ၂ Badroom တိုက္ခန္းတစ္ခန္း ထပ္ၿပီးေတာ့ ေပးမွာျဖစ္ပါတယ္။ Offical Smart Phone ျဖစ္တဲ့ Oppo ကလည္း သိန္း ၂၀၀ ထပ္ခ်ီးျမႇင့္မွာျဖစ္ပါတယ္။ ဒါကေတာ့ ေလာေလာဆယ္အတြက္ ေသခ်ာတဲ့ဆုေတြကို အစ္မက ေၾကညာေပးတာပါ’’ လို႔ ဆိုပါတယ္။
ေဒၚနန္းေမာက္ေလာက္ဆိုင္ Myanmar idol Season 4 ရဲ႕ Winner ျဖစ္လာမယ့္ အဆိုရွင္တစ္ေယာက္အေနနဲ႔ ဘဝအတြက္ အိပ္မက္ေတြကို ေကာင္းမြန္စြာအေကာင္အထည္ေဖာ္ႏိုင္ပါေစလို႔လည္း ဆက္လက္ ေျပာျပခဲ့ျပန္ပါေသးတယ္။
‘’ Winner ျဖစ္လာတယ္ဆိုရင္လည္း ဆုေၾကးေတြ အေပၚမွာ မသာယာပါနဲ႔။ ဒီဆုေၾကးနဲ႔ ေနာက္ထပ္လုပ္ရမွာေတြ အမ်ားႀကီးရွိေသးတယ္။ ဘဝတက္လမ္းအတြက္လည္း ႀကိဳးစားရမယ္။ အိပ္မက္ေတြ အမ်ားႀကီးလည္း မက္ခြင့္ရတဲ့အတြက္ေၾကာင့္ေရာ အိပ္မက္ေတြကို ဖန္တီးေပးၾကတဲ့ သူေတြ တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္။ Myanmar idol ကလည္း အားလုံးကို ႀကိဳဆိုေနပါတယ္။’’ ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၂၆ ရက္ေန႔က Myanmar idol season 4 မိတ္ဆက္ပြဲမွာ ေျပာျပခဲ့ပါတယ္။
Myanmar idol Season 4 ရဲ႕ Top 11 ေတြကေတာ့ ေအးျမျဖဴ ၊ အက္စတာေဒါ့ခ်င္းဆုန္၊ ဘင္ဂ်မင္၊ ေယာ္ကီး၊ ျခဴးစစ္ဟန္၊ ေစာခရစ္မူးလာ၊ ေနာ္ေစးေစးထူး၊ ႏွင္းအိအိဝင္း၊ ထက္အၪၥလီ၊ တန္ခြန္ေက်ာ္နဲ႔ စေနလင္းေက်ာ္တို႔ပဲျဖစ္ပါတယ္။ ဒီ ၁၁ ေယာက္ရဲ႕ ၿပိဳင္ပြဲကိုေတာ့ ေအာက္တိုဘာလ ၃၁ ရက္ေန႔ ည ကစၿပီး စတင္ အားေပးလို႔ ရၿပီလို႔ သိရပါတယ္။ Myanmar idol (Season 1) မွာေတာ့ ေစာလားေထာ္ဝါးက Winner ဆုရရွိခဲ့ပါတယ္။ Season 2 မွာေတာ့ သားငယ္က Winner ဆုရရွိခဲ့တာပါ။ Season 3 မွာေတာ့ ၿဖိဳးျမတ္ေအာင္က Winner ဆု ရရွိခဲ့တာျဖစ္ပါတယ္။credit-burmese.asia
unicode
Myanmar idol (Season-4) ကတော့ များပြားလွန်းလှတဲ့ ဆုကြေးတွေအပြင် အိပ်ခန်း ၂ခန်းပါ တိုက်ခန်းတစ်ခန်းကိုလည်း ဆုကြေးအဖြစ် ထပ်မံ တိုးမြှင့်လိုက်ပြီဖြစ်ပါတယ်။ Voting စနစ်တွေကိုလည်း သေသေချာချာ စိစစ်သွားမယ်လို့လည်း CEO ဖြစ်တဲ့ ဒေါ်နန်းမောက်လောက်ဆိုင်က ပြောပါတယ်။
Myanmar idol (Season-4) ရဲ့ Final ပွဲစဉ်နဲ့ ပတ်သက်ပြီး စာနယ်ဇင်း မိတ်ဆက်ပွဲကိုတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ Top-11 ရွေးချယ်ခဲ့ပြီးပြီလို့ သိရပါတယ်။ ပရိသတ်တွေအနေနဲ့ ပေးရမယ့် Voting စနစ်တွေကိုလည်း အမှားအယွင်းမရှိအောင် ဆောင်ရွက်ထားတယ်လို့ CEO ဖြစ်သူ ဒေါ်နန်းမောက်လောက်ဆိုင်က မီဒီယာပွဲမှာ ပြောပြခဲ့ပါတယ်။
