“သစ္္မင္း၏ အစြမ္္းထက္ပံုုကို ဗဟုသုတအျဖစ္ မွ်ေ၀ပါတယ္”
သိမိိသမ်ွ ဗဟုသုတပါ။ သစ္တို႔ရဲ႕ဘုရင္မို႔႐႐ွိသူေတြ သိမ္းဆည္းၾကပါတယ္။
ေတာေတာင္ႀကီးေတြမွာသာ ေပါက္တတ္ၿပီး။ မေကာင္းတဲ့ သစ္ဆိုး၊ သစ္ေတာက္ သစ္မ်က္မ်ားနဲ႔ သစ္ဘီလူး။ သစ္စုန္းေတြကိုႏိုင္တယ္ယံုလို႔ ေဆာင္ ထားတတ္ၾကပါတယ္။
အခ်ိိဳ႕လည္း အိမ္မွာ စိုက္ပ်ိဳးႀကပါတယ္္
ေဆးအသံုးအျဖစ္္ ဗိုက္ေအာင့္ဗိုက္နာ ေလထိုးေလေအာင့္ျဖစ္ပါက နႏြင္းမွဳန္႔ ဆား သစ္မင္းေခါက္ကိုေသြးလိမ္းေပးပါက သက္သာေပ်ာက္ကင္းပါသည္။
အခ်ိဳ႕အနာျပည္ တည္ေရာင္ရမ္းေနပါက သစ္မင္းရြက္ကို ထုေခ်ျပီးအံု ျခင္းျပဳပါက အျမန္ပင္ျပည္ထြက္ျပီအသားနုတက္ပါသည္။
သစ္မင္္း ဘယ္လို အသံုးျပဳတာလဲ ဆိုတာကို မဟာၿမိဳင္ေတာ၊ ပလႅင္ေတာင္က ဘရေသ. ႐ွင္ပညာဒီပ ကို ေမးေလ်ာက္မိေတာ့..
ဒကာတဲ့ ဒုုတၱာေရထဲဆား အနည္းငယ္ထည့္ၿပီး သစ္မင္းကို ၁နာရီစိမ္ၿပီးမွ သံုးရင္ ပိုအစြမ္းထက္တယ္ လို႔မိန္႔ပါတယ္
ဒုတၱာေရနဲ႔စိမ္ၿပီးတဲ့ သစ္မင္းကို ေက်ာက္ပ်ဥ္မွာ ေရက်ဲက်ဲ နဲ႕မ်ားမ်ားေလးေသြးၿပီး သစ္နဲ႔ပတ္ သက္တဲ့ လူအသံုးအေဆာင္၊ အိမ္၊အေဆာက္အဦ ေတြကိုမၾကာခဏ ပက္ဖ်န္းျခင္းျပဳ ၾကတယ္ဆိ္ုတာ ကုိမိန္႔ပါတယ္။
ယံုသူတို႔ လိုသလိုေဆာင္္ရြတ ္ႏိုင္ ေစဖို႔ ေမတၱာရည္ကာ တင္ျပလိုက္ပါတယ္။
ဂုဏ္ေတာ္(၉)ပါး ရြတ္ျပီး ေသြးပါက ပိုိစြမ္းပါေျကာင္း။
မေနာမယဂ်ာနယ္မွွာ သစ္တို႕အရွင္သစ္မင္းသခင္ စာမူေရးခဲ႔ျပီးျဖစ္ပါတယ္္ ….ရဲမ်ိဳးသူ ေဗာဓိျမိဳင္
” သစ္မင္္း ပံုပါ ”
သစ္ဆိုး ၀ါးဆိုးေတြကို ႏိုင္နင္းတယ္လို႔ ဆိုပါတယ္။ အိမ္ေတြမွာ သစ္ဆိုတာ မပါမျဖစ္ပါ။ သစ္၀ါးေတြဆိုတာကလည္း ေတာမွာေပါက္ၾကတယ္။
အခ်ိဳ႕သစ္၀ါးေတြက အႏၲရာယ္ျဖစ္ေစတတ္တဲ့ ကမၼစိဒၶိ႐ွင္ေတြရဲ႕ အရိပ္အေငြ႔ေတြပါလာတတ္ၾကပါတယ္။ အဲလိုသစ္၀ါးမ်ိဳးနဲ႔ ေဆာက္မိရင္ အဲဒီအိမ္မွာ ေနၾကသူမ်ားအတြက္ မေကာင္းေတာ့ပါဘူး။
ျပႆနာျဖစ္တာမ်ားလာပါတယ္။ သတိျပဳမိရင္ ညညေတာက္ေခါက္သံလိုမ်ိဳး ၾကာရတတ္ပါတယ္။ ဒါကတကယ္ပါ လက္သမားေတြသိၾကပါတယ္။
ကဲ ဒီအခါဘယ္သစ္၀ါးက မေကာင္းဆိိုး၀ါးသေဘာပါေနတာလဲ။ ဘယ္လိုသိမလဲ သစ္ေျခာက္လို႔လည္း ေခၚတယ္ အဲလိုေတာက္္ေခါက္တဲ့ သစ္၀ါးဆိုရင္ေလ။ ဘယ္ေနရာမွာ သံုးမိမွန္း မသိေတာ့ ဘယ္လိုဖယ္မလဲ။
