Latest Posts

ချိုးရုပ်ဇာတ်ကားရဲ့အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုစကားဆိုလိုက်တဲ့ ညီနန္ဒ

ေက်းလက္အေငြ႕အသက္ေလးေတြပါဝင္သလို ညီအစ္ကိုေတြၾကားကခ်စ္ျခင္းတရားကိုေဖာ္ၫႊန္းထားတဲ့ “ခ်ိဳး႐ုပ္” ဇာတ္ကားေလးဟာ ႐ုံတင္ခဲ့ပါၿပီ။ဒီဇာတ္ကားေလးဟာ ခင္လႈိင္အေနနဲ႔ဒါ႐ိုက္တာအျဖစ္ပထမဆုံး႐ုံတင္ခြင့္ရတာျဖစ္သလို ပရိသတ္အႀကိဳက္ေတြ႕ရတဲ့ဇာတ္ကားေကာင္းေလးလည္းျဖစ္ပါတယ္။
ဒီဇာတ္ကားေလးနဲ႔ပတ္သက္ၿပီး ပရိသတ္အခ်စ္ေတာ္ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ညီနႏၵကေတာ့ ခ်ီးက်ဴးဂုဏ္ျပဳစကားကို ေဖ့ဘြတ္မွာရွည္လ်ားစြာေရးသားခဲ့ပါတယ္။ညီနႏၵဟာသူ႔ရဲ႕ေဖ့ဘြတ္ပ႐ိုဖိုင္ပုံမွာလည္း ခ်ိဳး႐ုပ္ဇာတ္ကားရဲ႕ပ႐ိုဖိုင္ frame ကိုသုံးၿပီးဝန္းရံထားတာကိုလည္းေတြ႕ရမွာပါ။ခ်ိဳး႐ုပ္ရဲ႕ Red Carpet ပြဲကို သမီးေလးနဲ႔အတူတူတက္ေရာက္ခဲ့တဲ့ ပုံေတြကိုလည္းတင္ထားပါေသးတယ္။သူ႔ရဲ႕ေဖ့ဘြတ္မွာေတာ့
“ကြၽန္ေတာ့သမီးေလးနဲ႔ Red Carpet Show အတူတက္ခဲ့တဲ့…

“‘ခ်ိဳး႐ုပ္”‘

ကြၽန္ေတာ့ေက်းဇူးရွင္အစ္ကိုရဲ႕ ပထမဦးဆုံး ဖန္တီးတဲ့…

“‘ခ်ိဳး႐ုပ္”‘

ကြၽန္ေတာ့အတြက္ကံေကာင္းျခင္းေတြ ယူေဆာင္လာတဲ့…

“‘ခ်ိဳး႐ုပ္”‘

ေအာင္သီရိ႐ုပ္ရွင္ထုတ္လုပ္ေရး ရဲ႕ လာဘ္ေကာင္…

“‘ခ်ိဳး႐ုပ္”‘

ပရိသတ္ေတြအတြက္ ဒုတိယအပတ္ ႐ုပ္ရွင္႐ုံေတြမွာ

ဆက္လက္ေအာင္ပြဲခံခြင့္ရတဲ့…

“‘ခ်ိဳး႐ုပ္”

ကြၽန္ေတာ္တို႔လာဘ္ေကာင္ “‘ခ်ိဳး႐ုပ္ေလး”‘ ရဲ႕ေအာင္ျမင္ျခင္း ခ်ိဳးကူသံေတြ ျမန္မာတစ္ႏိုင္ငံလုံး ဆက္လက္ ပ်ံ႕ႏွံ႔ပါေစ…” လို႔ ေရးသားထားတာပါ။

