Latest Posts

ဒုဋ္ဌဝတီမြစ်ကမ်းပေါ်က စိတ်မကောင်းစရာ မြင်ကွင်းတခု

ေအာက္တုိဘာလအစက သီေပါေရာက္လို႔ ၿမိဳ႕တည္ဆီအိုးႀကီးဘက္ ေရာက္ခဲ့တယ္. . ဒု႒ဝတီျမစ္ကမ္း႐ွိတယ္လို႔ ကားဆရာက ေျပာလို႔ သြားခဲ့တာပါ အဲ့ဒီနား ေရာက္ၿပီး မၾကာခင္မွာ စိတ္မေကာင္းစရာ ျမင္ကြင္းတစ္ခုကို ျမင္လိုက္ရတယ္။
ျမစ္ကို ညစ္ႏြမ္းေစ ပိတ္ဆို႔ေစတဲ့ အမိႈက္သြန္ခ်တဲ့ အျဖစ္အပ်က္တစ္ခုပါဘဲ ေကာင္ေလးနဲ႔ ကေလးမေလး ၂ ေယာက္ အမိႈက္ေတာင္း တစ္လုံးသယ္လာၿပီး ျမစ္ထဲကို ဆင္းသြားတယ္ သူတို႔ ဆင္းသြားကတဲက အမိႈက္ျပစ္စရာေနရာကို ဘယ္နားမွာ ႐ွိလဲဆိုတာ အရင္ ႐ွာၾကည့္ေသးတယ္ မေတြ႔ရဘူး။

ျမစ္ထဲသြန္ေတာ့ မခ်ေလာက္ပါဘူးလို႔ ထင္ထားခဲ့တာ ဓာတ္ပုံ႐ိုက္ျဖစ္တာကလဲ အမိႈက္ဘယ္နား ပစ္မလဲဆိုတာ သိခ်င္လို႔ ႐ိုက္ျဖစ္ခဲ့တာပါ. . ပုံထဲမွာ ျမင္ရတဲ့အတိုင္းပါဘဲ အမိႈက္လာသြန္တဲ့ကေလး ၂ ေယာက္ အိမ္ထဲဝင္သြားတဲ့ အထိ ပုံ႐ိုက္ယူခဲ့တယ္ ဒါေပမဲ့ ဘယ္အိမ္လဲဆိုတာေတာ့ မတင္ေတာ့ပါဘူး စီးဆင္းေနတဲ့ သီေပါၿမိဳ႕ရဲ႕ အသက္ေသြးေၾကာတစ္ခုလဲျဖစ္ ႐ွမ္းျပည္ေျမာက္ပိုင္းရဲ႕ အလွတရားတစ္ခုလဲ ျဖစ္ေနတဲ့ ဒု႒ဝတီကို ဝိုင္းဝန္း ထိမ္းသိမ္းၾကပါစို႔လား။Credit-burmese.asia
Unicode

အောက်တိုဘာလအစက သီပေါရောက်လို့ မြို့တည်ဆီအိုးကြီးဘက် ရောက်ခဲ့တယ်. . ဒုဋ္ဌဝတီမြစ်ကမ်းရှိတယ်လို့ ကားဆရာက ပြောလို့ သွားခဲ့တာပါ အဲ့ဒီနား ရောက်ပြီး မကြာခင်မှာ စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။
မြစ်ကို ညစ်နွမ်းစေ ပိတ်ဆို့စေတဲ့ အမှိုက်သွန်ချတဲ့ အဖြစ်အပျက်တစ်ခုပါဘဲ ကောင်လေးနဲ့ ကလေးမလေး ၂ ယောက် အမှိုက်တောင်း တစ်လုံးသယ်လာပြီး မြစ်ထဲကို ဆင်းသွားတယ် သူတို့ ဆင်းသွားကတဲက အမှိုက်ပြစ်စရာနေရာကို ဘယ်နားမှာ ရှိလဲဆိုတာ အရင် ရှာကြည့်သေးတယ် မတွေ့ရဘူး။
မြစ်ထဲသွန်တော့ မချလောက်ပါဘူးလို့ ထင်ထားခဲ့တာ ဓာတ်ပုံရိုက်ဖြစ်တာကလဲ အမှိုက်ဘယ်နား ပစ်မလဲဆိုတာ သိချင်လို့ ရိုက်ဖြစ်ခဲ့တာပါ. . ပုံထဲမှာ မြင်ရတဲ့အတိုင်းပါဘဲ အမှိုက်လာသွန်တဲ့ကလေး ၂ ယောက် အိမ်ထဲဝင်သွားတဲ့ အထိ ပုံရိုက်ယူခဲ့တယ် ဒါပေမဲ့ ဘယ်အိမ်လဲဆိုတာတော့ မတင်တော့ပါဘူး စီးဆင်းနေတဲ့ သီပေါမြို့ရဲ့ အသက်သွေးကြောတစ်ခုလဲဖြစ် ရှမ်းပြည်မြောက်ပိုင်းရဲ့ အလှတရားတစ်ခုလဲ ဖြစ်နေတဲ့ ဒုဋ္ဌဝတီကို ဝိုင်းဝန်း ထိမ်းသိမ်းကြပါစို့လား။Credit-burmese.asia