‘’ Season -4 အတွက် တည်ဆောက်ထားတဲ့ Voting စနစ်တွေကို တစ်ခုမှ မမှားရအောင် သေသေချာချာ ကိုယ်ရွေးချယ်မယ့် idol ဖြစ်ဖို့အတွက်အားလုံး သေချာကြည့်ပြီးတော့ Page တွေမှာလည်း လေ့လာပါ။ သေသေချာချာရွေးချယ်ပေးပါ။ Voting တွေပေးရင်း Fan တွေ အချင်းချင်းရန်ဖြစ်တာလည်း မလိုလားပါဘူး။ ကလေးတွေက ဝါသနာရှင်ကနေ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့၊ တေးသံရှင်တစ်ယောက်ဖြစ်ဖို့၊ နိုင်ငံကျော်တစ်ယောက်ဖြစ်ဖို့၊ ကမ္ဘာကျော်တစ်ယောက်ဖြစ်ဖို့ အတွက် ဒီအပေါ်မှာ အခြေခံပြီးတော့ ဘဝအတွက်လည်း သက်ဆိုင်ပါတယ်’’ လို့ သူကဆိုပါတယ်။
Myanmar idol Season 4 မှာလည်း Season 1 ကနေ 3 အထိ ဆုကြေးတွေလိုမဟုတ်ပဲ ဆုကြေးငွေ ထပ်မံတိုးမြှင့်လာတယ်လို့ ဒေါ်နန်းမောက်လောက်ဆိုင်က ပြောပါတယ်။
‘’ဆုကြေးအနေနဲ့ကတော့ မိုးမြန်မာ ကုမ္မဏီကနေပြီးတော့ ဆုကြေးငွေ သိန်း ၅၀၀ ချီးမြှင့်မှာဖြစ်ပါတယ်။ အဲဒါအပြင် Solo album ထုတ်ပေးပါမယ်။ ပြီးတော့ ဝမ်းသာစရာတစ်ခုက City life ကနေပြီးတော့ ၂ Badroom တိုက်ခန်းတစ်ခန်း ထပ်ပြီးတော့ ပေးမှာဖြစ်ပါတယ်။ Offical Smart Phone ဖြစ်တဲ့ Oppo ကလည်း သိန်း ၂၀၀ ထပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ဒါကတော့ လောလောဆယ်အတွက် သေချာတဲ့ဆုတွေကို အစ်မက ကြေညာပေးတာပါ’’ လို့ ဆိုပါတယ်။
ဒေါ်နန်းမောက်လောက်ဆိုင် Myanmar idol Season 4 ရဲ့ Winner ဖြစ်လာမယ့် အဆိုရှင်တစ်ယောက်အနေနဲ့ ဘဝအတွက် အိပ်မက်တွေကို ကောင်းမွန်စွာအကောင်အထည်ဖော်နိုင်ပါစေလို့လည်း ဆက်လက် ပြောပြခဲ့ပြန်ပါသေးတယ်။
‘’ Winner ဖြစ်လာတယ်ဆိုရင်လည်း ဆုကြေးတွေ အပေါ်မှာ မသာယာပါနဲ့။ ဒီဆုကြေးနဲ့ နောက်ထပ်လုပ်ရမှာတွေ အများကြီးရှိသေးတယ်။ ဘဝတက်လမ်းအတွက်လည်း ကြိုးစားရမယ်။ အိပ်မက်တွေ အများကြီးလည်း မက်ခွင့်ရတဲ့အတွက်ကြောင့်ရော အိပ်မက်တွေကို ဖန်တီးပေးကြတဲ့ သူတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ Myanmar idol ကလည်း အားလုံးကို ကြိုဆိုနေပါတယ်။’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Myanmar idol season 4 မိတ်ဆက်ပွဲမှာ ပြောပြခဲ့ပါတယ်။
Myanmar idol Season 4 ရဲ့ Top 11 တွေကတော့ အေးမြဖြူ ၊ အက်စတာဒေါ့ချင်းဆုန်၊ ဘင်ဂျမင်၊ ယော်ကီး၊ ခြူးစစ်ဟန်၊ စောခရစ်မူးလာ၊ နော်စေးစေးထူး၊ နှင်းအိအိဝင်း၊ ထက်အဉ္စလီ၊ တန်ခွန်ကျော်နဲ့ စနေလင်းကျော်တို့ပဲဖြစ်ပါတယ်။ ဒီ ၁၁ ယောက်ရဲ့ ပြိုင်ပွဲကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့ ည ကစပြီး စတင် အားပေးလို့ ရပြီလို့ သိရပါတယ်။ Myanmar idol (Season 1) မှာတော့ စောလားထော်ဝါးက Winner ဆုရရှိခဲ့ပါတယ်။ Season 2 မှာတော့ သားငယ်က Winner ဆုရရှိခဲ့တာပါ။ Season 3 မှာတော့ ဖြိုးမြတ်အောင်က Winner ဆု ရရှိခဲ့တာဖြစ်ပါတယ်။credit-burmese.asia