ေက်းဇူးရွင္ကိုမေမ့တတ္တဲ့ မင္းသားႀကီးကေတာ့ လႈိက္လႈိက္လွဲလွဲဂုဏ္ျပဳစာေရးသားထားတာပရိသတ္ေတြခံစားမိမွာပါ။ျမန္မာဓေလ့ေက်း႐ြာအေငြ႕အသက္ေတြနဲ႔ ခ်ိဳး႐ုပ္ ဇာတ္ကားကေတာ့ ထပ္မံ႐ုံတင္ထားရၿပီး ေအာင္ျမင္ေနတာ ဝမ္းသာစရာပါပဲေနာ္…။Cele Gabar ပရိသတ္ႀကီးကေရာ ခ်ိဳး႐ုပ္ကို ခံစားၾကည့္ရႉၿပီးၿပီလားေနာ္…။Credit- aungparsay
Unicode
ကျေးလက်အငွေ့အသက်လေးတွေပါဝင်သလို ညီအစ်ကိုတွေကြားကချစ်ခြင်းတရားကိုဖော်ညွှန်းထားတဲ့ “ချိုးရုပ်” ဇာတ်ကားလေးဟာ ရုံတင်ခဲ့ပါပြီ။ဒီဇာတ်ကားလေးဟာ ခင်လှိုင်အနေနဲ့ဒါရိုက်တာအဖြစ်ပထမဆုံးရုံတင်ခွင့်ရတာဖြစ်သလို ပရိသတ်အကြိုက်တွေ့ရတဲ့ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပရိသတ်အချစ်တော် ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ညီနန္ဒကတော့ ချီးကျူးဂုဏ်ပြုစကားကို ဖေ့ဘွတ်မှာရှည်လျားစွာရေးသားခဲ့ပါတယ်။ညီနန္ဒဟာသူ့ရဲ့ဖေ့ဘွတ်ပရိုဖိုင်ပုံမှာလည်း ချိုးရုပ်ဇာတ်ကားရဲ့ပရိုဖိုင် frame ကိုသုံးပြီးဝန်းရံထားတာကိုလည်းတွေ့ရမှာပါ။ချိုးရုပ်ရဲ့ Red Carpet ပွဲကို သမီးလေးနဲ့အတူတူတက်ရောက်ခဲ့တဲ့ ပုံတွေကိုလည်းတင်ထားပါသေးတယ်။သူ့ရဲ့ဖေ့ဘွတ်မှာတော့

“ကျွန်တော့သမီးလေးနဲ့ Red Carpet Show အတူတက်ခဲ့တဲ့…

“‘ချိုးရုပ်”‘



ကျွန်တော့ကျေးဇူးရှင်အစ်ကိုရဲ့ ပထမဦးဆုံး ဖန်တီးတဲ့…



“‘ချိုးရုပ်”‘



ကျွန်တော့အတွက်ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့…



“‘ချိုးရုပ်”‘



အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ လာဘ်ကောင်…
“‘ချိုးရုပ်”‘
ပရိသတ်တွေအတွက် ဒုတိယအပတ် ရုပ်ရှင်ရုံတွေမှာ
ဆက်လက်အောင်ပွဲခံခွင့်ရတဲ့…
“‘ချိုးရုပ်”
ကျွန်တော်တို့လာဘ်ကောင် “‘ချိုးရုပ်လေး”‘ ရဲ့အောင်မြင်ခြင်း ချိုးကူသံတွေ မြန်မာတစ်နိုင်ငံလုံး ဆက်လက် ပျံ့နှံ့ပါစေ…” လို့ ရေးသားထားတာပါ။
ကျေးဇူးရှင်ကိုမမေ့တတ်တဲ့ မင်းသားကြီးကတော့ လှိုက်လှိုက်လှဲလှဲဂုဏ်ပြုစာရေးသားထားတာပရိသတ်တွေခံစားမိမှာပါ။မြန်မာဓလေ့ကျေးရွာအငွေ့အသက်တွေနဲ့ ချိုးရုပ် ဇာတ်ကားကတော့ ထပ်မံရုံတင်ထားရပြီး အောင်မြင်နေတာ ဝမ်းသာစရာပါပဲနော်…။Cele Gabar ပရိသတ်ကြီးကရော ချိုးရုပ်ကို ခံစားကြည့်ရှူပြီးပြီလားနော်…။Credit- aungparsay