သင်ထိုင်လေ့ရှိတဲ့ ပုံစံက ပြောပြနေတဲ့ သင့်အကြောင်း
ပုံစံ (A)
ပုံစံ (B)
ပုံစံ (C)
ပုံစံ (D)
ပုံစံ (E)
အကောင်းဆုံး ကြိုးစားတတ်ပြီး အနေအထိုင်လည်း စမတ်ကျသူတွေလည်း ဖြစ်ပါတယ် …းCredit-Nell
Unicode
သင်ထိုင်လေ့ရှိတဲ့ ပုံစံက ပြောပြနေတဲ့ သင့်အကြောင်း
လူသားတွေ ဘယ်လိုဆက်သွယ်ပြုမူကြတယ်ဆိုတာ ပြောပုံဆိုပုံတွေကပဲ ဆုံးဖြတ်ပေးနိုင်တာမဟုတ်ပါဘူး။ ကိုယ်အမူအရာကလည်း လူတစ်ယောက်ရဲ့ စရိုက်ကို ဖော်ပြပေးနိုင်ပါတယ်။
အမူအရာဆိုတဲ့အထဲမှာ မျက်နှာထားနဲ့ ခြေဟန်လက်ဟန်တွေသာမက ထိုင်တဲ့ ပုံစံကပါ ထိုသူအကြောင်းကို ဖော်ပြပေးနိုင်ပါတယ်။ ဒါဆို ဒီပုံစံ (၅)မျိုးထဲက ကိုယ်နဲ့ကိုက်တာ ရွေးချယ်ပြီး အဖြေရှာလိုက်နော် …
ပုံစံ (A)
(A) ပုံစံ ထိုင်တတ်တဲ့သူတွေဟာ ဖန်တီးမှုစွမ်းရည်လည်း မြင့်ကြပြီး ပျော်ပျော်နေတတ်ကြသူတွေ ဖြစ်ပါတယ်။ ဘာကိုမှလည်း သိပ်မစဉ်းစားတတ်ဘဲ လိုရင်းကို ပြောတတ်ကြသူတွေပါ။
သူတို့က ပျင်းစရာကောင်းတဲ့သူမျိုး လုံးဝမဟုတ်ကြဘဲ ဘဝမှာလည်း ပြဿနာကြီးကြီးမားမားတွေကို ရှောင်တတ်ကြသူတွေပဲ ဖြစ်ပါတယ် …။
ပုံစံ (B)
ခြေထောက်ချိတ်ထိုင်တတ်သူတွေဟာ အိပ်မက်ဆန်သူတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဉာဏ်လည်းကောင်းပြီး သူများနဲ့ မတူတဲ့ ရှုထောင့်ကနေ လောကကို ကြည့်တတ်ကြပါတယ်။
သူတို့ဟာ နေရာတစ်ခု၊ အလုပ်တစ်ခု၊ relationship တစ်ခုတည်းမှာ အချိန်ကြာကြာနေရတာလည်း မကြိုက်တတ်ကြပါဘူး။ မိတ်ဆွေလည်း အလွန်ပေါတတ်ကြသူတွေ ဖြစ်ပါတယ်တဲ့ …။
ပုံစံ (C)
Type (C) ပုံစံနဲ့ ထိုင်တတ်ကြသူတွေဟာ ရှုပ်ရှုပ်ပွပွ နေထိုင်တတ်ကြသူတွေ ဖြစ်ပါတယ်။ အပြင်ပန်းက ကြည့်ရင်တော့ သူတို့ဟာ ဘဝကို ပရမ်းပတာ နေတတ်တယ်လို့ ထင်ရပေမယ့်
တကယ်တမ်းမှာတော့ အနေအထိုင် မသပ်ရပ်မှုထဲမှာပဲ ဘဝကို ကောင်းအောင် နေတတ်ကြသူတွေပါ။ သူများအထင်အမြင်တွေကို ဂရုမစိုက်တတ်ဘဲ သက်တောင့်သက်သာ ဖြစ်အောင် နေတတ်ကြသူတွေပါ …။
ပုံစံ (D)
(D) ကလို စုထိုင်တတ်သူတွေက ဉာဏ်ကောင်းသူမျိုးတွေ ဖြစ်ကြပါတယ်တဲ့။ ပဋိပက္ခတွေကို တတ်နိုင်သလောက် ရှောင်ရှားတတ်ကြပြီး Relationship နဲ့ ပတ်သက်လာရင်လည်း တစ်ယောက်နဲ့ တစ်ယောက်
ပွင့်ပွင့်လင်းလင်း ဆက်ဆံတာမျိုးကို အလိုရှိကြသူ တွေပါတဲ့ …။
ပုံစံ (E)
(E) ကလို ထိုင်လေ့ရှိသူတွေကတော့ အရာရာကို စနစ်တကျ လုပ်ဆောင်တတ်ပြီး ရည်မှန်းချက်ကြီးသူများလည်း ဖြစ်ကြပါတယ်။ အလုပ်နဲ့ ပညာရေးအတွက်ဆို
အကောင်းဆုံး ကြိုးစားတတ်ပြီး အနေအထိုင်လည်း စမတ်ကျသူတွေလည်း ဖြစ်ပါတယ် …။ ။Credit-Nell

