`ျပန္မျပင္ႏိုင္ေတာ့ဘူးလားဟင္´ ဆိုျပီး ဒိုင္ေတြကို အသနားခံခဲ႔တဲ႔ လမင္းအိမ္
ဒီေန႔ေတာ့ ဦးေအာင္ကိုလတ္တို႔က သူမကိုေနာက္တစ္ဆင့္ေခၚမသြားႏိုင္ေၾကာင္း ဆုံးျဖတ္ခဲ့ၾကသတဲ့။ ဒီအသံမွာ သူမ`တုန္´သြားပုံေလးကို ကြၽန္ေတာ္သည္ပင္လွ်င္ ေရွာ့ခ္ျဖစ္ရေခ်သည္။ ဒီအေျဖကိုသူမေမွ်ာ္လင့္ထားပုံမေပၚပါ။ သူမသည္ Judge မ်ားကိုေမာ့ၾကည့္လိုက္ရင္း အတြင္းခန္းမ်ား၊ အိပ္မက္မ်ား၊ မယုံၾကည္ႏိုင္ျခင္းမ်ားကိုျဖတ္သန္းလာေသာ အသံတစ္ခု၊ ဒါမွမဟုတ္ ေမးခြန္းတစ္ခုကိုထုတ္ေျပာလိုက္ေလသည္။ `ျပန္မျပင္ႏိုင္ေတာ့ဘူးလားဟင္´ ဆိုလားပါပဲ။ ၾကည့္စမ္းပါကြာ.
ကြၽန္ေတာ္သည္ သူမေနာက္တစ္ဆင့္တက္သင့္သလားျပတ္သားစြာသိရွိသူတစ္ဦးမဟုတ္ပါ။ ထို႔အတူ သူမ၏ဂီတပါရမီကိုလည္း ကြၽန္ေတာ္မခန္႔မွန္းႏိုင္။ ထို႔ေၾကာင့္သူမက်န္ရစ္ခဲ့ျခင္းအား မနာက်င္တတ္ခဲ့ပါ။ သို႔ေသာ္ ၿပိဳင္ပြဲတစ္ပြဲမွာ၊ ၿပိဳင္ပြဲတစ္ခုစာက်ရႈံးရေလျခင္းအတြက္ `ျပန္မျပင္ႏိုင္ေတာ့ဘူးလားဟင္´ဟု မ်က္ရည္တစ္ဝက္ျပန္ေမး လိုက္ပုံေလးမွာေတာ့ ကြၽန္ေတာ္လည္းေဆြးသြားတာအမွန္ပါပဲ။
ျပန္မျပင္ႏိုင္ေတာ့ဘူးလား၊ ႏွစ္ေပါင္းမ်ားစြာစိုးမိုးဗိုလ္က်ခဲ့ၾကၿပီးၿပီ။ ျပန္မျပင္ႏိုင္ေတာ့ဘူးလား။ အခ်စ္မွာ ေနာက္က်သြားေသာနာရီမ်ားမလည္ပတ္ခဲ့ပါ။ ျပန္မျပင္ႏိုင္ေတာ့ဘူးလား။ ကြၽန္ေတာ္ဟာ တစ္ဘဝလုံးဒီတစ္ႀကိမ္ေလးပဲမွားခဲ့တာေလ။ ကြၽန္ေတာ္သည္ လမင္းအိမ္ႏႈတ္ခမ္းေလး မွတစ္ဆင့္ တကယ့္အျပင္ကမာၻႀကီးအားေငးၾကည့္ေနမိေလသည္။Credit -N ၾကယ္မင္း
Unicode
သူမနာမည် လမင်းအိမ်ဆိုလား..။ မနှစ်ကဘယ်အဆင့်မှာပြုတ်သွားသည်ဆိုလား..။ သူမကိုအသေအချာမသိခဲ့သည့်တိုင် သူမကိုနောက်တစ်ကြိမ်ပြန်တွေ့လေတိုင်းမှာ နောက်တစ်ကြိမ်တိုက်ပွဲဝင်ရှာသူချာတိတ်ဆိုတာကို ကျွန်တော်မှတ်မိနေတတ်သည်။ သူမကိုသတိပြုမိစွာကြည့်ဖြစ်လေတိုင်းမှာလည်း မခံချင်စိတ်ရှိသူ၊ အရှုံးဆိုတဲ့စကား တစ်လုံးတစ်ပါဒမျှမကြားလိုသူ၊ မာနစိတ်ရှိသူ၊ ပြီးတော့ ဘာနေနေမိမိကိုယ်ကိုယ်ယုံကြည်မိရှိလေသူကလေးမတစ်ဦးအဖြစ်Memory ထဲစွဲမှတ်နေမိတတ်လေသည်။
ဒီနေ့တော့ ဦးအောင်ကိုလတ်တို့က သူမကိုနောက်တစ်ဆင့်ခေါ်မသွားနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသတဲ့။ ဒီအသံမှာ သူမ`တုန်´သွားပုံလေးကို ကျွန်တော်သည်ပင်လျှင် ရှော့ခ်ဖြစ်ရချေသည်။ ဒီအဖြေကိုသူမမျှော်လင့်ထားပုံမပေါ်ပါ။ သူမသည် Judge များကိုမော့ကြည့်လိုက်ရင်း အတွင်းခန်းများ၊ အိပ်မက်များ၊ မယုံကြည်နိုင်ခြင်းများကိုဖြတ်သန်းလာသော အသံတစ်ခု၊ ဒါမှမဟုတ် မေးခွန်းတစ်ခုကိုထုတ်ပြောလိုက်လေသည်။ `ပြန်မပြင်နိုင်တော့ဘူးလားဟင်´ ဆိုလားပါပဲ။ ကြည့်စမ်းပါကွာ.
ကျွန်တော်သည် သူမနောက်တစ်ဆင့်တက်သင့်သလားပြတ်သားစွာသိရှိသူတစ်ဦးမဟုတ်ပါ။ ထို့အတူ သူမ၏ဂီတပါရမီကိုလည်း ကျွန်တော်မခန့်မှန်းနိုင်။ ထို့ကြောင့်သူမကျန်ရစ်ခဲ့ခြင်းအား မနာကျင်တတ်ခဲ့ပါ။ သို့သော် ပြိုင်ပွဲတစ်ပွဲမှာ၊ ပြိုင်ပွဲတစ်ခုစာကျရှုံးရလေခြင်းအတွက် `ပြန်မပြင်နိုင်တော့ဘူးလားဟင်´ဟု မျက်ရည်တစ်ဝက်ပြန်မေး လိုက်ပုံလေးမှာတော့ ကျွန်တော်လည်းဆွေးသွားတာအမှန်ပါပဲ။
ပြန်မပြင်နိုင်တော့ဘူးလား၊ နှစ်ပေါင်းများစွာစိုးမိုးဗိုလ်ကျခဲ့ကြပြီးပြီ။ ပြန်မပြင်နိုင်တော့ဘူးလား။ အချစ်မှာ နောက်ကျသွားသောနာရီများမလည်ပတ်ခဲ့ပါ။ ပြန်မပြင်နိုင်တော့ဘူးလား။ ကျွန်တော်ဟာ တစ်ဘဝလုံးဒီတစ်ကြိမ်လေးပဲမှားခဲ့တာလေ။ ကျွန်တော်သည် လမင်းအိမ်နှုတ်ခမ်းလေး မှတစ်ဆင့် တကယ့်အပြင်ကမ္ဘာကြီးအားငေးကြည့်နေမိလေသည်။Credit -N ကြယ်မင်း



