“နှလုံးသွေးကြော ကျဉ်းသူများ အတွက် မခွဲရဘဲပျောက်တဲ့ သဘာဝဆေးနည်း”
ဆေးဖော်နည်း
ကဲ…ပရိသတ်ကြီးရေ ငွေသိပ်မကုန်တဲ့ဆေးနည်းလေးမို့ ရောဂါခံစားနေရသူတွေအတွက် တကယ့်ကို အဖိုးတန် ဆေးနည်းလေးပါနော်….. မိမိ ဆွေမျိုး သူငယ်ချင်း မိတ်ဆွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါအုံးနော်… အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ…Credit– HW (Shwe Yaung Lan);Source : မြန်မာဆေးနည်းများ
Unicode
ပရိသတ်ကြီးတို့ရေ … ကျနော်တို့ရဲ့ မီဒီယာ စာမျက်နှာလေးက ပရိသတ်ကြီးတို့ အတွက် ဗဟုသုတ သတင်းစုံကို တင်ဆက်ပေးနေရုံသာမက ပရိတ်သတ်ကြီးတို့ရဲ့ ကျန်းမာရေးကိုပါ တန်ဖိုးထားတာကြောင့် ကျန်းမာရေး ဆေးနည်း အကြောင်းလေးတွေကိုပါ ရှာဖွေ တင်ဆက်ပေးလျက်ရှိပါတယ်နော်…
အခု ပြန်လည်မျှဝေပေးချင်တာကတော့ ရုတ်တရက်သေဆုံးသွားနိုင်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်းလေး တစ်ခုပဲ ဖြစ်ပါတယ်….
နှလုံးသွေးကြောကျဉ်း ရောဂါဆိုတာကတော့ နှလုံးသွေးကြောအတွင်း အဆီခဲများစုပုံလာတာကြောင့် နှလုံးသွေးကြောကျဉ်းပြီးတော့ နှလုံးသွေးကြောအတွင်း သွေးစီးဆင်းမှုလျော့နည်းခြင်း ဒါမှမဟုတ် ပိတ်ခြင်းတို့ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်…
အဲဒီလို ဖြစ်ရင် နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေးကြောတွင် ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်ခြင်း (Gangrene) တို့ကို ဖြစ်တတ်တာကြောင့် အရမ်းပဲ ကြောက်ဖို့ ကောင်းတာပါနော်…..
အောက်မှာ ဖော်ပြပေးထားတာကတော့ နှလုံးသွေးကြောကျဉ်း ရောဂါအတွက် ခွဲစိတ်ကုသစရာမလိုဘဲ သက်သာ ပျောက်ကင်းစေတဲ့ ရိုးရာဆေးမြီးတိုလေးပဲ ဖြစ်ပါတယ်….
ဆေးဖော်နည်း
(၁) သံပုယိုသီး (သို့မဟုတ်) ရှောက်သီးအရည် လက်ဖက်ရည်ခွက် ၁ ခွက်
(၂) ဂျင်း(ချင်း)အရည် ၁ ခွက်
(၃) ကြက်သွန်ဖြူ အရည် ၁ ခွက်
(၄) ပန်းသီးရှာလကာရည် (Apple Cider Vinegar) ၁ ခွက် (Apple Vinegar ကို City Mark လို ဆိုင်တွေမှာ ဝယ်နိုင်ပါတယ်)
အပေါ်က အမယ်(၄)မျိုးကို ရောစပ်၍ မီးလျှော့ထားပြီး (၁) နာရီခန့်ကြာအောင် (ဒါမှမဟုတ်) ၄ ခွက်တွင် ၃ခွက်ကျန်တဲ့အထိ ကြိုလိုက်ပါ။ ပြီးရင်တော့ အအေးခံထားပြီး ပျားရည်စစ်စစ် လက်ဖက်ရည်ခွက် ၃ ခွက်ရောနှံ့အောင်မွှေပြီး ဖန်ပုလင်းထဲ ထည့်ပြီး နေ့စဉ် သုံးဆောင်နိုင်ပါတယ်…
ဆေးသောက်ရန် အညွန်းကတော့ နံနက်အိပ်ယာထ အစာမစားမီ ထမင်းစားဇွန်းအပြည့် တစ်ဇွန်းသောက်ပါ…
တစ်နေ့တစ်ကြိမ် နေ့စဉ် တစ်လတိတိ သောက်သုံးမယ်ဆိုရင် နှလုံးသွေးကြော ပြန်ပွင့်သွားပြီး ပြန်လည်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်…
ကဲ…ပရိသတ်ကြီးရေ ငွေသိပ်မကုန်တဲ့ဆေးနည်းလေးမို့ ရောဂါခံစားနေရသူတွေအတွက် တကယ့်ကို အဖိုးတန် ဆေးနည်းလေးပါနော်….. မိမိ ဆွေမျိုး သူငယ်ချင်း မိတ်ဆွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါအုံးနော်… အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ…Credit– HW (Shwe Yaung Lan);Source : မြန်မာဆေးနည်းများ