ေနရာသိိရင္ေတာင္ ပရိေဘာဂကို ဖ်က္ဆီးၿပီးအသစ္လုပ္ရမွာေနာ္။ အဲလိုဆို ကုန္က်စားရိတ္ေတြ မ်ားေတာ့မယ္။ အသစ္လုပ္ရင္ေတာင္ သစ္၀ါးအပိုင္းတင္မၿပီးဘူး ။ တိုက္ေတြဆိုရင္ ပန္းရံကိစၥေတြ ဒက္ခေရး႐ွင္းအပိုင္းေတြထိ ျပန္ကုန္ရေတာ့မယ္။
သစ္ေျခာက္ကိုႏိိုင္တာ အခုပံုပါ သစ္မင္းပါပဲ။ ေတာက္ေခါက္သံၾကားရတဲ့ ေနရာမွာ သစ္မင္းကို သပ္သေဘာမ်ိဳး ႐ိုက္လိုက္ရင္ ၿပီးပါတယ္။
အကယ္လို႔ိ ေသခ်ာခ်င္ရင္ ေတာက္ေခါက္သံၾကားၾကား မၾကားၾကား အိမ္ရဲ႕ ေလးဖက္ေလးတန္မွာ သစ္မင္း အသားစေလးေတြကို သပ္႐ိုက္္ခဲ့ရင္ ရပါတယ္။
ေတာက္ေခါက္သံဆိုလို႔ လူေတာက္ေခါက္သလိုမ်ိဳး မဟုတ္ဘူးေနာ္။ အိမ္ေျမာင္စုတ္ထိုးသလိုိမ်ိဳး သေဘာဆင္ပါတယ္။
သစ္မင္းက အေခါက္ပိုင္းမွာ ပံုပါအတိုင္း ကြင္းခ်ိတ္ကေလးေတြ ဆက္ေနပါတယ္။ ဒါေတြက ဘုရားေဟာမဟုတ္ပါဘူး။ ဘုရားေဟာ မဟုတ္္လို႔ ငါတို႔ေတာ့ ပယ္မယ္ဆိုသူေတြ အတြက္ကေတာ့ ႐ွင္းျပဖို႔မ႐ွိပါဘူး။
သို႔ေသာ္ ဘုရားေဟာ မဟုတ္လို႔ ပယ္ၿပီးေတာ့ ေလာကီနယ္အတြင္းမွာ ေနၾကသူေတြ အဖို႔ရာ အလြန္တရာမွ အႏၲရာယ္ မ်ားလွပါတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ သစ္ေျခာက္မွာ အစြဲ႐ွိေနတဲ့ ကမၼစိိဒၶိ႐ွင္က မေကာင္းရာ မေကာင္းေၾကာင္းလုပ္ဖို႔ အိမ္႐ွင္ေနရာကို တကယ့္္အိမ္႐ွင္ မေနေသးခင္ကတည္းက ဦးသြားလို႔ပါပဲ။
တစ္္ခုေတာ့႐ွိတာေပါ့ အျခားသမာဓိ အားေကာင္းသူ သမထသမားျဖစ္ေစ၊ သမထမလုပ္ေသာ္လည္း ၀ိပႆနာသေဘာ အသိအားေကာင္းသူ တရား႐ွင္ျဖစ္ေစေပါ့ ထိုသူတစ္ဦးတစ္ေယာက္ရဲ႕ အ႐ွိန္အ၀ါေၾကာင့္လည္း သစ္ေျခာက္မွာစြဲေနတဲ့ ကမၼစိဒၶိသေဘာကို ဖ်က္စီးႏိုင္ပါတယ္။
ဒါမ်ိဳးကလည္းၾကံဳဦးမွေလ။ ေသခ်ာတာကေတာ့ ေတာက္ေခါက္သံၾကားၾကား မၾကားၾကား သစ္မင္းကို အိမ္သစ္ အိမ္ေဟာင္းမေရြး ညႇပ္ထည့္ေပးလိုက္ရင္ ရပါၿပီ။
ဒါ့အျပင္ သစ္မင္္းဟာ ပ ေယာ ဂျဖစ္သူကို ျဖစ္တဲ့ေနရာမွာ ထိေတြ႔ထားရင္ ကာယကံ႐ွင္ဟာ သိတတ္သူဆိုရင္ ခႏၶာကိုယ္ကေန စူးကနဲ စူးကနဲနဲ႔ ကမၼစိဒၶိစက္ေတြ အေႏွးနဲ႔အျမန္ ထြက္တာကို သိပါလိမ့္မယ္။
ဒါကေတာ့ ကြၽန္ေတာ္ စမ္းၾကည့္ဖူးတာကိုိ ေျပာျပတာပါ။ ျဖစ္တဲ့ေနရာမသိရင္ ဦးေခါင္းနဲ႔ ၀မ္းဗိုက္ေပၚတင္ပါတယ္။Credit-GLZ
