ဖခင်တစ်ယောက်ရဲ့ မေတ္တာကို တွေ့မြင်နိုင်တဲ့ လေးဖြူတို့ သားအဖရဲ့ ဓာတ်ပုံလေးတစ်ပုံ
ျမန္မာႏိုင္ငံရဲ႕ ေရာ့ခ္ကာအဆိုေတာ္ၾကီး ေလးျဖဴတုိ႔ သားအဖရဲ႕ဓာတ္ပံုေလးတစ္ပံုဟာပရိသတ္ေတြကို သေဘာက်ႏွစ္ျခိဳက္မွုေတြနဲ႔အတူ ဖခင္တစ္ဦးရဲ႕
သားသမီးအေပၚထားရွိတဲ့ ေမတၱာတရားေတြကို ေပၚလြင္ေစခဲ့ပါတယ္။ Iron Cross ရဲ႕ ပင္တိုင္အဆိုရွင္တစ္ဦးျဖစ္တဲ့ ေလးျဖဴရဲ႕ သီခ်င္းေတြဟာ
လူငယ္၊ လူၾကီးေတြရဲ႕ အၾကိဳက္နဲ႔ ထပ္တူက်ခဲ့ျပီး ေခတ္တစ္ေခတ္မွာ ေအာင္ျမင္မွုရဲ႕ အထြဋ္အထိပ္ထိ ေရာက္ရွိခဲ့ပါတယ္။
အဆိုေတာ္ၾကီးေတြလို႔
တင္စားရေလာက္ေအာင္ ဂီတနယ္ပယ္မွာ ဝါရင့္အဆိုေတာ္ေတြအျဖစ္ အသိအမွတ္ျပဳထားရတာလည္းျဖစ္ပါတယ္။
ေလးျဖဴဟာ ဇနီးျဖစ္သူ ေဒၚႏြယ္ႏြယ္သန္းနဲ႔ အိမ္ေထာင္က်ျပီးေနာက္မွာ သမီး ေဆာင္းေလးျဖဴနဲ႔ သား တိမ္ေလးျဖဴတို႔ ႏွစ္ဦးကို ေမြးဖြားခ့ဲတာျဖစ္ပါတယ္။
အရြယ္ေရာက္ေနၾကျပီျဖစ္တဲ့ ေလးျဖဴရဲ႕ သမီးနဲ႔သား (၂) ဦးလံုးဟာ အႏုပညာေလာထဲဝင္ေရာက္လာျခင္းမရွိေပမယ့္ အႏုပညာပိုးေတြေတာ့ ပါလာၾကမွာ က်ိန္းေသပါတယ္။
သမီးျဖစ္သူ ေဆာင္းေလးျဖဴဟာ ေမာ္ဒယ္တစ္ဦးအျဖစ္ ရပ္တည္ခ်င္တဲ့သူျဖစ္ေပမယ့္လည္း ဖခင္ရဲ႕ ခြင့္ျပဳခ်က္ မရရွိခဲ့ဘူးလုိ႔ သိရပါတယ္။
သို႔ေပမယ့္ သူမသုံးစြဲေနက် ေဖ့ဘုတ္အေကာင့္မွာ တင္ဆက္ထားတဲ့ ဓာတ္ပံုေတြဟာ ပံုမွန္ျမင္ေနက် ဓာတ္ပံုေတြကေန ကြဲထြက္ေနျပီး ရသတစ္ခုခုကို
ေပးစြမ္းႏိုင္တဲ့ဓာတ္ပံုေတြျဖစ္ေနတာကို သတိထားမိၾကမွာပါ။
သူမဟာ ႏိုင္ငံျခားေမာ္ဒယ္တစ္ဦးလို ခပ္မိုက္မိုက္ အျပင္အဆင္ေတြနဲ႔ ဓာတ္ပံုေတြကို ရိုက္တတ္သူလည္းျဖစ္ပါတယ္။ေတြ႔ျမင္ရခဲလွတဲ့ ေလးျဖဴတို႔ သားအဖ (၂) ဦးရဲ႕ပံုရိပ္ေလးကို ပရိသတ္ၾကီးအတြက္ေဖာ္ျပေပးခ်င္ပါတယ္။ ဒီပံုေလးကိုေတာ့ ပရိသတ္ေတြက သေဘာက်ေနၾကတာျဖစ္ျပီး
ဖခင္တစ္ေယာက္ရဲ႕ ေမတၱာကို ေတြ႔ျမင္ႏိုင္တာေၾကာင့္လည္းျဖစ္ပါတယ္။ သူမအေပၚမွာ ထားရွိတဲ့ဖခင္ရဲ႕ ေမတၱာေတြေၾကာင့္ အေဖျဖစ္သူကိုခ်စ္ျမတ္ႏိုးတဲ့အေၾကာင္းေလးကိုလည္း သူမက ဒီဓာတ္ပံုေလးနဲ႔အတူ ေရးသားထားပါေသးတယ္။ပရိသတ္ၾကီးကေရာ ဒီေအာက္ကဓာတ္ပံုေလးကိုၾကည့္ျပီး ဖခင္တစ္ေယာက္ရဲ႕ ေမတၱာေတြကို ဘယ္လိုခံစားရလဲဆုိတာ မ်ွေဝေျပာျပခဲ့ေပးပါဦးေနာ္။Credit-Cele Star
Unicode
ဖခင်တစ်ယောက်ရဲ့ မေတ္တာကို တွေ့မြင်နိုင်တဲ့ လေးဖြူတို့ သားအဖရဲ့ ဓာတ်ပုံလေးတစ်ပုံ
