Latest Posts

ONE CHAMPIONSHIP ရဲ့ အကြမ်းဆုံး Fighter နဲ့ UFC ပွဲအဆူဆုံး Fighter တို့ရဲ့ ပွဲဖြစ်လာနိုင်မလား ?

One Championship ရဲ႕ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္ကို ေအာင္လအန္ဆန္းက ဗီရာကို အႏိုင္ယူၿပီး ကာကြယ္ႏိုင္ခဲ့ပါတယ္ မိမိထက္ဝိတ္တန္းႀကီးတဲ့ ဗီရာကို အႏိုင္ထိုးႏိုင္ခဲ့တဲ့ ေအာင္လအန္ဆန္းရဲ႕ အႏိုင္ပြဲဟာ ကမာၻ႔မီဒီယာေတြထက္မွာ တခမ္းတနားခ်ီးက်ဴးေဖာ္ျပခံရတဲ့အထိ ျဖစ္ခဲ့တာပါဒီေအာင္ပြဲဟာ လက္ရွိ One Championship ၿပိဳင္ပြဲမွာ ေအာင္လကို ၿပိဳင္ဘက္ကင္း ကစားသမားတစ္ဦးအျဖစ္ ေရာက္ရွိေစခဲ့တယ္လို႔လည္း ဆိုရမွာပါ။

ဒါ့အျပင္ One Championship ၿပိဳင္ပြဲဟာလည္း MMA ၿပိဳင္ပြဲေတြမွာ အဆင့္ျမင့္ဆုံးလို႔ဆိုရမယ့္ UFC ၿပိဳင္ပြဲကို မမီေသးေပမဲ့ တျဖည္းျဖည္း ကမာၻေက်ာ္လာတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္လာေနပါၿပီ  ဒီအေျခအေနမွာ One Championship အေနနဲ႔ သူတို႔ရဲ႕ ၿပိဳင္ပြဲကို ကမာၻက ပိုမိုစိတ္ဝင္စားလာေစမဲ့ အေျခအေနတစ္ရပ္ကို ဖန္တီးႏိုင္ဖို႔ လိုအပ္ေနပါတယ္ အဲတာကေတာ့ အာရွပရိသတ္ေတြကို အမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ One Championship ရဲ႕ လက္ရွိအေအာင္ျမင္ဆုံး ဖိုက္တာျဖစ္တဲ့ ေအာင္လ နဲ႔ UFC ၿပိဳင္ပြဲေတြမွာ နာမည္ႀကီးတစ္ဦးျဖစ္တဲ့ ခါဘစ္တို႔ ႏွစ္ဦးကို စင္ေပၚတင္ေပးႏိုင္ဖို႔ ပဲ ျဖစ္ပါတယ္။
ဒါေပမဲ့ သူတို႔ႏွစ္ဦးကို ပြဲတည္ေပးဖို႔အတြက္ အခက္အခဲတစ္ခုေတာ့ရွိပါတယ္ အဲတာကေတာ့ သူတို႔ ႏွစ္ဦးရဲ႕ မတူညီတဲ့ ဝိတ္တန္းပဲ ျဖစ္ပါတယ္ ေအာင္လက မစ္ဒယ္ဝိတ္ ျဖစ္ၿပီး ခါဘစ္ကေတာ့ လိုက္ဝိတ္တန္း ျဖစ္ပါတယ ေအာင္လက ၈၃ ကီလို ျဖစ္ၿပီးေတာ့ ခါဘစ္က ၇၀ ကီလိုေလာက္ပဲ ရွိတာပဲ ဒါေပမဲ့ ခုဗီရာနဲ႔ ဝိတ္တန္းညႇိၿပီး ထိုးသြားသလို သူတို႔ႏွစ္ေယာက္ဟာလည္း ဝိတ္တန္းကို ၇၆ ကီလိုေလာက္ထိ ညႇိထိုးမယ္ဆိုရင္ေတာ့ ဒီပြဲကျဖစ္လာႏိုင္စရာ ရွိပါတယ္ ေနာက္ၿပီး ျဖစ္လာႏိုင္စရာရွိတာက ေအာင္လေရာ ခါဘစ္ပါ MMA ဖိုက္တာေတြ ျဖစ္ေနတာပါပဲ မတူညီတဲ့ နယ္ပယ္က ကစားသမားေတြေတာင္ UFC မွာ ထိုးေနၾကတာျဖစ္ၿပီးေတာ့ ခုလို နယ္ပယ္တူတဲ့ ၂ ေယာက္ကို ႀကိဳးဝိုင္းထဲမွာ ေတြ႕ေပးဖို႔ ဆိုတာ ပိုၿပီး အဆင္ေျပႏိုင္ပါတယ္။
