Latest Posts

” စာသင္ေက်ာင္းၾကီး မီးေလာင္သြားလို႔ ၀မ္းနည္းစြာ ငိုေၾကြးေနၾကတဲ႔ ေက်ာင္းသူေက်ာင္းသားေလးေတြ”

တီးတိန္ျမိဳ႕နယ္၊ တုန္းဇန္ေက်းရြာအထက္တန္းေက်ာင္းခြဲ ေက်ာင္းေဆာင္မီးေလာင္သြားသည့္အတြက္ ေက်ာင္းသူေက်ာင္းသားမ်ားသည္ ဘုရားေက်ာင္းတြင္ ေက်ာင္းတက္ေနၾကရၿပီး ေက်ာင္းသံုးပစၥည္းႏွင့္ စာေရးခံုမ်ားလိုအပ္ေနေၾကာင္း ေက်ာင္းအုပ္ဆရာ ဦးဒါလ္ေပါင္ကေျပာသည္။
တုန္းဇန္ေက်းရြာ အ.ထ.က (ခြဲ) ေက်ာင္းေဆာင္သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၁၁) ရက္ေန႔ညက မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ေက်ာင္းေဆာင္တစ္ေဆာင္၊ ၀န္ထမ္းအိမ္ယာ (၅) လံုး၊ လူေနအိမ္တစ္လံုး ေလာင္ကြ်မ္းပ်က္စီးသြားခဲ့ျခင္းျဖစ္သည္။
သတင္းကြ်တ္ေက်ာင္းပိတ္ရက္အၿပီး ေက်ာင္းျပန္လည္ဖြင့္လွစ္သည့္အခ်ိန္တြင္ ေက်ာင္းသူေက်ာင္းသားမ်ားသည္ ေက်ာင္းေဆာင္မရွိေတာ့သည့္အတြက္ ဘုရားေက်ာင္းႏွင့္ အ.မ.က ေက်ာင္းေဆာင္မ်ားတြင္ ခြဲၿပီးေက်ာင္းတက္ေနၾကရသည္ဟု ေက်ာင္းအုပ္ဆရာကေျပာသည္။

