Latest Posts

မြန်မာ့အတိုးတက်ဆုံးအားကစားသမားဆုကို သက်ထားသူဇာရရှိ

ယမန္ေန႔က ျမန္မာႏိုင္ငံအားကစားမီဒီယာမ်ားအဖြဲ႕ခ်ဳပ္က ျမန္မာအားကစားေလာကရဲ႕ ၂၀၁၈ ခုႏွစ္အတြင္း အေကာင္းဆုံးဆုကစားသမားဆုေတြကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဆိုပါ ဆုေတြထဲမွာမွ က်ေနာ္တို႔ရဲ႕ ျမန္မာ့ဂုဏ္ေဆာင္အခ်စ္ေတာ္ ၾကက္ေတာင္မယ္ေလး သက္ထားသူဇာကေတာ့ ၂၀၁၈ ခုႏွစ္ရဲ႕ အတိုးတက္ဆုံးအားကစားသမားဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့ပါတယ္။
က်န္တဲ့ဆုေတြျဖစ္တဲ့ အေကာင္းဆုံးအမ်ိဳးသား/အမ်ိဳးသမား အားကစားသမားဆုေတြကိုေတာ့ ဝူရႉးအားကစားသမားေတြ ျဖစ္တဲ့ ၿငိမ္းခ်မ္းကိုကိုနဲ႔ ေအးသစၥာျမင့္တို႔က ရရွိခဲ့ပါတယ္။အထူးဆုကိုေတာ့ ကာယဗလ ေမာင္ျဖစ္တဲ့ ထြန္းမင္းက ရရွိၿပီး တက္သစ္စလူငယ္အားကစားသမားဆု ကိုေတာ့ တိုက္ကြမ္ဒို ကစားသမား ထြန္းလင္းေအာင္က ရရွိခဲ့ပါတယ္။ဒါ့အျပင္ လႈပ္ရွားတက္ႂကြမႈအေကာင္းဆုံး အဖြဲ႕ခ်ဳပ္ဆုကိုေတာ့ ဘိလိယက္ႏွင့္ စႏူကာအဖြဲ႕ခ်ဳပ္က ရရွိၿပီးေတာ့ အသင္းလိုက္အေကာင္းဆုံးဆုကိုေတာ့ ျမန္မာ့႐ိုးရာေလွေလွာ္အဖြဲ႕က ရရွိခဲ့ပါတယ္။
ဆုခ်ီးျမႇင့္ပြဲကိုေတာ့ လာမယ့္ ေအာက္တိုဘာ ၃၁ ရက္ နံနက္ ၉ နာရီမွာ ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္ က်ိဳကၠဆံကြင္းက အားကစားႏွင့္ ကာယပညာသိပၸံ(ရန္ကုန္) သင္တန္းခန္းမမွာ ခ်ီးျမႇင့္ သြားမွာ ျဖစ္ပါတယ္။ တစ္ႏွစ္တာအတြင္း ျမန္မာ့အေကာင္းဆုံးအားကစားဆုေတြကို ခ်ီးျမႇင့္ျခင္းျဖစ္ၿပီး ေ႐ႊတံဆိပ္ဆုမ်ားစြာ ရယူႏိုင္ၿပီး ႏိုင္ငံ့ဂုဏ္ကို ျမႇင့္တင္ေပးခဲ့တဲ့ ၾကက္ေတာင္အားကစားမယ္ေလး သက္ထားသူဇာလည္း ဆုရသူေတြထဲက တစ္ေယာက္အပါအဝင္ ျဖစ္ခဲ့တာပါ ကဲ ပရိသတ္ႀကီးတို႔လည္း သက္ထားသူဇာအတြက္ ဝမ္းသာစကားေလးေျပာေပးခဲ့ၾကပါအုံးေနာ္။Credit- burmse.asia
Unicode
ယမန်နေ့က မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က မြန်မာအားကစားလောကရဲ့ ၂၀၁၈ ခုနှစ်အတွင်း အကောင်းဆုံးဆုကစားသမားဆုတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ဆုတွေထဲမှာမှ ကျနော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင်အချစ်တော် ကြက်တောင်မယ်လေး သက်ထားသူဇာကတော့ ၂၀၁၈ ခုနှစ်ရဲ့ အတိုးတက်ဆုံးအားကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။
ကျန်တဲ့ဆုတွေဖြစ်တဲ့ အကောင်းဆုံးအမျိုးသား/အမျိုးသမား အားကစားသမားဆုတွေကိုတော့ ဝူရှူးအားကစားသမားတွေ ဖြစ်တဲ့ ငြိမ်းချမ်းကိုကိုနဲ့ အေးသစ္စာမြင့်တို့က ရရှိခဲ့ပါတယ်။အထူးဆုကိုတော့ ကာယဗလ မောင်ဖြစ်တဲ့ ထွန်းမင်းက ရရှိပြီး တက်သစ်စလူငယ်အားကစားသမားဆု ကိုတော့ တိုက်ကွမ်ဒို ကစားသမား ထွန်းလင်းအောင်က ရရှိခဲ့ပါတယ်။ဒါ့အပြင် လှုပ်ရှားတက်ကြွမှုအကောင်းဆုံး အဖွဲ့ချုပ်ဆုကိုတော့ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ရရှိပြီးတော့ အသင်းလိုက်အကောင်းဆုံးဆုကိုတော့ မြန်မာ့ရိုးရာလှေလှော်အဖွဲ့က ရရှိခဲ့ပါတယ်။
ဆုချီးမြှင့်ပွဲကိုတော့ လာမယ့် အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီမှာ ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံကွင်းက အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းခန်းမမှာ ချီးမြှင့် သွားမှာ ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း မြန်မာ့အကောင်းဆုံးအားကစားဆုတွေကို ချီးမြှင့်ခြင်းဖြစ်ပြီး ရွှေတံဆိပ်ဆုများစွာ ရယူနိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့တဲ့ ကြက်တောင်အားကစားမယ်လေး သက်ထားသူဇာလည်း ဆုရသူတွေထဲက တစ်ယောက်အပါအဝင် ဖြစ်ခဲ့တာပါ ကဲ ပရိသတ်ကြီးတို့လည်း သက်ထားသူဇာအတွက် ဝမ်းသာစကားလေးပြောပေးခဲ့ကြပါအုံးနော်။Credit- burmse.asia