Latest Posts

နှလုံးခွဲစိတ်ရမယ့် ကလေးဆီသွားတွေ့ပြီး အလှူငွေတွေလှူဒါန်းခဲ့တဲ့ ထက်ထက်မိုးဦး နဲ့ ဝေဠုကျော်

ႏွလုံးခြဲစိတ္ရမယ့္ ကေလးဆီသြားေတြ႕ၿပီး အလႉေငြေတြလႉဒါန္းခဲ့တဲ့ ထက္ထက္မိုးဦး နဲ႔ ေဝဠဳေက်ာ္( Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ )
တစ္ခ်ိန္က ေၾကာ္ျငာမင္းသမီးလို႔ နာမည္ႀကီးခဲ့ၿပီး သူေၾကာ္ျငာလိုက္တဲ့ ေၾကာ္ျငာသီခ်င္းတိုင္းဟာ ပရိသတ္ေတြ ႏႈတ္ဖ်ား တသသ က်န္ခဲ့ေအာင္ လုပ္ေဆာင္နိုင္သူဟာ ထက္ထက္မိုးဦးပါ
ဒါ့အျပင္ ဗီဒီယိုနဲ႔ ႐ုပ္ရွင္ ဇာတ္ကားေပါင္းမ်ားစြာ ရိုက္ကူးခဲ့တဲ့ အကယ္ဒမီဆုရွင္ မင္းသမီးတစ္လက္လည္း ျဖစ္ပါတယ္….
ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာကို ယေန႔အခ်ိန္ထိ သိမ္းပိုက္ထားနိုင္တဲ့ ထက္ထက္မိုးဦးဟာ က်ေနာ္တို႔ရဲ့ ပရဟိတမင္းသားႀကီး ေဝဠဳေက်ာ္နဲ႔ အတူ ပင္လုံေဆး႐ုံမွာ ႏွလုံးေရာဂါေဝဒနာေၾကာင့္ေဆးကုသမႈခံယူေနရတဲ့ ေမာင္ဟိန္းထက္ထက္ဆီ သြားၿပီး ကိုယ္တိုင္ကိုယ္က် အလႉေငြ ၇ သိန္းကို လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္…..
ေမာင္ဟိန္းထက္ထက္ဟာ ႏွလုံး အဆို႔ရွင္ မလုံျခင္းေၾကာင့္ ပင္လုံေဆး႐ုံမွာ ခြဲစိတ္ကုသရမွာ ျဖစ္ၿပီးေတာ့ သုံးခြၿမိဳ႕နယ္ တေကာေက်းရြာမွာ ေနထိုင္တဲ့ အသက္ ၁၅ ႏွစ္သာ ရွိေသးတဲ့
နဝမတန္းေက်ာင္းသား တစ္ဦး ျဖစ္ပါတယ္….မိဘေတြက ခ်ိဳ႕တဲ့သူေတြ ျဖစ္တာေၾကာင့္ ခြဲစိတ္ကုသဖို႔အတြက္ ေငြေၾကးအခက္အခဲနဲ႔ ရင္ဆိုင္ေနရတာပါ …ဒီအေၾကာင္းကို
Facebook ကေနတစ္ဆင့္ ဖတ္မိခဲ့တဲ့ ထက္ထက္မိုးဦးဟာ ကိုယ္ကိုတိုင္လည္း ႏွလုံးခြဲစိတ္ခဲ့တာေၾကာင့္ ကိုယ္ခ်င္းစာၿပီး ေဝဠဳေက်ာ္နဲ႔ အတူ သြားေရာက္လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္…
ခုလို လာေရာက္လႉဒါန္းတဲ့အတြက္ မိဘႏွစ္ပါးဟာလည္း မ်က္ရည္ေတြက်တဲ့အထိ ဝမ္းသာခဲ့ၾကၿပီးေတာ့ ထက္ထက္နဲ႔ ေဝဠဳေက်ာ္တို႔ကလည္း ေမာင္ဟိန္းထက္ထက္ေလးကို
ၾကင္ၾကင္နာနာဆက္ဆံၿပီး အားေပးစကားေျပာၾကားခဲ့ၾကတာကို ေတြ႕ရပါတယ္…

ခုလို ေငြ ၇ သိန္းက်ပ္ လႉဒါန္းခဲ့တာဟာ ၇ ရက္သားသမီးအားလုံးအတြက္ ရည္စူးလႉဒါန္းတာျဖစ္တယ္လို႔ ထက္ထက္ ကေျပာၾကားခဲ့ပါေသးတယ္…

ေမာင္ဟိန္းထက္ထက္ေလး ခြဲစိတ္ကုသဖို႔အတြက္ အလႉရွင္ေတြအေနနဲ႔ လႉဒါန္းခ်င္တယ္ဆိုရင္ေတာ့ ဖုန္းနံပါတ္ ၀၉ ၇၇၅၆၃၅၂၂ ေမာင္ဟိန္းထက္ဆီတိုက္ရိုက္ဆက္သြယ္လႉဒါန္းနိုင္တယ္ဆိုတဲ့

အေၾကာင္းကိုလည္း ထက္ထက္က ေျပာၾကားခဲ့ပါေသးတယ္…. ပရိသတ္ႀကီးတို႔ထဲမွာလည္း လႉဒါန္းခ်င္သူေတြရွိရင္ ဆက္သြယ္လႉဒါန္းလိုက္ၾကပါေနာ္….

