Latest Posts

သွေးကင်ဆာဝေဒနာရှင်ပရိသတ်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ စိုင်းစိုင်း

ေသြးကင္ဆာေဝဒနာရွင္ပရိသတ္ရဲ့ ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းေပးခဲ့တဲ့ စိုင္းစိုင္း
ေက်းဇူးပါစိုင္းစိုင္း…က်မတို႔မ်ိဳးဆက္ကအလြန္နဲပါတယ္..က်မသားနဲ႔သူတို႔ေမာင္ႏွမ ၃ ေယာက္စုစုေပါင္း ၄ေယာက္ဘဲရွိတာပါ။ သူကအငယ္ဆုံးသမီးေလးေပါ့။
အစစအရာရာျပည့္စုံျခင္း..ခ်စ္ျခင္းခံရတဲ့သမီးေလး ( ၁၀)တန္းစာေမးပြဲေျဖမဲ့အခ်ိန္မွာ က်မတို႔အားလုံးေမၽွာ္လင့္မထားတဲ့ၾကမၼာဆိုးကသမီးေလးခ်စ္စုဆီကိုမဖိတ္ေခၚဘဲဝင္လာခဲ့တာပါ။”

“စာေမးပြဲနားနီးေနတုန္း ေနမေကာင္းျဖစ္ေတာ့ စိုးရိမ္ၿပီး ဆရာဝန္က လိုအပ္တဲ့ပိုးသတ္ေဆးေတြေပးၿပီး မိသားစုက ဂ႐ုတစ္စိုက္နဲ႔ျပဳစုခဲ့ၾကရင္း..ျမန္မာစာေျဖအၿပီး ေက်ာင္းကအျပန္ အန္ခ်င္တယ္ဆိုၿပီးအန္ခ်လိုက္တာေသြးေတြ..အဆက္မျပတ္အန္ခဲ့တာ။
ဝိတိုရိယေဆး႐ုံေျပးေတာ့ လုပ္သင့္တာလုပ္ေပးၿပီး ရန္ကုန္ေဆး႐ုံႀကီးကိုပို႔ခိုင္းေတာ့ သားကိုမ်ိဳးဟိန္းကိုလွမ္းအကူအညီေတာင္းၿပီးေဆး႐ုံကိုေျပးခဲ့ၾကတာ။ ကိုမ်ိဳးဟိန္းကလဲလိုအပ္တာ အကုန္လုံး အစအဆုံးလုပ္ေပးခဲ့တယ္။”“ညတြင္းျခင္းေသြး ၆ ပုလင္းသြင္းနိုင္ဖို႔သားကိုေတဇာကကူညီေပးခဲ့လို႔ win win ရဲ့သား၂ေယာက္ကိုဒီေန႔အထိေက်းဇူးအထူးတင္လၽွက္ပါ၊ ေသြးကင္ဆာ…တဲ့။
သူ႔ေရာဂါကိုသိလိုက္ရေတာ့ တစ္မိသားစုလုံး ကမၻာပ်က္သလိုခံစားၾကရတယ္၊ သူ႔အေဖနဲ႔အေမက သူ႔အတြက္ ဘာဘဲလုပ္ရလုပ္ရ အေကာင္းဆုံးလုပ္ေပးဖို႔ ဆုံးျဖတ္ၾကတယ္။”
“ေလးစားစရာအေကာင္းဆုံးက သူ႔အေဖေမာင္ေက်ာ္ေရႊပါ။ က်မတို႔အားလုံး အ႐ူးမီးဝိုင္းလိုျဖစ္ေနခ်ိန္မွာ သူကသမီးခ်စ္စုအတြက္ ဘယ္လိုအေကာင္းဆုံးကုသရမလဲလို႔ ေခါင္းေအးေအးနဲ႔စဥ္းစားၿပီးျမန္မာနိုင္ငံက ေသြးေရာဂါနဲ႔ပတ္သက္တဲ့ အေတာ္ဆုံးဆရာဝန္ႀကီးေတြနဲ႔ေတြ႕ၿပီး ေဆြးေႏြးအႀကံညာဏ္ေတြရယူၿပီး အေကာင္းဆုံးကုသေပးခဲ့တယ္။


