အလွယ်ကူဆုံး ကြို့ထိုးပျောက်စေတဲ့နည်း ဒီနည်းလေးကို သေသေချာချာမှတ်ထားလိုက်ပေတော့
ႀကိဳ႕ထိုးတာဟာ လူတိုင္းသိတဲ့ အရာတစ္ခုျဖစ္ပါတယ္။ ေရာဂါႀကီးမဟုတ္ေပမယ့္ ထိုးတဲ့အခါ ေနရထိုင္ရခက္ ကသိကေအာက္ျဖစ္ရပါတယ္။အစာေတြခပ္ျမန္ျမန္စားမိတာ ၊ အစပ္ေတြလို ကိုယ္မစားနိုင္တဲ့ဟာေတြကို စားမိတာ နဲ႔ အျခားအေၾကာင္းအရာတခ်ိဳ႕ေၾကာင့္ ႀကိဳးထိုးတာျဖစ္တတ္ပါတယ္။
ဒီလိုျဖစ္တဲ့အခါမွာ နည္းမ်ိဳးစုံနဲ႔ ကုသၾကပါတယ္။ ေရမ်ားမ်ားေသာက္ခိုင္းတာ ၊ ထမင္းလုံးဝါးခိုင္းတာ ၊ စိတ္ဆိုးေအာင္လန႔္ေအာင္လုပ္တာ ၊ ေျမပဲစားခိုင္းစာ စသျဖင့္နည္းမ်ိဳးစုံနဲ႔ လုပ္ၾကပါတယ္။တခ်ိဳ႕ႀကိဳ႕ေတြက ခဏေနရင္ သူ႔အလိုလိုေပ်ာက္သြားတတ္ေပမယ့္ တခ်ိဳ႕တေလက်ေတာ့ ရွားပါးစြာနဲ႔ ရက္ခ်ီၿပီး ထိုးတာေတြျဖစ္တတ္ပါတယ္။
မိတ္ေဆြမ်ားအတြက္ တစ္သက္လုံးသုံးလာတဲ့ နည္းလမ္းလြယ္လြယ္ေလးတစ္ခုကို ေပးခ်င္ပါတယ္။ ေတြ႕သမၽွလူတိုင္းလည္း ဒီနည္းနဲ႔ ေပ်ာက္ပါတယ္။မယုံပါဘူးဆိုတဲ့သူေတြေတာင္ ခ်က္ခ်င္းေပ်ာက္ပါတယ္။ ကၽြန္ေတာ္က အစပ္နည္းနည္းစားမိရင္ ႀကိဳ႕ထိုးတတ္ပါတယ္။ ဒီနည္းနဲ႔ လုပ္ရင္ ခ်က္ခ်င္းေပ်ာက္ပါတယ္။ကၽြန္ေတာ့္အေဖသင္ေပးခဲ့တဲ့နည္းပါ။ ဒီေနရာမွာ ဘာေဆးမွ မလိုပါဘူး။ လြယ္လြန္းလို႔ေတာင္ခက္ေနမွာပါ 🙂 ။
နည္းလမ္းကေတာ့-
“ေသာက္ေရ တစ္ငုံကို ငုံလိုက္ပါ။ ငုံၿပီးရင္ နားႏွစ္ဖက္ကို လက္ႏွစ္ဖက္နဲ႔ တင္းတင္းပိတ္ပါ။ မ်က္လုံးစုံမွိတ္ထားပါ။ အသက္ေအာင့္္ၿပီး ၁ ကေန ၇ အထိေရလိုက္ပါ။
ေရၿပီးတာနဲ႔ ငုံထားတဲ့ေရကို မ်ိဳခ်လိုက္ပါ။ ႀကိဳ႕ထိုးတာခ်က္ခ်င္းေပ်ာက္သြားပါၿပီ : ) ”
လြယ္လြန္းလို႔ အထင္ေတာ့မေသးနဲ႔ေနာ္ လက္ေတြ႕ေနာ္..။ ထိုးတဲ့အခါ ခ်က္ခ်င္းေပ်ာက္ေအာင္ကုနိုင္ဖို႔ ဒါမွမဟုတ္လည္း အျခားႀကိဳ႕ထိုးတဲ့သူကို ကူညီဖို႔ ဒီနည္းေလးကို ေသေသခ်ာခ်ာမွတ္ထားလိုက္ေပေတာ့ 🙂Credit-original
Unicode
အလွယ်ကူဆုံး ကြို့ထိုးပျောက်စေတဲ့နည်း
