Latest Posts

စစ်ကိုင်းတောင်ရိုးတွင် ရေတင်မီတာခ တလကျပ် သိန်း ၃၇၀ ကျော်ကုန်ကျနေသဖြင့် ရေငတ်နိုင်ဟု သီတဂူဆရာတော်မိန့်ကြား

စစ္ကိုင္းေတာင္႐ိုးမွာ ေရတင္ရာမွာ အသုံးျပဳတဲ့ မီတာခစရိတ္ဟာ တလက်ပ္ သိန္း ၃၇၀ ေက်ာ္ကုန္က်ေနၿပီး လာမယ့္ေႏြရာသီမွာ က်ပ္ သိန္း ၄၀၀ ေက်ာ္ကုန္က်ႏိုင္တယ္လို႔ သီတဂူဆရာေတာ္က မိန႔္ၾကားပါတယ္။ စစ္ကိုင္းၿမိဳ႕၊ အျပည္ျပည္ဆိုင္ရာ အကယ္ဒမီရိပ္သာမွာ ေအာက္တိုဘာ ၂၄ ရက္မနက္က က်င္းပတဲ့ စစ္ကိုင္းေတာင္႐ိုးရွိ သီလရွင္ ဆရာႀကီး၊ ဆရာေလးေတြရဲ႕ ဝါကြၽတ္ကန္ေတာ့ပြဲ အခမ္းအနားမွာ မိန႔္ၾကားခဲ့တာပါ။

သီတဂူဆရာေတာ္အရွင္ဉာဏိႆရက “ဆရာေတာ္ေရအလႉ လႉခဲ့တာ ႏွစ္ ၄၀ ရွိၿပီ။ စလႉခဲ့တုန္းက တယူနစ္ကို ၁၇ ျပားက်တယ္။ ဇူလိုင္လမွာ မီတာခတက္ေတာ့ တယူနစ္ ၁၂၅ က်ပ္ျဖစ္လို႔ တလကို က်ပ္ သိန္း ၃၇၀ ေက်ာ္က်သြားတယ္။ ေႏြဆိုရင္ တလ သိန္း ၄၀၀ ေက်ာ္က်သြားႏိုင္တယ္။ ဒီလိုလတိုင္း အစိုးရကိုလႉေနရင္ တို႔စုထားတဲ့ သိန္းေပါင္း တစ္ေသာင္းဟာ ကုန္သြားရင္ ဒီေတာင္႐ိုးမွာ ေရငတ္ဖို႔ အေၾကာင္းရွိတယ္။ ေရအလႉပေဒသာပင္ တပင္ကို ၆ သိန္းနဲ႔အလႉရွင္ေပါင္းတစ္ေသာင္းရမွ သိန္းေပါင္းေျခာက္ေသာင္းရမယ္။ ဒါမွတစ္လ သိန္း ၄၀၀ အတိုးနဲ႔ ေပးႏိုင္ရင္ေနလည္းေနေပ်ာ္ၿပီ။ ေသလည္းေသေပ်ာ္ၿပီ”လို႔ မိန႔္ပါတယ္။
စစ္ကိုင္းေတာင္႐ိုးမွာ ေရအလႉကို ၁၉၈၀ ျပည့္ႏွစ္က စတင္ခဲ့ၿပီး ေရစက္႐ုံ ၃ ႐ုံ၊ ျမင္းေကာင္ေရ ၅၀ ေမာ္တာ ၁၇ လုံး၊ ပိုက္လိုင္းအရွည္ ေပ ၈ သိန္းေက်ာ္၊ ဂါလန္ တသိန္းဆံ့ ေရကန္ ၂၂ ကန္၊ ဂါလန္ ငါးေသာင္းဆံ့ ေရကန္ ၁၁ ကန္နဲ႔ ေန႔စဥ္ ေရဂါလန္ ၁၀ သိန္း ျဖန႔္ေဝ ေပးေနတာပါ။ စစ္ကိုင္း ေ႐ႊမင္းဝံရပ္ကြက္ရွိ ေခမာသုတပါရမီေခ်ာင္က သီလရွင္ ဆရာေလးမသီဂိမာလာက “စစ္ကိုင္းေတာင္႐ိုးက သာသနာျပဳဆရာေတာ္ ဆရာေလးေတြ အမ်ားအျပားရွိေတာ့ တေန႔ကို ေရဂါလန္ ၁၀ သန္း ျဖန႔္ေဝရတယ္”လို႔ ဒီဗြီဘီကိုမိန႔္ပါတယ္။