နိုင္ငံျခားက ေဆး႐ုံေတြကိုလဲ ဆက္သြယ္ၿပီးလုပ္နိုင္တာ အကုန္ႀကိဳးစားခဲ့ပါတယ္၊”“ရွင္သန္ခ်င္တဲ့သူ႔သမီးငယ္ေလးကို သူ႔ရဲ့အစြမ္းရွိတာထက္ ပိုႀကိဳးစားၿပီးရွင္သန္ခြင့္ရေအာင္ အားထုတ္ခဲ့တယ္။ ေမၽွာ္လင့္ခ်က္မရွိေတာ့ေတာ့ဘူးဆိုတာကို အံတုၿပီး သမီးအတြက္အေကာင္းဆုံးေနနိုင္ေအာင္.ေနရမဲ့အခ်ိန္ထက္ ၃ ႏွစ္ေလာက္ပိုေနနိုင္ေအာင္ႀကိဳးစားေပးခဲ့တဲ့ဖခင္ပါ၊”
“က်မရဲ့ညီမ မိငယ္က ေဆး႐ုံေဆးခန္းအလြန္ေၾကာက္တတ္ေပမဲ့ သမီးေဇာနဲ႔ဘာမွေၾကာက္ရမွန္းမသိေတာ့ဘဲ ေဆး႐ုံမွာ သမီးေမြးစငယ္စဥ္ထဲက အမရင္းလို ထိမ္းေၾကာင္းျပဳစုခဲ့တဲ့မမ

သူနဲ႔အတူေန႔ေန႔.ညညျပဳစုခဲ့တာပါ၊ ရွင္သန္ခ်င္တဲ့စိတ္ျပင္းထန္တဲ့သမီးေလးကလည္း ေရာဂါကိုအံတုနိုင္ဖို႔ မိဘေတြကိုစိတ္မဆင္းရဲေစခ်င္လို႔ အျမဲျပဳံးေနတတ္တာပါ။”
“သမီးေလးကသတၱိေကာင္းၿပီးစိတ္ဓာတ္ကမာတယ္။ က်မတို႔အားလုံးေရွ႕မွာ ကီမိုဒါဏ္ေၾကာင့္ အိပ္ရာထဲလဲေနတာေတာင္ တစ္ခ်က္မၿငီးဘူး။

ေဆးဒဏ္ေၾကာင့္ ဆံပင္ေတြကၽြတ္ၿပီးဂတုန္းတုန္းရေတာ့ စိတ္ဓာတ္မက်ဘဲ ေမႀကီးကလည္း ဆံပင္ပုံစံဒီဇိုင္းအစုံရတာေပါ့ဆိုၿပီး ဆံပင္တုေတြပုံစံအစုံစြတ္ၿပီး အျပဳံးမပ်က္တဲ့စိတ္ဓါတ္ႀကံခိုင္တဲ့ကေလး..

ေရာဂါကိုႀကံ့ႀကံ့ခံေနရင္းက ရိုးတြင္းခ်င္ဆီလဲဖို႔နိုင္ငံျခားကိုသြားရေတာ့မယ္။ ေအာင္ျမင္မွာလား..ဆုံးရႈံးမွာလားမေသခ်ာတဲ့အေျခအေန…”

“သူ႔ရဲ့ ၁၈ႏွစ္ျပည့္ေမြးေန႔ၿပီးမွသြားၾကမယ္။ သူစိတ္ခ်မ္းသာဖို႔ ေမြးေန႔ပြဲေလးလုပ္ေပးခ်င္ေပမဲ့ သူ႔ေရာဂါကလူမ်ားမ်ားနဲ႔ေပးမေတြ႕ရဘူး။

ေရာဂါကူးစက္ရင္ပိုဆိုးနိုင္တယ္ဆိုေတာ့ သူ႔အေမ အေဖနဲ႔ အေဒၚေတြကသမီးႀကိဳက္တာလုပ္ေပးမယ္ ေျပာဆိုေတာ့ သူ႔ရဲ့ေတာင္းဆိုမႈက သူအလြန္ႀကိဳက္တဲ့ အဆိုေတာ္ စိုင္းစိုင္းခမ္းလွိုင္ကို ဖိတ္ၿပီးေမြးေန႔ပြဲေလးလုပ္ေပးပါတဲ့။