မြန်မာနိုင်ငံရဲ့ ရော့ခ်ကာအဆိုတော်ကြီး လေးဖြူတို့ သားအဖရဲ့ဓာတ်ပုံလေးတစ်ပုံဟာပရိသတ်တွေကို သဘောကျနှစ်ခြိုက်မှုတွေနဲ့အတူ ဖခင်တစ်ဦးရဲ့
သားသမီးအပေါ်ထားရှိတဲ့ မေတ္တာတရားတွေကို ပေါ်လွင်စေခဲ့ပါတယ်။ Iron Cross ရဲ့ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်တဲ့ လေးဖြူရဲ့ သီချင်းတွေဟာ
လူငယ်၊ လူကြီးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ခေတ်တစ်ခေတ်မှာ အောင်မြင်မှုရဲ့ အထွဋ်အထိပ်ထိ ရောက်ရှိခဲ့ပါတယ်။ အဆိုတော်ကြီးတွေလို့
တင်စားရလောက်အောင် ဂီတနယ်ပယ်မှာ ဝါရင့်အဆိုတော်တွေအဖြစ် အသိအမှတ်ပြုထားရတာလည်းဖြစ်ပါတယ်။
လေးဖြူဟာ ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်သန်းနဲ့ အိမ်ထောင်ကျပြီးနောက်မှာ သမီး ဆောင်းလေးဖြူနဲ့ သား တိမ်လေးဖြူတို့ နှစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။
အရွယ်ရောက်နေကြပြီဖြစ်တဲ့ လေးဖြူရဲ့ သမီးနဲ့သား (၂) ဦးလုံးဟာ အနုပညာလောထဲဝင်ရောက်လာခြင်းမရှိပေမယ့် အနုပညာပိုးတွေတော့ ပါလာကြမှာ ကျိန်းသေပါတယ်။
သမီးဖြစ်သူ ဆောင်းလေးဖြူဟာ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ချင်တဲ့သူဖြစ်ပေမယ့်လည်း ဖခင်ရဲ့ ခွင့်ပြုချက် မရရှိခဲ့ဘူးလို့ သိရပါတယ်။
သို့ပေမယ့် သူမသုံးစွဲနေကျ ဖေ့ဘုတ်အကောင့်မှာ တင်ဆက်ထားတဲ့ ဓာတ်ပုံတွေဟာ ပုံမှန်မြင်နေကျ ဓာတ်ပုံတွေကနေ ကွဲထွက်နေပြီး ရသတစ်ခုခုကို
ပေးစွမ်းနိုင်တဲ့ဓာတ်ပုံတွေဖြစ်နေတာကို သတိထားမိကြမှာပါ။ သူမဟာ နိုင်ငံခြားမော်ဒယ်တစ်ဦးလို ခပ်မိုက်မိုက် အပြင်အဆင်တွေနဲ့ ဓာတ်ပုံတွေကို ရိုက်တတ်သူလည်းဖြစ်ပါတယ်။
တွေ့မြင်ရခဲလှတဲ့ လေးဖြူတို့ သားအဖ (၂) ဦးရဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးချင်ပါတယ်။ ဒီပုံလေးကိုတော့ ပရိသတ်တွေက သဘောကျနေကြတာဖြစ်ပြီး
ဖခင်တစ်ယောက်ရဲ့ မေတ္တာကို တွေ့မြင်နိုင်တာကြောင့်လည်းဖြစ်ပါတယ်။ သူမအပေါ်မှာ ထားရှိတဲ့ဖခင်ရဲ့ မေတ္တာတွေကြောင့် အဖေဖြစ်သူကို
ချစ်မြတ်နိုးတဲ့အကြောင်းလေးကိုလည်း သူမက ဒီဓာတ်ပုံလေးနဲ့အတူ ရေးသားထားပါသေးတယ်။ပရိသတ်ကြီးကရော ဒီအောက်ကဓာတ်ပုံလေးကိုကြည့်ပြီး ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ဘယ်လိုခံစားရလဲဆိုတာ မျှဝေပြောပြခဲ့ပေးပါဦးနော်။Credit-Cele Star