Unicode
သစ်မင်း
သိမိသမျှ ဗဟုသုတပါ။ သစ်တို့ရဲ့ဘုရင်မို့ရရှိသူတွေ သိမ်းဆည်းကြပါတယ်။
တောတောင်ကြီးတွေမှာသာ ပေါက်တတ်ပြီး။ မကောင်းတဲ့ သစ်ဆိုး၊ သစ်တောက် သစ်မျက်များနဲ့ သစ်ဘီလူး။ သစ်စုန်းတွေကိုနိုင်တယ်ယုံလို့ ဆောင် ထားတတ်ကြပါတယ်။အချို့လည်း အိမ်မှာ စိုက်ပျိုးကြပါတယ်ဆေးအသုံးအဖြစ် ဗိုက်အောင့်ဗိုက်နာ လေထိုးလေအောင့်ဖြစ်ပါက နနွင်းမှုန့် ဆား သစ်မင်းခေါက်ကိုသွေးလိမ်းပေးပါက သက်သာပျောက်ကင်းပါသည်။
အချို့အနာပြည် တည်ရောင်ရမ်းနေပါက သစ်မင်းရွက်ကို ထုချေပြီးအုံ ခြင်းပြုပါက အမြန်ပင်ပြည်ထွက်ပြီအသားနုတက်ပါသည်
သစ်မင်း ဘယ်လို အသုံးပြုတာလဲ ဆိုတာကို မဟာမြိုင်တော၊ ပလ္လင်တောင်က ဘရသေ. ရှင်ပညာဒီပ ကို မေးလျောက်မိတော့..ဒကာတဲ့ ဒုတ္တာရေထဲဆား အနည်းငယ်ထည့်ပြီး သစ်မင်းကို ၁နာရီစိမ်ပြီးမှ သုံးရင် ပိုအစွမ်းထက်တယ် လို့မိန့်ပါတယ်
ဒုတ္တာရေနဲ့စိမ်ပြီးတဲ့ သစ်မင်းကို ကျောက်ပျဉ်မှာ ရေကျဲကျဲ နဲ့များများလေးသွေးပြီး သစ်နဲ့ပတ် သက်တဲ့ လူအသုံးအဆောင်၊ အိမ်၊အဆောက်အဦ တွေကိုမကြာခဏ ပက်ဖျန်းခြင်းပြု ကြတယ်ဆိုတာ ကိုမိန့်ပါတယ်။ယုံသူတို့ လိုသလိုဆောင်ရွတ ်နိုင် စေဖို့ မေတ္တာရည်ကာ တင်ပြလိုက်ပါတယ်။
ဂုဏ်တော်(၉)ပါး ရွတ်ပြီး သွေးပါက ပိုစွမ်းပါကြောင်း။
မနောမယဂျာနယ်မှာ သစ်တို့အရှင်သစ်မင်းသခင် စာမူရေးခဲ့ပြီးဖြစ်ပါတယ် ….ရဲမျိုးသူ ဗောဓိမြိုင်
” သစ်မင််း ပုံပါ ”
သစ်ဆိုး ဝါးဆိုးတွေကို နိုင်နင်းတယ်လို့ ဆိုပါတယ်။ အိမ်တွေမှာ သစ်ဆိုတာ မပါမဖြစ်ပါ။ သစ်ဝါးတွေဆိုတာကလည်း တောမှာပေါက်ကြတယ်။
အချို့သစ်ဝါးတွေက အန္တရာယ်ဖြစ်စေတတ်တဲ့ ကမ္မစိဒ္ဓိရှင်တွေရဲ့ အရိပ်အငွေ့တွေပါလာတတ်ကြပါတယ်။ အဲလိုသစ်ဝါးမျိုးနဲ့ ဆောက်မိရင် အဲဒီအိမ်မှာ နေကြသူများအတွက် မကောင်းတော့ပါဘူး။
ပြဿနာဖြစ်တာများလာပါတယ်။ သတိပြုမိရင် ညညတောက်ခေါက်သံလိုမျိုး ကြာရတတ်ပါတယ်။ ဒါကတကယ်ပါ လက်သမားတွေသိကြပါတယ်။
ကဲ ဒီအခါဘယ်သစ်ဝါးက မကောင်းဆိုးဝါးသဘောပါနေတာလဲ။ ဘယ်လိုသိမလဲ သစ်ခြောက်လို့လည်း ခေါ်တယ် အဲလိုတောက််ခေါက်တဲ့ သစ်ဝါးဆိုရင်လေ။ ဘယ်နေရာမှာ သုံးမိမှန်း မသိတော့ ဘယ်လိုဖယ်မလဲ။