ဒီပြဲသာ ျဖစ္လာခဲ့မယ္ဆိုရင္ အေရွ႕တိုင္းပရိသတ္ေတြ အမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ One Championship နဲ႔ အေနာက္တိုင္းပရိသတ္ေတြ အမ်ားဆုံးရွိတဲ့ UFC တို႔အတြက္ ဒီပြဲက ရမယ့္ အက်ိဳးအျမတ္ကနည္းမွာ မဟုတ္သလို One Championship အေနနဲ႔လည္း UFC ကို ဂုဏ္သိကၡာပိုင္းအရ ယွဥ္ၿပိဳင္တဲ့ ပြဲ ျဖစ္လာမွာမို႔လို႔ အက်ိဳးရွိေစမဲ့ ပြဲတစ္ပြဲပဲ ျဖစ္ပါတယ္။

ခုခ်ိန္မွာေတာ့ ေအာင္လနဲ႔ ခါဘစ္တို႔ ႀကိဳးဝိုင္းထဲမွာ ဆုံႏိုင္မဆုံႏိုင္ မသိေသးေပမဲ့ One Championship မွာ ၿပိဳင္ဘက္ကင္းေနၿပီလို႔ ဆိုရမဲ့ ေအာင္လအတြက္ One Championship အေနနဲ႔ UFC ဖိုက္တာေတြနဲ႔ ပြဲတစ္ခု စီစဥ္မလား မစီစဥ္ဘူးလားဆိုတာကေတာ့ ဘယ္သူမွ ေသခ်ာမေျပာႏိုင္ေသးပါဘူး တကယ္လို႔သာ စီစဥ္ျဖစ္ခဲ့မယ္ဆိုရင္ ေအာင္လအန္ဆန္းရဲ႕ ေအာင္ျမင္မႈေတြဟာ UFC ထိ ပိုမိုက်ယ္ျပန႔္လာႏိုင္တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးတို႔ကေရာ ဘယ္လိုျမင္သလဲ ထင္ျမင္ခ်က္ေလးေတြ ေရးခဲ့ၾကပါအုံးေနာ္။Credit-original
Unicode
One Championship ရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို အောင်လအန်ဆန်းက ဗီရာကို အနိုင်ယူပြီး ကာကွယ်နိုင်ခဲ့ပါတယ် မိမိထက်ဝိတ်တန်းကြီးတဲ့ ဗီရာကို အနိုင်ထိုးနိုင်ခဲ့တဲ့ အောင်လအန်ဆန်းရဲ့ အနိုင်ပွဲဟာ ကမ္ဘာ့မီဒီယာတွေထက်မှာ တခမ်းတနားချီးကျူးဖော်ပြခံရတဲ့အထိ ဖြစ်ခဲ့တာပါဒီအောင်ပွဲဟာ လက်ရှိ One Championship ပြိုင်ပွဲမှာ အောင်လကို ပြိုင်ဘက်ကင်း ကစားသမားတစ်ဦးအဖြစ် ရောက်ရှိစေခဲ့တယ်လို့လည်း ဆိုရမှာပါ။
ဒါ့အပြင် One Championship ပြိုင်ပွဲဟာလည်း MMA ပြိုင်ပွဲတွေမှာ အဆင့်မြင့်ဆုံးလို့ဆိုရမယ့် UFC ပြိုင်ပွဲကို မမီသေးပေမဲ့ တဖြည်းဖြည်း ကမ္ဘာကျော်လာတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာနေပါပြီ  ဒီအခြေအနေမှာ One Championship အနေနဲ့ သူတို့ရဲ့ ပြိုင်ပွဲကို ကမ္ဘာက ပိုမိုစိတ်ဝင်စားလာစေမဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ဖို့ လိုအပ်နေပါတယ် အဲတာကတော့ အာရှပရိသတ်တွေကို