Latest Posts
ဇာတ်ကားထဲမှာဝလိုက်တာလို့ဝေဖန်တဲ့သူတွေကို ဝအောင်လုပ်ထားရတဲ့အကြောင်းရင်းပြောပြလိုက်တဲ့သားညီ
Unicode
သရုပ်ဆောင်ကောင်းတွေဟာဇာတ်ရုပ်အလိုက် ပီပီပြင်ပြင်သရုပ်ဆောင်ဖို့အစွမ်းကုန်ကြိုးစားကြသူတွေပါ။မင်းသမီး၊မင်းသားတွေဟာ ရုပ်ချောဖို့လိုအပ်သလို တခါတလေမှာလိုအပ်ရင်လည်းရုပ်ဆိုးဖို့ကြိုးစားရတတ်ပါတယ်။အခုတလောမှာတော့ သရုပ်ဆောင်ဖြစ်သလို ဒါရိုက်တစ်ယောက်လည်းဖြစ်တဲ့ သားညီကို ဇာတ်ကားထဲမှာအရမ်းတွေဝနေပါတယ်ဆိုပြီး ဝေဖန်ခံနေရတာပါ။
သားညီကတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း သေသေသပ်သပ်ရိုက်ကူးပြီးအကောင်းဆုံးတွေဖန်တီးတတ်သူပါ။အခုဆိုရင်ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲကိုလည်း MRTV-4 မှာ ပြသနေတာဖြစ်ပါတယ်။အများကဝေဖန်နေကြသလို ဝနေတာဟာလည်းဇာတ်ရုပ်ပီပြင်ဖို့အတွက်ဖြစ်ကြောင်းကို “Boxno88 မှာ သားညီက ဝလိုက်တာတဲ့ !!!ကာရိုက်တာ အရ ဝပေးလိုက်ရတာယူတို့သိဖို့ …” လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားတာပါ။ဒီလိုရေးသားထားတာနဲ့အတူ ဇာတ်ကောင်ကာရိုက်တာကိုပုံကြမ်းရေးဆွဲထားတာနဲ့ဇာတ်ကားထဲကပုံနဲ့ကိုယှဉ်ပြီးတော့တင်ထားပါသေးတယ်။တကယ့်တော့ဝနေတာဟာ ဇာတ်ကားထဲမှာ ၀၀ခန့်ခန့်စခန်းမှူးရုပ်သွင်ကိုဖမ်းချင်လို့ဖြစ်ပါတယ်။တကယ်တမ်းလည်း ၀၀ခန့်ခန့်နဲ့ဖြစ်နေပြီးဇာတ်ရုပ်နဲ့လိုက်ဖက်နေတယ်ဆိုရမှာပါ။Cele Gabar ပရိသတ်ကြီးကကော ဒီဇာတ်ရုပ်နဲ့လိုက်ဖက်တယ်လို့ထင်လား…ဘယ်လိုထင်သလဲနော်….။Credit-aungparsay