Facebook အကောင့်စသုံးနေပြီဖြစ်တဲ့ ကြော်ငြာဘုရင်မ ထက်ထက်မိုးဦး
ဖေ့ဘုတ်စ်မသုံးဘူးလားလို့ မေးလာတဲ့ ပရိသတ်တွေကိုလည်း အင်တာနက်မသုံးတတ်လို့ ဖေ့ဘုတ်စ် မသုံးဖြစ်တာပါလို့ရိုးရိုးသားသား ပြောပြခဲ့တဲ့ ထက်ထက်တစ်ယောက်ကတော့ လက်ရှိမှာ သူမရဲ့ Official Page တစ်ခုနဲ့အတူ ပရိသတ်တွေရှေ့ကို ပြန်လည် ရောက်၇ှိလာခဲ့ပါပြီ ။
unicode
၁၉၉၀-၂၀၀၀)ခုနှစ်များမှာ ရုပ်သံဇာတ်လမ်းတစ်ခုထုတ်လွှင့်နေတိုင်း ကြားဖြတ်ဝင်လာတဲ့ ကြော်ငြာတိုင်းမှာ ဖန်သားပြင်ပရိသတ်တွေကို ရိုးအီနိုင်ခြင်းမရှိအောင်” ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားကြရအောင် လေ….ပန် ပန် ပန် … ” ဆိုတဲ့ စိန်ရွှေရတနာဆိုင်ကြော်ငြာမှာလည်း သူမ၊
မင်းသားချော ဒွေးနဲ့ Veve အသီးချိုရည်ကြော်ငြာမှာလဲ သူမ ၊ MIKKO ကော်ဖီကြော်ငြာမှာလည်း သူမ စသဖြင့် သူမ ကြော်ငြာပေးခဲ့သမျှ အရာအားလုံးကို ပရိသတ်တွေက လက်ခံသုံးစွဲခဲ့တဲ့အထိ လွှမ်းမိုးနိုင်သူ သူမဆိုသူ ဟာ တစ်ချိန်က မှုံရွှေရည် ခေါ် ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။
ကြော်ငြာတိုင်းက ထက်ထက် ကြော်ငြာတွေကြီးပဲ ဖြစ်ပြီး ပရိသတ်တွေက ကြော်ငြာအစ ရုပ်ရှင်ဇာတ်ကားတွေ အဆုံး အုံးအုံးကြွက်ကြွက် အားပေးခဲ့ကြတာပါ ။ မကြာသေးမီကတော့ လူမှုရေးပြဿနာတွေကြောင့် အနုပညာခြေလှမ်းတွေ ကြဲသွားခဲ့ပြီး ပရိသတ်တွေနဲ့ဝေးရာမှာ တရားဘာဝနာ ပွားများရင်း သီလရှင်ဝတ်ခဲ့ပါသေးတယ် ။
ဖေ့ဘုတ်စ်မသုံးဘူးလားလို့ မေးလာတဲ့ ပရိသတ်တွေကိုလည်း အင်တာနက်မသုံးတတ်လို့ ဖေ့ဘုတ်စ် မသုံးဖြစ်တာပါလို့ရိုးရိုးသားသား ပြောပြခဲ့တဲ့ ထက်ထက်တစ်ယောက်ကတော့ လက်ရှိမှာ သူမရဲ့ Official Page တစ်ခုနဲ့အတူ ပရိသတ်တွေရှေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ ။
“Facebook ကိုသုံးတတ်အောင် သင်နေပါတယ်။ အင်္ဂလိပ်စာ သိပ် မကျွမ်းလို့ အရင်က မသုံးခဲ့တာပါ။ အခုမှစသုံးတာဆိုတော့ Like တွေ မများသေးပါဘူး သုံးတတ်သွားပြီဆိုရင်တော့ပုံတွေကိုမျက်စိနောက်အောင်တင်အုံးမှာ ” လို့ ပရိသတ်တွေကိုထက်ထက် က အသိပေးခဲ့တာဖြစ်ပါတယ် ။
ပရိသတ်ကြီးကလည်း Like တွေနည်းနေသေးလို့ ထက်ထက် ရဲ့ Page လေးကိုလည်း Like လုပ်ပေးလိုက်ကြပါဦးနော်။ ထက်ထက် ရဲ့ အနုပညာလှုပ်ရှားမှုတွေ အားလုံးကို ဒီ ပေ့ချ်လေးမှာ မြင်တွေ့ရတော့မှာဆိုတော့ ထက်ထက်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း ဝမ်းသာနေကြမယ်ထင်ပါတယ် ။
ထက်ထက်ကိုချစ်တဲ့ပရိသတ်ကြီးအတွက် ထက်ထက်ရဲ့ Page လေးကို ပြန်လည်မျှဝေပေးလိုက်ပြီမို့ အပြေးလေး Like လုပ်ကြဖို့ မမေ့နဲ့ဦးနော် ။Credit-aungparsay