Latest Posts
‘ပျော်ရွှင်ခြင်းအစစ်အမှန်’ဆိုတဲ့ စာသားနဲ့အတူဘုရားသွားတဲ့ ပုံရိပ်တွေကိုမျှဝေခဲ့တဲ့ ထူးအောင်
Unicode
နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် တစ်ယောက်ဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင်ထူးအောင်ဟာ ပရိသတ်အားပေးမှုတွေ အများကြီးရရှိလာပြီး တဖြည်းဖြည်းနဲ့ အောင်မြင်ကျော်ကြားလာသူတစ်ဦးပါ။ ဒါ့အပြင် အမိုက်စား Body နဲ့ ချောမောလှပတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ ထူးအောင်ဟာ သရုပ်ဆောင်အပိုင်းမှာလဲ အကောင်းဆုံးကြိုးစားမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိနေသူတစ်ဦးလည်းဖြစ်ပါတယ်။ထူးအောင်ဟာ အလုပ်အားတဲ့အချိန်တွေမှာ နာရေးကူညီမှုအသင်းနဲ့ ပရဟိတ အသင်းတွေမှာ ပါဝင်ကူညီလေ့ရှိတတ်ပြီး အခုအခါမှာလည်း ဘုရားဖူးနေတဲ့ သူရဲ့ပုံရိပ်တွေကို ‘စစ်မှန်တဲ့ ပျော်ရွှင်ခြင်’းဆိုတဲ့ခေါင်းစဉ်နဲ့မျှဝေခဲ့တာလဲဖြစ်ပါတယ်။
Model လောကမှာထဲက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေပါ တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရပြီး အခုအခါ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေတာလည်း တွေ့ရပါတယ်။ထူးအောင်ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့’အကြင်နာမြစ်ဖျား’ရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 မှာထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာလည်း ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲတွေအပြင် ထူးအောင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ချို့လဲ ရုံတင်လျှက်ရှိပါတယ်။ပရိသတ်တို့ရော အမိုက်စားဘော်ဒီနဲ့ ထူးအောင်ကိုကြွေကြလားဗျ။အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။Credit-aungparsay