Latest Posts

ပရိသတ်တွေရဲ့တခဲနက်အားပေးမှုတွေ အများဆုံးရခဲ့တဲ့ ပြက်လုံးပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တဲ့ ထွန်းထွန်း

ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အခိုင္အမာသိမ္းပိုက္ထားၾကတဲ့ ျပည္သူ႔အခ်စ္ေတာ္အႏုပညာရွင္ေတြထဲမွာ ႏွင္းဆီအဖြဲ႕သားလို႔ အားလုံးက ခ်စ္စႏိုးေခၚၾကတဲ့ ေနတိုး၊ ေက်ာ္ေက်ာ္ဗိုလ္၊ မင္းေမာ္ကြန္း၊ ထြန္းထြန္းနဲ႔ ရဲေလးတို႔ကေတာ့ အားလုံးရဲ႕အသည္းေက်ာ္ေတြပါပဲ..။သ႐ုပ္ေဆာင္ပိုင္းနဲ႔ ဂီတပိုင္းမွာ အႏုပညာနယ္ပယ္အသီးသီးကေန ပရိသတ္ေတြရဲ႕ တခဲနက္အားေပးဝန္းရံမႈေတြကို အမ်ားဆုံးရရွိထားၾကတဲ့ သူတို႔အဖြဲ႕ကေတာ့ ရန္ပုံေငြလႉဒါန္းပြဲေတြအျဖစ္ အၿငိမ့္ပြဲေတြေတာ္ေတာ္မ်ားမ်ား ကျပခဲ့ၾကတာလည္း ပရိသတ္ေတြအသိပါပဲေနာ္..။


အခုတစ္ခါမွာလည္း ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ႏွင္းဆီအဖြဲ႕သားေတြကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းေတြကလည္း ႏွင္းဆီေလွဆိုၿပီး ရန္ပုံေငြ ကျပခဲ့ၾကၿပီး ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစခဲ့ျပန္ပါတယ္ေနာ္..။ႏွင္းဆီေလွအဖြဲ႕သားေတြရဲ႕ ရယ္စရာျပက္လုံးေတြထဲမွာ ထြန္းထြန္းနဲ႔ ရဲေလးတို႔ရဲ႕ လက္ေဝွ႔ထိုးတဲ့ အခန္းေလးကလည္း ပရိသတ္ေတြရဲ႕ တခဲနက္အားေပးမႈေတြကိုရရွိထားၿပီး ပရိသတ္ေတြၾကား ေရပန္းစားေနတဲ့ sinon loresca ရဲ႕ ဟန္ပန္ေလးေတြနဲ႔ သ႐ုပ္ေဖာ္ခဲ့တဲ့ ထြန္းထြန္းရဲ႕ ပုံရိပ္ေတြကိုေတာ့ ပရိသတ္ေတြက သေဘာက်မဆုံးျဖစ္ေနၾကတာပါ..။


ပရိသတ္ေတြရဲ႕ အျပည့္အဝႏွစ္ႀကိဳက္အားေပးခဲ့ၾကတဲ့ သ႐ုပ္ေဖာ္ပုံရိပ္ေလးေတြကိုလည္း ထြန္းထြန္းက ခ်စ္ပရိသတ္ေတြကို ျပန္လည္မွ်ေဝထားၿပီး ေအာက္တိုဘာ(၁၁)ရက္ေန႔ကစၿပီး SkyNet Cinema SkyNet Pay Par View မွာ ထုတ္လႊင့္ျပသမယ့္အေၾကာင္းေလးကိုလည္း သတင္းေကာင္းေလး ပါးထားပါေသးတယ္..။“October ၁၁ ရက္ေန႔ကေန ၁၇ ရက္ေန႔အထိက ပထမပိုင္း…October ၁၈ ရက္ေန႔ကေန ၂၄ ရက္ေန႔အထိက ဒုတိယပိုင္း…တို႔ကို SkyNet Cinema SkyNet Pay Par View မွာ ထုတ္လႊင့္ျပသပါမယ္ဗ်ာ….ေစာင့္ေမွ်ာ္ၾကည့္ရႈအားေပးၾကပါအုံး..” ဆိုၿပီးေတာ့ ပရိသတ္ေတြကို ေျပာျပထားတာ ျဖစ္ပါတယ္..။


Credit-Myanmarload

Unicode

ပရိသတ်တွေရဲ့တခဲနက်အားပေးမှုတွေ အများဆုံးရခဲ့တဲ့ ပြက်လုံးပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တဲ့ ထွန်းထွန်း
ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ နှင်းဆီအဖွဲ့သားလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်းနဲ့ ရဲလေးတို့ကတော့ အားလုံးရဲ့အသည်းကျော်တွေပါပဲ..။သရုပ်ဆောင်ပိုင်းနဲ့ ဂီတပိုင်းမှာ အနုပညာနယ်ပယ်အသီးသီးကနေ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားကြတဲ့ သူတို့အဖွဲ့ကတော့ ရန်ပုံငွေလှူဒါန်းပွဲတွေအဖြစ် အငြိမ့်ပွဲတွေတော်တော်များများ ကပြခဲ့ကြတာလည်း ပရိသတ်တွေအသိပါပဲနော်..။

အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့ အချစ်တော် နှင်းဆီအဖွဲ့သားတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း နှင်းဆီလှေဆိုပြီး ရန်ပုံငွေ ကပြခဲ့ကြပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့ပြန်ပါတယ်နော်..။နှင်းဆီလှေအဖွဲ့သားတွေရဲ့ ရယ်စရာပြက်လုံးတွေထဲမှာ ထွန်းထွန်းနဲ့ ရဲလေးတို့ရဲ့ လက်ဝှေ့ထိုးတဲ့ အခန်းလေးကလည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေကိုရရှိထားပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ sinon loresca ရဲ့ ဟန်ပန်လေးတွေနဲ့ သရုပ်ဖော်ခဲ့တဲ့ ထွန်းထွန်းရဲ့ ပုံရိပ်တွေကိုတော့ ပရိသတ်တွေက သဘောကျမဆုံးဖြစ်နေကြတာပါ..။

ပရိသတ်တွေရဲ့ အပြည့်အဝနှစ်ကြိုက်အားပေးခဲ့ကြတဲ့ သရုပ်ဖော်ပုံရိပ်လေးတွေကိုလည်း ထွန်းထွန်းက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး အောက်တိုဘာ(၁၁)ရက်နေ့ကစပြီး SkyNet Cinema SkyNet Pay Par View မှာ ထုတ်လွှင့်ပြသမယ့်အကြောင်းလေးကိုလည်း သတင်းကောင်းလေး ပါးထားပါသေးတယ်..။“October ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိက ပထမပိုင်း…October ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိက ဒုတိယပိုင်း…တို့ကို SkyNet Cinema SkyNet Pay Par View မှာ ထုတ်လွှင့်ပြသပါမယ်ဗျာ….စောင့်မျှော်ကြည့်ရှုအားပေးကြပါအုံး..” ဆိုပြီးတော့ ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။Credit-Myanmarload