အများဆုံး ပိုင်ဆိုင်ထားတဲ့ One Championship ရဲ့ လက်ရှိအအောင်မြင်ဆုံး ဖိုက်တာဖြစ်တဲ့ အောင်လ နဲ့ UFC ပြိုင်ပွဲတွေမှာ နာမည်ကြီးတစ်ဦးဖြစ်တဲ့ ခါဘစ်တို့ နှစ်ဦးကို စင်ပေါ်တင်ပေးနိုင်ဖို့ ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ဦးကို ပွဲတည်ပေးဖို့အတွက် အခက်အခဲတစ်ခုတော့ရှိပါတယ် အဲတာကတော့ သူတို့ နှစ်ဦးရဲ့ မတူညီတဲ့ ဝိတ်တန်းပဲ ဖြစ်ပါတယ် အောင်လက မစ်ဒယ်ဝိတ် ဖြစ်ပြီး ခါဘစ်ကတော့ လိုက်ဝိတ်တန်း ဖြစ်ပါတယ အောင်လက ၈၃ ကီလို ဖြစ်ပြီးတော့ ခါဘစ်က ၇၀ ကီလိုလောက်ပဲ ရှိတာပဲ ဒါပေမဲ့ ခုဗီရာနဲ့ ဝိတ်တန်းညှိပြီး ထိုးသွားသလို သူတို့နှစ်ယောက်ဟာလည်း ဝိတ်တန်းကို ၇၆ ကီလိုလောက်ထိ ညှိထိုးမယ်ဆိုရင်တော့ ဒီပွဲကဖြစ်လာနိုင်စရာ ရှိပါတယ် နောက်ပြီး ဖြစ်လာနိုင်စရာရှိတာက အောင်လရော ခါဘစ်ပါ MMA ဖိုက်တာတွေ ဖြစ်နေတာပါပဲ မတူညီတဲ့ နယ်ပယ်က ကစားသမားတွေတောင် UFC မှာ ထိုးနေကြတာဖြစ်ပြီးတော့ ခုလို နယ်ပယ်တူတဲ့ ၂ ယောက်ကို ကြိုးဝိုင်းထဲမှာ တွေ့ပေးဖို့ ဆိုတာ ပိုပြီး အဆင်ပြေနိုင်ပါတယ်။ဒီပွဲသာ ဖြစ်လာခဲ့မယ်ဆိုရင် အရှေ့တိုင်းပရိသတ်တွေ အများဆုံး ပိုင်ဆိုင်ထားတဲ့ One Championship နဲ့ အနောက်တိုင်းပရိသတ်တွေ အများဆုံးရှိတဲ့ UFC တို့အတွက် ဒီပွဲက ရမယ့် အကျိုးအမြတ်ကနည်းမှာ မဟုတ်သလို One Championship အနေနဲ့လည်း UFC ကို ဂုဏ်သိက္ခာပိုင်းအရ ယှဉ်ပြိုင်တဲ့ ပွဲ ဖြစ်လာမှာမို့လို့ အကျိုးရှိစေမဲ့ ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။
ခုချိန်မှာတော့ အောင်လနဲ့ ခါဘစ်တို့ ကြိုးဝိုင်းထဲမှာ ဆုံနိုင်မဆုံနိုင် မသိသေးပေမဲ့ One Championship မှာ ပြိုင်ဘက်ကင်းနေပြီလို့ ဆိုရမဲ့ အောင်လအတွက် One Championship အနေနဲ့ UFC ဖိုက်တာတွေနဲ့ ပွဲတစ်ခု စီစဉ်မလား မစီစဉ်ဘူးလားဆိုတာကတော့ ဘယ်သူမှ သေချာမပြောနိုင်သေးပါဘူး တကယ်လို့သာ စီစဉ်ဖြစ်ခဲ့မယ်ဆိုရင် အောင်လအန်ဆန်းရဲ့ အောင်မြင်မှုတွေဟာ UFC ထိ ပိုမိုကျယ်ပြန့်လာနိုင်တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးတို့ကရော ဘယ်လိုမြင်သလဲ ထင်မြင်ချက်လေးတွေ ရေးခဲ့ကြပါအုံးနော်။Credit-original