Latest Posts
တစ်ယောက်တည်း ပစ်မထားပါနဲ့လို့ တောင်းဆိုလိုက်တဲ့ ဧငြိမ်းဖြူ
Unicode
ဧငြိမ်းဖြူလို့ဆိုလိုက်တာနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ ဘိုဆန်ဆန်ကောင်မလေးတစ်ယောက်လို့ ပရိသတ်တွေက ပြေးမြင်မိကြမှာပါ။ သူမကိုတော့ အသံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေသတိထားမိခဲ့ကြတာဖြစ်ပြီး သဘာဝကျလွန်းတဲ့ သူမရဲ့ သရုပ်ဆောင်မှုတွေကြောင့် အားပေးသူတွေက တစ်နေ့တစ်ခြား ပိုပိုတိုးလာတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဧငြိမ်းဖြူက တစ်ယောက်တည်း ပစ်မထားပါနဲ့ဆိုပြီး အထီးကျန်နေတဲ့ ပုံစံမျိုး ရိုက်ကူးထားတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်နဲ့မဆို ဂေါ်လွန်းတဲ့ ဧငြိမ်းဖြူလေးရဲ့ပုံရိပ်တွေကတော့ အရမ်းကို ကြည့်လို့ကောင်းလွန်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည့်လို့မိုက်တဲ့ မင်းသမီးချောလေး ဧငြိမ်းဖြူရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဧငြိမ်းဖြူကတော့”တစ်ယောက်တည်းပစ်မထားပါနဲ့………. ” ဆိုပြီး သူမရဲ့ အလှပုံရိပ်လေးကို လူမှုကွန်ယက်မှာတင်ထားတာပါ။ အချစ်ရေးမှာ အရမ်းကို ကံကောင်းတဲ့ ဧငြိမ်းဖြူလေးကတော့ သူမကို ဂရုတစိုက်နဲ့ ချစ်တတ်လွန်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
A ရဲ့ပုံလေးတွေကိုကြည့်ပြီး ဝမ်းနည်းလွယ်တဲ့ မိန်းကလေးတွေရဲ့စိတ်ကို မြင်ယောင်လာမိပါတယ်နော်…။မင်းသမီးချောလေး ဧငြိမ်းဖြူကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး၊ ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ဧငြိမ်းဖြူရဲ့ချစ်သူကလည်း အနုပညာရှင်ပဲမို့ တစ်ဦးကိုတစ်ဦး အကောင်းဆုံးဖေးမကူညီရင်း ရှေ့ဆက်နေကြတာပါ။ချစ်ပရိသတ်တွေလည်း ဘယ်လိုဖက်ရှင်၊ ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်ညီလွန်းတဲ့ A လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။credit-ungparsay