ကြို့ထိုးတာဟာ လူတိုင်းသိတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရောဂါကြီးမဟုတ်ပေမယ့် ထိုးတဲ့အခါ နေရထိုင်ရခက် ကသိကအောက်ဖြစ်ရပါတယ်။
အစာတွေခပ်မြန်မြန်စားမိတာ ၊ အစပ်တွေလို ကိုယ်မစားနိုင်တဲ့ဟာတွေကို စားမိတာ နဲ့ အခြားအကြောင်းအရာတချို့ကြောင့် ကြိုးထိုးတာဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်တဲ့အခါမှာ နည်းမျိုးစုံနဲ့ ကုသကြပါတယ်။ ရေများများသောက်ခိုင်းတာ ၊ ထမင်းလုံးဝါးခိုင်းတာ ၊ စိတ်ဆိုးအောင်လန့်အောင်လုပ်တာ ၊ မြေပဲစားခိုင်းစာ စသဖြင့်နည်းမျိုးစုံနဲ့ လုပ်ကြပါတယ်။
တချို့ကြို့တွေက ခဏနေရင် သူ့အလိုလိုပျောက်သွားတတ်ပေမယ့် တချို့တလေကျတော့ ရှားပါးစွာနဲ့ ရက်ချီပြီး ထိုးတာတွေဖြစ်တတ်ပါတယ်။မိတ်ဆွေများအတွက် တစ်သက်လုံးသုံးလာတဲ့ နည်းလမ်းလွယ်လွယ်လေးတစ်ခုကို ပေးချင်ပါတယ်။ တွေ့သမျှလူတိုင်းလည်း ဒီနည်းနဲ့ ပျောက်ပါတယ်။
မယုံပါဘူးဆိုတဲ့သူတွေတောင် ချက်ချင်းပျောက်ပါတယ်။ ကျွန်တော်က အစပ်နည်းနည်းစားမိရင် ကြို့ထိုးတတ်ပါတယ်။ ဒီနည်းနဲ့ လုပ်ရင် ချက်ချင်းပျောက်ပါတယ်။
ကျွန်တော့်အဖေသင်ပေးခဲ့တဲ့နည်းပါ။ ဒီနေရာမှာ ဘာဆေးမှ မလိုပါဘူး။ လွယ်လွန်းလို့တောင်ခက်နေမှာပါ 🙂 ။
နည်းလမ်းကတော့-
“သောက်ရေ တစ်ငုံကို ငုံလိုက်ပါ။ ငုံပြီးရင် နားနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ တင်းတင်းပိတ်ပါ။ မျက်လုံးစုံမှိတ်ထားပါ။ အသက်အောင့််ပြီး ၁ ကနေ ၇ အထိရေလိုက်ပါ။ရေပြီးတာနဲ့ ငုံထားတဲ့ရေကို မျိုချလိုက်ပါ။ ကြို့ထိုးတာချက်ချင်းပျောက်သွားပါပြီ : ) ”
လွယ်လွန်းလို့ အထင်တော့မသေးနဲ့နော် လက်တွေ့နော်..။ ထိုးတဲ့အခါ ချက်ချင်းပျောက်အောင်ကုနိုင်ဖို့ ဒါမှမဟုတ်လည်း အခြားကြို့ထိုးတဲ့သူကို ကူညီဖို့ ဒီနည်းလေးကို သေသေချာချာမှတ်ထားလိုက်ပေတော့ 🙂Credit-original