စစ္ကိုင္းေတာင္႐ိုးမွာ တရားက်င့္ႀကံဖို႔ လာေရာက္ၾကသူေတြအျပင္ ရွမ္း၊ ကခ်င္၊ ကရင္၊ ပေလာင္၊ မြန္၊ ကယန္း၊ ပအိုဝ့္ စတဲ့ အနယ္နယ္အရပ္ရပ္က စစ္ေဘးေရွာင္ေရာက္လာသူေတြဟာ သာသနာ့ေဘာင္ဝင္ကာ ေက်ာင္းတက္ေနၾကတာလည္း ရွိပါတယ္။ ဒါ့အျပင္ မိဘေတြက စားဝတ္ေနရ အခက္အခဲ ႐ုန္းကန္ ရင္ဆိုင္ေနရလို႔ သားသမီးေတြကို စစ္ကိုင္းေခ်ာင္မွာ လာထားၾကသူေတြလည္း ရွိပါတယ္။စစ္ကိုင္းေတာင္႐ိုးမွာ သံဃာေတာ္ ၄၃၆၆ ပါး၊ သာမေဏ ၄၆၀၉ ပါး၊ သီလရွင္ ၇၈၈၄ ပါး စုစုေပါင္း ၆၈၅၉ ပါးရွိၿပီး ေက်ာင္းေပါင္း ၇၈၇ ေက်ာင္း၊ ေခ်ာင္ေပါင္း ၄၂၈ ေခ်ာင္ စုစုေပါင္း ၁၃၀၆ ေက်ာင္း ရွိပါတယ္။Credit-burmese.asia
Unicode
စစ်ကိုင်းတောင်ရိုးမှာ ရေတင်ရာမှာ အသုံးပြုတဲ့ မီတာခစရိတ်ဟာ တလကျပ် သိန်း ၃၇၀ ကျော်ကုန်ကျနေပြီး လာမယ့်နွေရာသီမှာ ကျပ် သိန်း ၄၀၀ ကျော်ကုန်ကျနိုင်တယ်လို့ သီတဂူဆရာတော်က မိန့်ကြားပါတယ်။ စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာ အကယ်ဒမီရိပ်သာမှာ အောက်တိုဘာ ၂၄ ရက်မနက်က ကျင်းပတဲ့ စစ်ကိုင်းတောင်ရိုးရှိ သီလရှင် ဆရာကြီး၊ ဆရာလေးတွေရဲ့ ဝါကျွတ်ကန်တော့ပွဲ အခမ်းအနားမှာ မိန့်ကြားခဲ့တာပါ။
သီတဂူဆရာတော်အရှင်ဉာဏိဿရက “ဆရာတော်ရေအလှူ လှူခဲ့တာ နှစ် ၄၀ ရှိပြီ။ စလှူခဲ့တုန်းက တယူနစ်ကို ၁၇ ပြားကျတယ်။ ဇူလိုင်လမှာ မီတာခတက်တော့ တယူနစ် ၁၂၅ ကျပ်ဖြစ်လို့ တလကို ကျပ် သိန်း ၃၇၀ ကျော်ကျသွားတယ်။ နွေဆိုရင် တလ သိန်း ၄၀၀ ကျော်ကျသွားနိုင်တယ်။ ဒီလိုလတိုင်း အစိုးရကိုလှူနေရင် တို့စုထားတဲ့ သိန်းပေါင်း တစ်သောင်းဟာ ကုန်သွားရင် ဒီတောင်ရိုးမှာ ရေငတ်ဖို့ အကြောင်းရှိတယ်။ ရေအလှူပဒေသာပင် တပင်ကို ၆ သိန်းနဲ့အလှူရှင်ပေါင်းတစ်သောင်းရမှ သိန်းပေါင်းခြောက်သောင်းရမယ်။ ဒါမှတစ်လ သိန်း ၄၀၀ အတိုးနဲ့ ပေးနိုင်ရင်နေလည်းနေပျော်ပြီ။ သေလည်းသေပျော်ပြီ”လို့ မိန့်ပါတယ်။
စစ်ကိုင်းတောင်ရိုးမှာ ရေအလှူကို ၁၉၈၀ ပြည့်နှစ်က စတင်ခဲ့ပြီး ရေစက်ရုံ ၃ ရုံ၊ မြင်းကောင်ရေ ၅၀ မော်တာ ၁၇ လုံး၊ ပိုက်လိုင်းအရှည် ပေ ၈ သိန်းကျော်၊ ဂါလန် တသိန်းဆံ့ ရေကန် ၂၂ ကန်၊ ဂါလန် ငါးသောင်းဆံ့ ရေကန် ၁၁ ကန်နဲ့ နေ့စဉ် ရေဂါလန် ၁၀ သိန်း ဖြန့်ဝေ ပေးနေတာပါ။ စစ်ကိုင်း ရွှေမင်းဝံရပ်ကွက်ရှိ ခေမာသုတပါရမီချောင်က သီလရှင် ဆရာလေးမသီဂိမာလာက “စစ်ကိုင်းတောင်ရိုးက သာသနာပြုဆရာတော် ဆရာလေးတွေ အများအပြားရှိတော့ တနေ့ကို ရေဂါလန် ၁၀ သန်း ဖြန့်ဝေရတယ်”လို့ ဒီဗွီဘီကိုမိန့်ပါတယ်။
စစ်ကိုင်းတောင်ရိုးမှာ တရားကျင့်ကြံဖို့ လာရောက်ကြသူတွေအပြင် ရှမ်း၊ ကချင်၊ ကရင်၊ ပလောင်၊ မွန်၊ ကယန်း၊ ပအိုဝ့် စတဲ့ အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်ရောက်လာသူတွေဟာ သာသနာ့ဘောင်ဝင်ကာ ကျောင်းတက်နေကြတာလည်း ရှိပါတယ်။ ဒါ့အပြင် မိဘတွေက စားဝတ်နေရ အခက်အခဲ ရုန်းကန် ရင်ဆိုင်နေရလို့ သားသမီးတွေကို စစ်ကိုင်းချောင်မှာ လာထားကြသူတွေလည်း ရှိပါတယ်။စစ်ကိုင်းတောင်ရိုးမှာ သံဃာတော် ၄၃၆၆ ပါး၊ သာမဏေ ၄၆၀၉ ပါး၊ သီလရှင် ၇၈၈၄ ပါး စုစုပေါင်း ၆၈၅၉ ပါးရှိပြီး ကျောင်းပေါင်း ၇၈၇ ကျောင်း၊ ချောင်ပေါင်း ၄၂၈ ချောင် စုစုပေါင်း ၁၃၀၆ ကျောင်း ရှိပါတယ်။Credit-burmese.asia