“ေက်ာင္းကေတာ့ ဘုရားေက်ာင္းေတြကိုအားကိုးျပီးေတာ့ ေက်ာင္းဖြင့္ေနတယ္၊ဘုရားေက်ာင္းသံုးေက်ာင္း နဲ႔ အ.မ.က (၁) မွာလည္းတက္ၾကတယ္၊ အဓိကအားျဖင့္ရံုးသံုးေက်ာင္းသံုးပစၥည္းေတြလိုအပ္ေနတယ္ အကုန္လံုးကမီးေလာင္သြားတယ္ဆိုေတာ့ေလ အဲဒါေတြခ်က္ခ်င္းလိုတယ္ ေဘာပင္တို႔ ခဲတံတို႔ကအစ လိုအပ္ေနတယ္ ထိုင္ခံုေတြလည္းလိုအပ္ေနတယ္” ဟုတုန္းဇန္ ေက်ာင္းအုပ္ဆရာ ဦးဒါလ္ေပါင္ကေျပာသည္။
ခ်င္းျပည္နယ္ပညာေရးဌာနမွ မီးေလာင္သြားသည့္ အစိုးရအထက္တန္းေက်ာင္း (ခြဲ) အတြက္ ေရခြက္၊ ေရဗူး၊ ေစာင္၊ ေခါင္းအံုး၊ ျခင္ေထာင္ႏွင့္ အိပ္ယာခင္းတို႔ စီစဥ္ေပးေနေၾကာင္းလည္း သူကေျပာသည္။
ယင္းမီးေလာင္သြားသည့္ အစိုးရအထက္တန္းေက်ာင္း (ခြဲ) အတြက္ မၾကာခင္ ၀န္ထမ္းအိမ္ယာ(၃) လံုးေဆာက္ေပးမည္ျဖစ္ျပီး မီးေလာင္သြားသည့္ ထိုင္ခံုမ်ားအစားထိုး ခံု (၁၀၀) လုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ လူမႈေရး၀န္ၾကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“မၾကာခင္ ၀န္ထမ္းေတြေနဖို႔ တန္ဖိုးနည္းအိမ္ယာ သံုးလံုးေဆာက္ေပးလိုက္မယ္ ျပီးေတာ့အခုေက်ာင္းကေတာ့ ေလာေလာဆယ္ ဘုရားေက်ာင္းမွာပဲ ယာယီစာသင္ဖို႔ေပါ့ေနာ္ ဒါလည္းလုပ္လည္းလုပ္ျပီးေနျပီ မီးေလာင္သြားတဲ့ ခံုေတြအတြက္လည္း က်ေနာ္ ခုံ (၁၀၀) အခုလုပ္ေပးဖို႔ စီစဥ္ေနတယ္ ျပီးေတာ့ ေက်ာင္းေဆာင္ကေတာ့ ျပည္ေထာင္စုကိုတင္ျပရမွာျဖစ္တယ္ တကယ့္ေရရွည္အတြက္ေတာ့ ဒါေပမဲ့ လက္တေလာမွာေတာ့ အလွဴရွင္ေတြနဲ႔ ေပါင္းျပီးမယ္၊ အစိုးရအေနနဲ႔ခ်က္ျခင္းလုပ္ေပးႏိုင္တာက ဘုရားေက်ာင္းေတြကိုအားကူးလုိ႔ရေသးတယ္ ဒါေပမဲ့ဆရာဆရာမေတြေနဖို႔က အဆင္မေျပတဲ့အတြက္ေၾကာင့္ အဲဒါကို ပထမဦးစားေပးျပီးေတာ့ ေဆာင္ရြက္ေပးဖို႔စီစဥ္ေနတယ္” ဟု ၀န္ၾကီးဦးေပါင္လြန္မင္းထန္ကေျပာသည္။တီးတိန္ျမိဳ႕မွ (၁၈) မိုင္ကြာေ၀းေသာ တုန္းဇန္ေက်းရြာ အ.ထ.က (ခြဲ) ေက်ာင္းတြင္ ေက်ာင္းသား ေက်ာင္းသူ (၄၂၀) ရိွသည္ဟု သိရသည္။ Photo Credit – ပံုစာ (တုန္းဇန္ အ.ထ.က (ခြဲ) မွ ေက်ာင္းသူ ေက်ာင္းသားမ်ား)Credit-aungparsay
Unicode
တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာအထက်တန်းကျောင်းခွဲ ကျောင်းဆောင်မီးလောင်သွားသည့်အတွက် ကျောင်းသူကျောင်းသားများသည် ဘုရားကျောင်းတွင် ကျောင်းတက်နေကြရပြီး ကျောင်းသုံးပစ္စည်းနှင့် စာရေးခုံများလိုအပ်နေကြောင်း ကျောင်းအုပ်ဆရာ ဦးဒါလ်ပေါင်ကပြောသည်။
တုန်းဇန်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းဆောင်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၁) ရက်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်၊ ဝန်ထမ်းအိမ်ယာ (၅) လုံး၊ လူနေအိမ်တစ်လုံး လောင်ကျွမ်းပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
သတင်းကျွတ်ကျောင်းပိတ်ရက်အပြီး ကျောင်းပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသူကျောင်းသားများသည် ကျောင်းဆောင်မရှိတော့သည့်အတွက် ဘုရားကျောင်းနှင့် အ.မ.က ကျောင်းဆောင်များတွင် ခွဲပြီးကျောင်းတက်နေကြရသည်ဟု ကျောင်းအုပ်ဆရာကပြောသည်။
“ကျောင်းကတော့ ဘုရားကျောင်းတွေကိုအားကိုးပြီးတော့ ကျောင်းဖွင့်နေတယ်၊ဘုရားကျောင်းသုံးကျောင်း နဲ့ အ.မ.က (၁) မှာလည်းတက်ကြတယ်၊ အဓိကအားဖြင့်ရုံးသုံးကျောင်းသုံးပစ္စည်းတွေလိုအပ်နေတယ် အကုန်လုံးကမီးလောင်သွားတယ်ဆိုတော့လေ အဲဒါတွေချက်ချင်းလိုတယ် ဘောပင်တို့ ခဲတံတို့ကအစ လိုအပ်နေတယ် ထိုင်ခုံတွေလည်းလိုအပ်နေတယ်” ဟုတုန်းဇန် ကျောင်းအုပ်ဆရာ ဦးဒါလ်ပေါင်ကပြောသည်။ချင်းပြည်နယ်ပညာရေးဌာနမှ မီးလောင်သွားသည့် အစိုးရအထက်တန်းကျောင်း (ခွဲ) အတွက် ရေခွက်၊ ရေဗူး၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်နှင့် အိပ်ယာခင်းတို့ စီစဉ်ပေးနေကြောင်းလည်း သူကပြောသည်။
ယင်းမီးလောင်သွားသည့် အစိုးရအထက်တန်းကျောင်း (ခွဲ) အတွက် မကြာခင် ဝန်ထမ်းအိမ်ယာ(၃) လုံးဆောက်ပေးမည်ဖြစ်ပြီး မီးလောင်သွားသည့် ထိုင်ခုံများအစားထိုး ခုံ (၁၀၀) လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။
“မကြာခင် ဝန်ထမ်းတွေနေဖို့ တန်ဖိုးနည်းအိမ်ယာ သုံးလုံးဆောက်ပေးလိုက်မယ် ပြီးတော့အခုကျောင်းကတော့ လောလောဆယ် ဘုရားကျောင်းမှာပဲ ယာယီစာသင်ဖို့ပေါ့နော် ဒါလည်းလုပ်လည်းလုပ်ပြီးနေပြီ မီးလောင်သွားတဲ့ ခုံတွေအတွက်လည်း ကျနော် ခုံ (၁၀၀) အခုလုပ်ပေးဖို့ စီစဉ်နေတယ် ပြီးတော့ ကျောင်းဆောင်ကတော့ ပြည်ထောင်စုကိုတင်ပြရမှာဖြစ်တယ် တကယ့်ရေရှည်အတွက်တော့ ဒါပေမဲ့ လက်တလောမှာတော့ အလှူရှင်တွေနဲ့ ပေါင်းပြီးမယ်၊ အစိုးရအနေနဲ့ချက်ခြင်းလုပ်ပေးနိုင်တာက ဘုရားကျောင်းတွေကိုအားကူးလို့ရသေးတယ် ဒါပေမဲ့ဆရာဆရာမတွေနေဖို့က အဆင်မပြေတဲ့အတွက်ကြောင့် အဲဒါကို ပထမဦးစားပေးပြီးတော့ ဆောင်ရွက်ပေးဖို့စီစဉ်နေတယ်” ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။တီးတိန်မြို့မှ (၁၈) မိုင်ကွာဝေးသော တုန်းဇန်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းတွင် ကျောင်းသား ကျောင်းသူ (၄၂၀) ရှိသည်ဟု သိရသည်။ Photo Credit – ပုံစာ (တုန်းဇန် အ.ထ.က (ခွဲ) မှ ကျောင်းသူ ကျောင်းသားများ)Credit-aungparsay