Latest Posts

ဟိန်းမင်းသူရဲ့မွေးနေ့မှာ နှစ်ယောက်အတူ ဘုရားသွားကျောင်းတက်ပြုလုပ်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုဖိုင်လေး

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ လက်ရှိအချိန်မှာ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားတွေနဲ့ သီချင်းဗီဒီယိုတွေအပြင် ကြော်ငြာတွေလည်း အများဆုံးရိုက်ကူးနေရတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အလန်းစားဖက်ရှင်တွေနဲ့ ပွဲတက်လေ့ရှိတဲ့ သင်ဇာဝင့်ကျော်က ပရိသတ်တွေအားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဇာက နေရာဒေသနဲ့ကိုက်ညီအောင် ဝတ်စားဆင်ယင်တတ်သူလေး ဖြစ်ပါတယ်။

ဒီနေ့အောက်တိုဘာလ (၂၅) ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်က အဆိုတော်ဟိန်းမင်းသူနဲ့အတူ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ သင်ဇာက မွေးနေ့ရှင်ဖြစ်တဲ့ ဟိန်းမင်းသူနဲ့အတူ ဘုရားသွားကျောင်းတက်ပြုလုပ်နေတဲ့ လှုပ်ရှားမှုလေးတွေကို သူမရဲ့My Story မှာတင်ပေးထားတာပဲ ဖြစ်ပါတယ်။ သင်ဇာနဲ့ဟိန်းမင်းသူတို့နှစ်ယောက်က မြန်မာဝတ်စုံလေးတွေဝတ်ဆင်ပြီး အရမ်းကို ကျက်သရေရှိနေကြတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူတို့က ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နှစ်ယောက်အတူတူဘုရားဖူးရင်း ကုသိုလ်ယူခဲ့ကြတာလည်း ဖြစ်ပါတယ်။ သင်ဇာက Birthday Boy လေးဟိန်းမင်းသူအတွက် မွေးနေ့ဆုတောင်းပေးထားသလို အမှတ်တရပုံရိပ်လေးတွေလည်း အတူရိုက်ကူးခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘုရားသွားကျောင်းတက်ပြုလုပ်ခဲ့ကြတဲ့ ဟိန်းမင်းသူနဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Photo & Video Credit-Thin Zar Wint Kyaw’s FBCredit-swelsone