႐ုပ္သံဖိုင္အားၾကည့္ရန္ႏွိပ္ပါ

Video Source : Myanmar Celebrity

Unicode

နှလုံးခွဲစိတ်ရမယ့် ကလေးဆီသွားတွေ့ပြီး အလှူငွေတွေလှူဒါန်းခဲ့တဲ့ ထက်ထက်မိုးဦး နဲ့ ဝေဠုကျော်

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

တစ်ချိန်က ကြော်ငြာမင်းသမီးလို့ နာမည်ကြီးခဲ့ပြီး သူကြော်ငြာလိုက်တဲ့ ကြော်ငြာသီချင်းတိုင်းဟာ ပရိသတ်တွေ နှုတ်ဖျား တသသ ကျန်ခဲ့အောင် လုပ်ဆောင်နိုင်သူဟာ ထက်ထက်မိုးဦးပါ

ဒါ့အပြင် ဗီဒီယိုနဲ့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ အကယ်ဒမီဆုရှင် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်….

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ယနေ့အချိန်ထိ သိမ်းပိုက်ထားနိုင်တဲ့ ထက်ထက်မိုးဦးဟာ ကျနော်တို့ရဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်နဲ့ အတူ ပင်လုံဆေးရုံမှာ နှလုံးရောဂါဝေဒနာကြောင့်

ဆေးကုသမှုခံယူနေရတဲ့ မောင်ဟိန်းထက်ထက်ဆီ သွားပြီး ကိုယ်တိုင်ကိုယ်ကျ အလှူငွေ ၇ သိန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်…..

မောင်ဟိန်းထက်ထက်ဟာ နှလုံး အဆို့ရှင် မလုံခြင်းကြောင့် ပင်လုံဆေးရုံမှာ ခွဲစိတ်ကုသရမှာ ဖြစ်ပြီးတော့ သုံးခွမြို့နယ် တကောကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၅ နှစ်သာ ရှိသေးတဲ့

နဝမတန်းကျောင်းသား တစ်ဦး ဖြစ်ပါတယ်….မိဘတွေက ချို့တဲ့သူတွေ ဖြစ်တာကြောင့် ခွဲစိတ်ကုသဖို့အတွက် ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတာပါ …ဒီအကြောင်းကို

Facebook ကနေတစ်ဆင့် ဖတ်မိခဲ့တဲ့ ထက်ထက်မိုးဦးဟာ ကိုယ်ကိုတိုင်လည်း နှလုံးခွဲစိတ်ခဲ့တာကြောင့် ကိုယ်ချင်းစာပြီး ဝေဠုကျော်နဲ့ အတူ သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်…

ခုလို လာရောက်လှူဒါန်းတဲ့အတွက် မိဘနှစ်ပါးဟာလည်း မျက်ရည်တွေကျတဲ့အထိ ဝမ်းသာခဲ့ကြပြီးတော့ ထက်ထက်နဲ့ ဝေဠုကျော်တို့ကလည်း မောင်ဟိန်းထက်ထက်လေးကို

ကြင်ကြင်နာနာဆက်ဆံပြီး အားပေးစကားပြောကြားခဲ့ကြတာကို တွေ့ရပါတယ်…

ခုလို ငွေ ၇ သိန်းကျပ် လှူဒါန်းခဲ့တာဟာ ၇ ရက်သားသမီးအားလုံးအတွက် ရည်စူးလှူဒါန်းတာဖြစ်တယ်လို့ ထက်ထက် ကပြောကြားခဲ့ပါသေးတယ်…

မောင်ဟိန်းထက်ထက်လေး ခွဲစိတ်ကုသဖို့အတွက် အလှူရှင်တွေအနေနဲ့ လှူဒါန်းချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် ၀၉ ၇၇၅၆၃၅၂၂ မောင်ဟိန်းထက်ဆီတိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်တယ်ဆိုတဲ့

အကြောင်းကိုလည်း ထက်ထက်က ပြောကြားခဲ့ပါသေးတယ်…. ပရိသတ်ကြီးတို့ထဲမှာလည်း လှူဒါန်းချင်သူတွေရှိရင် ဆက်သွယ်လှူဒါန်းလိုက်ကြပါနော်….

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Video Source : Myanmar Celebrity