ေမျမိဳ ့ေဆာင္း ေအးေပမဲ့ မိန္းမအနားမွာ ရွိရင္ေႏြးတယ္ဆိုတဲ့ သားငယ္
သားငယ္က ျပန္ဆိုေတးေတြကို ကိုယ္ပိုင္ပံုစံနဲ႔ အေကာင္းဆံုး ျပန္လည္သီဆိုႏိုင္ခဲ့သလို ပြဲေတြမွာလည္း သီခ်င္းေတြ လက္ခံသီဆို ေပးပါတယ္။ စီနီယာသီခ်င္းေတြ ဆိုျပီး ေအာင္ျမင္ေနရတဲ့အခါ အဲ့လိုအေနအထားမ်ိဳးကို ရွက္လာျပီး သူမ်ားသီခ်င္းေတြကို မဆိုခ်င္ေတာ့ဘူးလို႔ သားငယ္ကေတာ့ ခံယူထားပါတယ္။ ဒီလိုခံယူထားတဲ့ အတိုင္းလည္း ကိုယ္ပိုင္သီခ်င္းေလးေတြကို ဖန္တီးေနပါျပီ။
သားငယ္ကို ၾကည့္လုိက္တိုင္း တစ္ေန႔ထက္ တစ္ေန႔ ပိုပိုျပီး ဝလာတယ္ ထင္တဲ့ ပရိသတ္ေတြအတြက္ “ဝက္တစ္ေကာင္၏ေသဆံုးျခင္း” သီခ်င္းကိုလည္း ဝက္တစ္ေကာင္ေနရာက ကိုယ္တိုင္ခံစားျပီး သီဆိုခဲ့တာ ျဖစ္ပါတယ္။ သားငယ္ရဲ႔ ပါရမီျဖည့္ဘက္ ဇနီးသည္ကေတာ့ အျမဲတမ္း အေနာက္က ပံ့ပိုးေပးေနသလို ဘယ္သြားသြား မခြဲအျမဲ ရွိသူပါ။
ေမျမိဳ႔ကို ေရာက္တုန္းေရာက္ခိုက္ ဇနီးသည္နဲ႔ အတူ တြဲရိုက္ထားတဲ့ ဓာတ္ပံုေလးေတြ တင္ျပီး caption စာသားလွလွေလးကိုေတာ့ သားငယ္က ခုလို ေရးတင္ထားခဲ့ပါတယ္။ ‘ေမျမိဳ႔ေဆာင္းတြင္း ေအးေပမယ့္ မိန္းမအနားရွိလွ်င္ ေႏြးေထြးသည္” ဆိုျပီး ေရးထားေပမဲ့ ထိုစာသားကိုေတာ့ မိန္းမက တင္ခိုင္းလို႔ တင္ရပါတယ္ဆိုျပီး သားငယ္က ရႊတ္ေနာက္ေနာက္ ေရးထားခဲ့ပါေသးတယ္။ သားငယ္ရဲ႔ က်န္းမာေရးကို စိတ္ပူၾကတဲ့ ပရိသတ္ၾကီးကေတာ့ ၾကံဳၾကိဳက္တိုင္း ဝိတ္ခ်ဖို႔ ေတာင္းဆိုၾကသလို သားငယ္ကလည္း ၾကိဳးစားေနတဲ့ အေၾကာင္း ပရိသတ္ၾကီးကို ျပန္လည္ေျဖၾကားခဲ့ပါတယ္။Credit-burmese.asia
Unicode
အဆိုပြိုင်ပွဲတွေမှာ အနိုင်ရရှိမှသာ ဂီတလောကမှာ မျက်နှာပန်းလှပြီး ဆက်လက်ရပ်တည်နိုင်မယ်ဆိုတဲ့ အစွဲက ပြိုင်ပွဲဝင်တိုင်းမှာ ရှိပါတယ်။ မြန်မာအိုင်ဒေါလ်ရဲ့ Season -2 ပြိုင်ပွဲမှာ ရိုးသားကြိုးစားပြီး Winner ဆုကို သိမ်းပိုက်သွားသူက သားငယ်ပါ။ မေဘရဏီ သီချင်းကို ဗိုက်လေးလှုပ်လှုပ်ပြီး ဆိုသွားတဲ့ သားငယ်ကို အားပေးခဲ့တဲ့ ပရိသတ်ကြီးကလည်း ဒုနဲ့ ဒေး ဖြစ်ပါတယ်။
သားငယ်က ပြန်ဆိုတေးတွေကို ကိုယ်ပိုင်ပုံစံနဲ့ အကောင်းဆုံး ပြန်လည်သီဆိုနိုင်ခဲ့သလို ပွဲတွေမှာလည်း သီချင်းတွေ လက်ခံသီဆို ပေးပါတယ်။ စီနီယာသီချင်းတွေ ဆိုပြီး အောင်မြင်နေရတဲ့အခါ အဲ့လိုအနေအထားမျိုးကို ရှက်လာပြီး သူများသီချင်းတွေကို မဆိုချင်တော့ဘူးလို့ သားငယ်ကတော့ ခံယူထားပါတယ်။ ဒီလိုခံယူထားတဲ့ အတိုင်းလည်း ကိုယ်ပိုင်သီချင်းလေးတွေကို ဖန်တီးနေပါပြီ။
သားငယ်ကို ကြည့်လိုက်တိုင်း တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ဝလာတယ် ထင်တဲ့ ပရိသတ်တွေအတွက် “ဝက်တစ်ကောင်၏သေဆုံးခြင်း” သီချင်းကိုလည်း ဝက်တစ်ကောင်နေရာက ကိုယ်တိုင်ခံစားပြီး သီဆိုခဲ့တာ ဖြစ်ပါတယ်။ သားငယ်ရဲ့ ပါရမီဖြည့်ဘက် ဇနီးသည်ကတော့ အမြဲတမ်း အနောက်က ပံ့ပိုးပေးနေသလို ဘယ်သွားသွား မခွဲအမြဲ ရှိသူပါ။
မေမြို့ကို ရောက်တုန်းရောက်ခိုက် ဇနီးသည်နဲ့ အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်ပြီး caption စာသားလှလှလေးကိုတော့ သားငယ်က ခုလို ရေးတင်ထားခဲ့ပါတယ်။ ‘မေမြို့ဆောင်းတွင်း အေးပေမယ့် မိန်းမအနားရှိလျှင် နွေးထွေးသည်” ဆိုပြီး ရေးထားပေမဲ့ ထိုစာသားကိုတော့ မိန်းမက တင်ခိုင်းလို့ တင်ရပါတယ်ဆိုပြီး သားငယ်က ရွှတ်နောက်နောက် ရေးထားခဲ့ပါသေးတယ်။ သားငယ်ရဲ့ ကျန်းမာရေးကို စိတ်ပူကြတဲ့ ပရိသတ်ကြီးကတော့ ကြုံကြိုက်တိုင်း ဝိတ်ချဖို့ တောင်းဆိုကြသလို သားငယ်ကလည်း ကြိုးစားနေတဲ့ အကြောင်း ပရိသတ်ကြီးကို ပြန်လည်ဖြေကြားခဲ့ပါတယ်။Credit-burmese.asia