နေရာသိရင်တောင် ပရိဘောဂကို ဖျက်ဆီးပြီးအသစ်လုပ်ရမှာနော်။ အဲလိုဆို ကုန်ကျစားရိတ်တွေ များတော့မယ်။ အသစ်လုပ်ရင်တောင် သစ်ဝါးအပိုင်းတင်မပြီးဘူး ။ တိုက်တွေဆိုရင် ပန်းရံကိစ္စတွေ ဒက်ခရေးရှင်းအပိုင်းတွေထိ ပြန်ကုန်ရတော့မသစ်ခြောက်ကိုနိုင်တာ အခုပုံပါ သစ်မင်းပါပဲ။ တောက်ခေါက်သံကြားရတဲ့ နေရာမှာ သစ်မင်းကို သပ်သဘောမျိုး ရိုက်လိုက်ရင် ပြီးပါတယ်။အကယ်လို့ိ သေချာချင်ရင် တောက်ခေါက်သံကြားကြား မကြားကြား အိမ်ရဲ့ လေးဖက်လေးတန်မှာ သစ်မင်း အသားစလေးတွေကို သပ်ရိုက််ခဲ့ရင် ရပါတယ်။
တောက်ခေါက်သံဆိုလို့ လူတောက်ခေါက်သလိုမျိုး မဟုတ်ဘူးနော်။ အိမ်မြောင်စုတ်ထိုးသလိုမျိုး သဘောဆင်ပါတယ်။သစ်မင်းက အခေါက်ပိုင်းမှာ ပုံပါအတိုင်း ကွင်းချိတ်ကလေးတွေ ဆက်နေပါတယ်။ ဒါတွေက ဘုရားဟောမဟုတ်ပါဘူး။ ဘုရားဟော မဟုတ််လို့ ငါတို့တော့ ပယ်မယ်ဆိုသူတွေ အတွက်ကတော့ ရှင်းပြဖို့မရှိပါဘူး။
သို့သော် ဘုရားဟော မဟုတ်လို့ ပယ်ပြီးတော့ လောကီနယ်အတွင်းမှာ နေကြသူတွေ အဖို့ရာ အလွန်တရာမှ အန္တရာယ် များလှပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သစ်ခြောက်မှာ အစွဲရှိနေတဲ့ ကမ္မစိဒ္ဓိရှင်က မကောင်းရာ မကောင်းကြောင်းလုပ်ဖို့ အိမ်ရှင်နေရာကို တကယ့်အိမ်ရှင် မနေသေးခင်ကတည်းက ဦးသွားလို့ပါပဲ။
တစ်ခုတော့ရှိတာပေါ့ အခြားသမာဓိ အားကောင်းသူ သမထသမားဖြစ်စေ၊ သမထမလုပ်သော်လည်း ဝိပဿနာသဘော အသိအားကောင်းသူ တရားရှင်ဖြစ်စေပေါ့ ထိုသူတစ်ဦးတစ်ယောက်ရဲ့ အရှိန်အဝါကြောင့်လည်း သစ်ခြောက်မှာစွဲနေတဲ့ ကမ္မစိဒ္ဓိသဘောကို ဖျက်စီးနိုင်ပါတယ်။
ဒါမျိုးကလည်းကြုံဦးမှလေ။ သေချာတာကတော့ တောက်ခေါက်သံကြားကြား မကြားကြား သစ်မင်းကို အိမ်သစ် အိမ်ဟောင်းမရွေး ညှပ်ထည့်ပေးလိုက်ရင် ရပါပြီ။
ဒါ့အပြင် သစ်မင်းဟာ ပ ယော ဂဖြစ်သူကို ဖြစ်တဲ့နေရာမှာ ထိတွေ့ထားရင် ကာယကံရှင်ဟာ သိတတ်သူဆိုရင် ခန္ဓာကိုယ်ကနေ စူးကနဲ စူးကနဲနဲ့ ကမ္မစိဒ္ဓိစက်တွေ အနှေးနဲ့အမြန် ထွက်တာကို သိပါလိမ့်မယ်။
ဒါကတော့ ကျွန်တော် စမ်းကြည့်ဖူးတာကိုိ ပြောပြတာပါ။ ဖြစ်တဲ့နေရာမသိရင် ဦးခေါင်းနဲ့ ဝမ်းဗိုက်ပေါ်တင်ပါတယ်။Credit-GLZ

