ကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်မြင်ရတဲ့ အေးမြတ်သူ
Unicode
သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အေးမြတ်သူ ရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။ဒီတစ်ခါမှာတော့ အေးမြတ်သူကို ကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။
သူမက ” ချစ်ရသူတို့ရေ ဝါထွက်လို့ သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ပွဲလမ်းသဘင်တွေ..အလှူပွဲတွေမဂ်လာဆွမ်းကျွေးတွေလက်မှတ်ထိုးပွဲတွေ ကိုယ့်ပွဲရော ကိုယ့်မိတ်ဆွေတွေရဲ့ပွဲတွေ သွားရတော့မှာ ဆိုတော့ မမမြတ်လေး ကတန်ဖိုးလည်းသင့်တင့်တဲ့ ဒီမြန်မာဝတ်စုံလေး ကို ညွှန်းချင်ပါတယ်ရှင့် . ဗြောင်ချည်ပိုး စ လေး ကို ပုဝါလေးတွဲဝတ်လိုက်တော့ ခမ်းနားတင့်တည်သွားတယ်လို့ ခံစားမိတယ်ရှင့် . ကဲသဘောကျတယ်ဆိုဝတ်စေချင်တဲ့သူ ချုပ်ပေးမယ့်သူလေးတွေ ကို မန်းရှင်း ခေါ်လိုက်ကြစို့ အစလေးတွေ က တော့ BKK ပိုးထည် ကပါနော် ချုပ်ပေးတာ က ဒီဇိုင်နာရတု ပါ သူနွဲချုပ်မယ်ဆို ထမိန်တိုတိုတက်တယ်သတိပေးနော် ဓါတ်ဆရာကတော့ ကိုကြီးနေမင်းထွန်း အမေးဇင်း ရှင့် ” ဆိုပြီးသူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။Credit-0riginal