Latest Posts
ရှန်ဟိုင်း Fashion Week မှာ Runway Model အဖြစ်လျှောက်ပေးဖို့ဖိတ်ကြားခံခဲ့ရတဲ့ အောန်ဆိုင်း
Unicode
မြန်မာနိုင်ငံရဲ့ ထိပ်တန်းစူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ အောန်ဆိုင်းကို ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။လတ်တလောမှာတော့ အောန်ဆိုင်းဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ Shanghai Fashion Week မှာ Runway မော်ဒယ်တစ်ယောက်အဖြစ် လျှောက်ပေးဖို့အတွက်ကမ်းလှမ်းခံခဲ့ရတဲ့အကြောင်းကို သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။အောန်ဆိုင်းဟာ မြန်မာနိုင်ငံရဲ့ မော်ဒယ်လောကမှာ နေရာတစ်နေရာရယူထားနိုင်ပြီး အောင်မြင်မှုတွေရရှိနေတဲ့ မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။
အခုလို ကမ်းလှမ်းခံခဲ့ရတာဆိုရင် အောန်ဆိုင်းတစ်ယောက်မော်ဒယ်လောကကို စတင်ဝင်ရောက်လာကတည်းက သူမက်ခဲ့ရတဲ့ အိပ်မက်အကောင်အထည်ဖော်နိုင်မဲ့ အခွင့်အရေးလေးတစ်ခုဖြစ်တာကြောင့် အောန်ဆိုင်းအတွက်တော့ မင်္ဂလာသတင်းလေးတစ်ခုဖြစ်တယ်လို့လည်း သိရှိရပါတယ်။Hugo Boss ကိုယ်တိုင်က Shanghai Fashion Week မှာ Runway Model အဖြစ်လျှောက်ပေးဖို့ အောန်ဆိုင်းကို ကမ်းလှမ်းဖိတ်ကြားခဲ့တာဖြစ်ပြီး အခုလို ဖိတ်ကြားခံခဲ့ရတဲ့အတွက်ကိုလည်း အောန်ဆိုင်းက အရမ်းဂုဏ်ယူမိနေတဲ့ အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။အောန်ဆိုင်းကတော့ Shanghai Fashion Week မှာ Runway Model အဖြစ်လျှောက်လှမ်းဖို့ကို အရမ်းစိတ်လှုပ်ရှားနေပြီး ဒီပွဲကြီးမှာ အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ကိုလည်း ကြိုးစားပြင်ဆင်သွားမှာဖြစ်တာကြောင့် အားပေးကြဖို့ကိုလည်း သူ့ရဲ့ပရိသတ်တွေကိုတောင်းဆိုထားပါသေးတယ်။ကဲ ပရိသတ်ကြီးတွေထဲက အောန်ဆိုင်းရဲ့ ပရိသတ်တွေ ဂုဏ်ယူပျော်ရွှင်လို့ရအောင် ဒီသတင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။Credit-original