သူကနာမည္ႀကီးဆိုေတာ့အခ်ိန္ေပးပါ့မလားေပါ့..” “က်မညီမအငယ္ဆုံးေလးရဲ့သူငယ္ခ်င္းနဲ႔တူေတာ္ေတာ့အႀကိဳးေအၾကာင္းေျပာျပၿပီးဖိတ္လိုက္တယ္။ စိုင္းစိုင္းကသမီးကို သူ႔ညီမေလးအရင္းလို

ေႏြးေႏြးေထြးေထြးနဲ႔ ေမြးေန႔လက္ေဆာင္ေတြဝယ္ခဲ့ေပးၿပီး တေန႔လုံးနီးပါး အခ်ိန္ေပးၿပီး မိသားစုနဲ႔အတူ သမီးအတြက္ေပ်ာ္ရြင္မႈေတြရေစခဲ့တယ္။ ထင္မထားဘူး။”

“သမီးေလးကလဲ သူခ်စ္တဲ့အဆိုေတာ္ဦးေလးႀကီးက သူ႔ေမြးေန႔မွာ လက္ေဆာင္ေတြဝယ္လာလို႔ က်မတို႔ကိုႂကြားမဆုံးေပါ့။ သမီးေလးေတာ္ေတာ္ေပ်ာ္ရႊင္တာၾကည့္ၿပီး မိသားစုေတြအတူၾကည္ႏူးမိၾကပါတယ္။

ဒီေဝဒနာဆိုးႀကီးကို ျပည္ပမွာ သြားလိုက္ျပန္လိုက္နဲ႔ ကုသခဲ့တာ ၄ႏွစ္နီးပါး ခံစားတြန္းလွန္ရင္း ဒီေန႔သူ႔အသက္ ၂၀ တင္းတင္းျပည့္တဲ့ေန႔မွာ သူခ်စ္တဲ့ျမန္မာျပည္ရဲ့ အေဝးတစ္ေနရာကေဆး႐ုံမွာ သူ႔ကိုခ်စ္တဲ့သူအားလုံးကိုထားသြားခဲ့ပါၿပီ။

ေသြးကင္ဆာေဝဒနာရွင္ သမီးေလးအတြက္ စာနာစိတ္နဲ႔ေပ်ာ္ရႊင္ေအာင္ကူညီေပးခဲ့တဲ့.စိုင္းစိုင္းေရ..ေက်းဇူးအထူးတင္ပါတယ္သားစိုင္း..”Credit-original

Unicode

သွေးကင်ဆာဝေဒနာရှင်ပရိသတ်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ စိုင်းစိုင်း

ကျေးဇူးပါစိုင်းစိုင်း…ကျမတို့မျိုးဆက်ကအလွန်နဲပါတယ်..ကျမသားနဲ့သူတို့မောင်နှမ ၃ ယောက်စုစုပေါင်း ၄ယောက်ဘဲရှိတာပါ။ သူကအငယ်ဆုံးသမီးလေးပေါ့။

အစစအရာရာပြည့်စုံခြင်း..ချစ်ခြင်းခံရတဲ့သမီးလေး ( ၁၀)တန်းစာမေးပွဲဖြေမဲ့အချိန်မှာ ကျမတို့အားလုံးမျှော်လင့်မထားတဲ့ကြမ္မာဆိုးကသမီးလေးချစ်စုဆီကိုမဖိတ်ခေါ်ဘဲဝင်လာခဲ့တာပါ။”

“စာမေးပွဲနားနီးနေတုန်း နေမကောင်းဖြစ်တော့ စိုးရိမ်ပြီး ဆရာဝန်က လိုအပ်တဲ့ပိုးသတ်ဆေးတွေပေးပြီး မိသားစုက ဂရုတစ်စိုက်နဲ့ပြုစုခဲ့ကြရင်း..မြန်မာစာဖြေအပြီး ကျောင်းကအပြန် အန်ချင်တယ်ဆိုပြီးအန်ချလိုက်တာသွေးတွေ..အဆက်မပြတ်အန်ခဲ့တာ။

