Latest Posts

” ဘဝမွာတစ္ခါမွ Surprise ဆိုတာမ်ိဳး မႀကဳံဖူးဘူးလို႔ ဝါကြၽတ္အမွီ ေဈးဗန္းခင္းေနတဲ့ လူပ်ိဳႀကီးခန႔္စည္သူ “

သ႐ုပ္ေဆာင္ဝါရင့္မင္းသားခန႔္စည္သူကေတာ့ ပရိသတ္သိတဲ့အတိုင္း တစ္ကိုယ္တည္းလူပ်ိဳႀကီးဘဝနဲ႔ေနထိုင္ကာ အလႉအတန္းကိစၥေရးရာ အျဖာျဖာကို လုပ္ေဆာင္ေနသူတစ္ေယာက္ပါ။ ဒရမ္မာသာမက ဟာသေတြပါပိုင္ႏိုင္တဲ့ နာမည္ႀကီးမင္းသားေတြထဲက တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြအျပင္ အႏုပညာရွင္ေမာင္ႏွမေတြက ကိုခန႔္ လို႔ခ်စ္စႏိုးနဲ႔ ေခၚေလ့ရွိၾကတာပါ။
လက္ရွိမွာေတာ့ ပရိသတ္ေတြက ခန႔္စည္သူကိုဝါကြၽတ္အမွီ မဂၤလာသတင္းၾကားရေတာ့မလားလို႔ စိတ္ဝင္စားေနၾကတာ ျဖစ္ေပမယ့္ ခန႔္စည္သူကေတာ့ အခုခ်ိန္ထိ တစ္ကိုယ္တည္းစင္ဂယ္အေနနဲ႔ ရပ္တည္ေနဆဲပါပဲေနာ္။အခ်စ္ေရးနဲ႔ပတ္သက္ၿပီးလည္း ဘဝမွာတစ္ခါမွ Surprise ဆိုတာမ်ိဳး မရခဲ့ဘူးဆိုတာကို လည္း ရင္ဖြင့္ေျပာျပခဲ့ပါေသးတယ္။ဟာသဉာဏ္႐ႊင္တဲ့ လူပ်ိဳႀကီးကိုခန႔္ရဲ႕ ေျပာဆိုပုံကို ပရိသတ္ေတာ္ေတာ္မ်ားမ်ား ကသေဘာက်ေနတဲ့အျပင္ သူ႔ရဲ႕ ရင္ဖြင့္ေျပာျပခ်က္နဲ႔အတူ တင္ခဲ့တဲ့ ပုံတစ္ပုံေၾကာင့္ ပရိသတ္ေတြရဲ႕ မွတ္ခ်က္အေျမာက္အျမားကို ရရွိခဲ့ပါေသးတယ္။
တင္ထားပုံကေတာ့ ” Surprise ဆိုလို႔..ဘဝမွာေခ်ာင္အကြယ္က check ေနၿပီး၊ထြက္ ထြက္ဖမ္းတတ္တဲ့ယာဥ္ထိန္းရဲနဲ႔ပဲ ႀကဳံဖူးေသးတယ္။ ” ဆိုကာ ငွက္ေပ်ာပင္ကိုကိုင္ကာ ႐ိုက္ထားတဲ့ဓာတ္ပုံေလးကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပခဲ့တာပါ။
ပရိသတ္ေတြရဲ႕ မွတ္ခ်က္ေတြကေတာ့ ” လူပ်ိဳႀကီး ငွက္ေပ်ာတုံးပဲဖက္ေနေတာ့မွာလား” အစရွိတဲ့ အ႐ႊန္းေဖာက္တဲ့ စာသားေတြနဲ႔ စေနာက္ထားၾကတာပါ။ CeleGabar ပရိသတ္ႀကီးထဲမွာေရာ ကိုခန႔္နဲ႔ဘဝတူေတြရွိလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။credit-aungparsay
Unicode
သရုပ်ဆောင်ဝါရင့်မင်းသားခန့်စည်သူကတော့ ပရိသတ်သိတဲ့အတိုင်း တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့နေထိုင်ကာ အလှူအတန်းကိစ္စရေးရာ အဖြာဖြာကို လုပ်ဆောင်နေသူတစ်ယောက်ပါ။ ဒရမ်မာသာမက ဟာသတွေပါပိုင်နိုင်တဲ့ နာမည်ကြီးမင်းသားတွေထဲက တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေက ကိုခန့် လို့ချစ်စနိုးနဲ့ ခေါ်လေ့ရှိကြတာပါ။
လက်ရှိမှာတော့ ပရိသတ်တွေက ခန့်စည်သူကိုဝါကျွတ်အမှီ မင်္ဂလာသတင်းကြားရတော့မလားလို့ စိတ်ဝင်စားနေကြတာ ဖြစ်ပေမယ့် ခန့်စည်သူကတော့ အခုချိန်ထိ တစ်ကိုယ်တည်းစင်ဂယ်အနေနဲ့ ရပ်တည်နေဆဲပါပဲနော်။အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ဘဝမှာတစ်ခါမှ Surprise ဆိုတာမျိုး မရခဲ့ဘူးဆိုတာကို လည်း ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။ဟာသဉာဏ်ရွှင်တဲ့ လူပျိုကြီးကိုခန့်ရဲ့ ပြောဆိုပုံကို ပရိသတ်တော်တော်များများ ကသဘောကျနေတဲ့အပြင် သူ့ရဲ့ ရင်ဖွင့်ပြောပြချက်နဲ့အတူ တင်ခဲ့တဲ့ ပုံတစ်ပုံကြောင့် ပရိသတ်တွေရဲ့ မှတ်ချက်အမြောက်အမြားကို ရရှိခဲ့ပါသေးတယ်။
တင်ထားပုံကတော့ ” Surprise ဆိုလို့..ဘဝမှာချောင်အကွယ်က check နေပြီး၊ထွက် ထွက်ဖမ်းတတ်တဲ့ယာဉ်ထိန်းရဲနဲ့ပဲ ကြုံဖူးသေးတယ်။ ” ဆိုကာ ငှက်ပျောပင်ကိုကိုင်ကာ ရိုက်ထားတဲ့ဓာတ်ပုံလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပါ။
ပရိသတ်တွေရဲ့ မှတ်ချက်တွေကတော့ ” လူပျိုကြီး ငှက်ပျောတုံးပဲဖက်နေတော့မှာလား” အစရှိတဲ့ အရွှန်းဖောက်တဲ့ စာသားတွေနဲ့ စနောက်ထားကြတာပါ။ CeleGabar ပရိသတ်ကြီးထဲမှာရော ကိုခန့်နဲ့ဘဝတူတွေရှိလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။credit-aungparsay