ဝိတိုရိယဆေးရုံပြေးတော့ လုပ်သင့်တာလုပ်ပေးပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ခိုင်းတော့ သားကိုမျိုးဟိန်းကိုလှမ်းအကူအညီတောင်းပြီးဆေးရုံကိုပြေးခဲ့ကြတာ။ ကိုမျိုးဟိန်းကလဲလိုအပ်တာ အကုန်လုံး အစအဆုံးလုပ်ပေးခဲ့တယ်။”

“ညတွင်းခြင်းသွေး ၆ ပုလင်းသွင်းနိုင်ဖို့သားကိုတေဇာကကူညီပေးခဲ့လို့ win win ရဲ့သား၂ယောက်ကိုဒီနေ့အထိကျေးဇူးအထူးတင်လျှက်ပါ၊ သွေးကင်ဆာ…တဲ့။

သူ့ရောဂါကိုသိလိုက်ရတော့ တစ်မိသားစုလုံး ကမ္ဘာပျက်သလိုခံစားကြရတယ်၊ သူ့အဖေနဲ့အမေက သူ့အတွက် ဘာဘဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပေးဖို့ ဆုံးဖြတ်ကြတယ်။”

“လေးစားစရာအကောင်းဆုံးက သူ့အဖေမောင်ကျော်ရွှေပါ။ ကျမတို့အားလုံး အရူးမီးဝိုင်းလိုဖြစ်နေချိန်မှာ သူကသမီးချစ်စုအတွက် ဘယ်လိုအကောင်းဆုံးကုသရမလဲလို့ ခေါင်းအေးအေးနဲ့စဉ်းစားပြီး

မြန်မာနိုင်ငံက သွေးရောဂါနဲ့ပတ်သက်တဲ့ အတော်ဆုံးဆရာဝန်ကြီးတွေနဲ့တွေ့ပြီး ဆွေးနွေးအကြံညာဏ်တွေရယူပြီး အကောင်းဆုံးကုသပေးခဲ့တယ်။

နိုင်ငံခြားက ဆေးရုံတွေကိုလဲ ဆက်သွယ်ပြီးလုပ်နိုင်တာ အကုန်ကြိုးစားခဲ့ပါတယ်၊”

“ရှင်သန်ချင်တဲ့သူ့သမီးငယ်လေးကို သူ့ရဲ့အစွမ်းရှိတာထက် ပိုကြိုးစားပြီးရှင်သန်ခွင့်ရအောင် အားထုတ်ခဲ့တယ်။ မျှော်လင့်ချက်မရှိတော့တော့ဘူးဆိုတာကို အံတုပြီး သမီးအတွက်အကောင်းဆုံးနေနိုင်အောင်.

နေရမဲ့အချိန်ထက် ၃ နှစ်လောက်ပိုနေနိုင်အောင်ကြိုးစားပေးခဲ့တဲ့ဖခင်ပါ၊”

“ကျမရဲ့ညီမ မိငယ်က ဆေးရုံဆေးခန်းအလွန်ကြောက်တတ်ပေမဲ့ သမီးဇောနဲ့ဘာမှကြောက်ရမှန်းမသိတော့ဘဲ ဆေးရုံမှာ သမီးမွေးစငယ်စဉ်ထဲက အမရင်းလို ထိမ်းကြောင်းပြုစုခဲ့တဲ့မမ

သူနဲ့အတူနေ့နေ့.ညညပြုစုခဲ့တာပါ၊ ရှင်သန်ချင်တဲ့စိတ်ပြင်းထန်တဲ့သမီးလေးကလည်း ရောဂါကိုအံတုနိုင်ဖို့ မိဘတွေကိုစိတ်မဆင်းရဲစေချင်လို့ အမြဲပြုံးနေတတ်တာပါ။”

“သမီးလေးကသတ္တိကောင်းပြီးစိတ်ဓာတ်ကမာတယ်။ ကျမတို့အားလုံးရှေ့မှာ ကီမိုဒါဏ်ကြောင့် အိပ်ရာထဲလဲနေတာတောင် တစ်ချက်မငြီးဘူး။

ဆေးဒဏ်ကြောင့် ဆံပင်တွေကျွတ်ပြီးဂတုန်းတုန်းရတော့ စိတ်ဓာတ်မကျဘဲ မေကြီးကလည်း ဆံပင်ပုံစံဒီဇိုင်းအစုံရတာပေါ့ဆိုပြီး ဆံပင်တုတွေပုံစံအစုံစွတ်ပြီး အပြုံးမပျက်တဲ့စိတ်ဓါတ်ကြံခိုင်တဲ့ကလေး..

ရောဂါကိုကြံ့ကြံ့ခံနေရင်းက ရိုးတွင်းချင်ဆီလဲဖို့နိုင်ငံခြားကိုသွားရတော့မယ်။ အောင်မြင်မှာလား..ဆုံးရှုံးမှာလားမသေချာတဲ့အခြေအနေ…”

“သူ့ရဲ့ ၁၈နှစ်ပြည့်မွေးနေ့ပြီးမှသွားကြမယ်။ သူစိတ်ချမ်းသာဖို့ မွေးနေ့ပွဲလေးလုပ်ပေးချင်ပေမဲ့ သူ့ရောဂါကလူများများနဲ့ပေးမတွေ့ရဘူး။

ရောဂါကူးစက်ရင်ပိုဆိုးနိုင်တယ်ဆိုတော့ သူ့အမေ အဖေနဲ့ အဒေါ်တွေကသမီးကြိုက်တာလုပ်ပေးမယ် ပြောဆိုတော့ သူ့ရဲ့တောင်းဆိုမှုက သူအလွန်ကြိုက်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကို ဖိတ်ပြီးမွေးနေ့ပွဲလေးလုပ်ပေးပါတဲ့။

သူကနာမည်ကြီးဆိုတော့အချိန်ပေးပါ့မလားပေါ့..” “ကျမညီမအငယ်ဆုံးလေးရဲ့သူငယ်ချင်းနဲ့တူတော်တော့အကြိုးအေကြာင်းပြောပြပြီးဖိတ်လိုက်တယ်။ စိုင်းစိုင်းကသမီးကို သူ့ညီမလေးအရင်းလို

နွေးနွေးထွေးထွေးနဲ့ မွေးနေ့လက်ဆောင်တွေဝယ်ခဲ့ပေးပြီး တနေ့လုံးနီးပါး အချိန်ပေးပြီး မိသားစုနဲ့အတူ သမီးအတွက်ပျော်ရွင်မှုတွေရစေခဲ့တယ်။ ထင်မထားဘူး။”

“သမီးလေးကလဲ သူချစ်တဲ့အဆိုတော်ဦးလေးကြီးက သူ့မွေးနေ့မှာ လက်ဆောင်တွေဝယ်လာလို့ ကျမတို့ကိုကြွားမဆုံးပေါ့။ သမီးလေးတော်တော်ပျော်ရွှင်တာကြည့်ပြီး မိသားစုတွေအတူကြည်နူးမိကြပါတယ်။

ဒီဝေဒနာဆိုးကြီးကို ပြည်ပမှာ သွားလိုက်ပြန်လိုက်နဲ့ ကုသခဲ့တာ ၄နှစ်နီးပါး ခံစားတွန်းလှန်ရင်း ဒီနေ့သူ့အသက် ၂၀ တင်းတင်းပြည့်တဲ့နေ့မှာ သူချစ်တဲ့မြန်မာပြည်ရဲ့ အဝေးတစ်နေရာကဆေးရုံမှာ သူ့ကိုချစ်တဲ့သူအားလုံးကိုထားသွားခဲ့ပါပြီ။

သွေးကင်ဆာဝေဒနာရှင် သမီးလေးအတွက် စာနာစိတ်နဲ့ပျော်ရွှင်အောင်ကူညီပေးခဲ့တဲ့.စိုင်းစိုင်းရေ..ကျေးဇူးအထူးတင်ပါတယ်သားစိုင်း..”Credit-original