Latest Posts

ခမ်းနားတဲ့ အလှတရားကြောင့် မြန်မာမင်းသမီးတစ်ဦးအနေနဲ့ ထိုင်းနိုင်ငံမှာ မျက်နှာပွင့်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်

မြန်မာနိုင်ငံရဲ့အလှဆုံးနဲ့ ဖက်ရှင်အကျဆုံး မင်းသမီးချောလေးတွေထဲက တစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ သူမရဲ့မျက်နှာလေးကြောင့်ရော၊ အနုပညာပိုင်းမှာ ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်က ထိုင်းနိုင်ငံမှာ မြင်သူတစ်ကာ ငေးမောရလောက်တဲ့ ဖက်ရှင်နဲ့ အလှဆုံး ပွဲတက်ခဲ့တဲ့ သူမပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်လိုက်တာ တွေ့ရပါတယ်။ အသေးစိတ်ကြည့်လေ ပိုပြီး နှစ်လိုဖွယ်ကောင်းလေဖြစ်တဲ့ အလှတရားတွေ ပေါ်လွင်နေတဲ့ ဝတ်မှုံရွှေရည်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို လှရက်လွန်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် တစ်စိမ့်စိမ့်ကြည့်ရင်တောင် မဝနိုင်လောက်အောင် လှရက်လွန်းတဲ့ ရွှေကစ်လေးရဲ့ပွဲတက်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝတ်မှုန်ရွှေရည်ကတော့ “Elegant is my kinda makeup I was born with. ကစ်ကိုချစ်တဲ့သူတွေထဲမှာ အဖြူရောင်ကြိုက်တဲ့သူတွေ ရှိလားဗျို့။ မဆိုးဘူးနော်၊ ဒီကောင်မလေးက ချစ်ဖို့ကောင်းသား !!!👌🏻😘” ဆိုပြီး ဒီကောင်မလေး ချစ်ဖို့ကောင်းသားနော်ဆိုပြီး ထိုင်းနိုင်ငံမှာ အခမ်းနားဆုံးနဲ့ အလှဆုံး ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ခြေလှမ်းလေး တစ်လှမ်း လှမ်းလိုက်တာနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို ကြွေကျစေသူကြီးပါနော်…။

မြန်မာမင်းသမီးလေးက ဒီလောက်ထိ လှရက်လွန်းလို့ ဂုဏ်ယူနေရပါတယ် ကစ်ရေ…။

ဝတ်မှုံရွှေရည်ကတော့ လတ်တလောမှာ ရုပ်ရှင်တွေရိုက်ကူးဖြစ်နေပြီး တစ်ခြားသော အနုပညာအလုပ်တွေ လုပ်ဖြစ်နေတာပါ။ ရွှေကစ်လေးကတော့ တလောကလည်း ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ချင်းပြည်နယ်မှာ သွားရောက်ရိုက်ကူးခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေလည်း မြင်လိုက်တာနဲ့ ထင်းနေတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ ဝတ်မှုံရွှေရည်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။Myint Myat;Source;Wutt Hmone Shwe Yi’s Facebook;Credit-swelsone
Zawgyi
ျမန္မာႏိုင္ငံရဲ႕အလွဆုံးနဲ႔ ဖက္ရွင္အက်ဆုံး မင္းသမီးေခ်ာေလးေတြထဲက တစ္ဦးျဖစ္တဲ့ ဝတ္မႈံေ႐ႊရည္ကေတာ့ အရမ္းကိုခ်စ္စရာေကာင္းတဲ့ သူမရဲ႕မ်က္ႏွာေလးေၾကာင့္ေရာ၊ အႏုပညာပိုင္းမွာ ထူးခြၽန္တာေၾကာင့္ပါ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ မင္းသမီးေခ်ာေလး ဝတ္မႈန္ေ႐ႊရည္က ထိုင္းႏိုင္ငံမွာ ျမင္သူတစ္ကာ ေငးေမာရေလာက္တဲ့ ဖက္ရွင္နဲ႔ အလွဆုံး ပြဲတက္ခဲ့တဲ့ သူမပုံရိပ္ေတြကို လူမႈကြန္ယက္မွာ တင္လိုက္တာ ေတြ႕ရပါတယ္။ အေသးစိတ္ၾကည့္ေလ ပိုၿပီး ႏွစ္လိုဖြယ္ေကာင္းေလျဖစ္တဲ့ အလွတရားေတြ ေပၚလြင္ေနတဲ့ ဝတ္မႈံေ႐ႊရည္ရဲ႕ပုံရိပ္ေတြကေတာ့ အရမ္းကို လွရက္လြန္းေနတာပါေနာ္။ခ်စ္ပရိသတ္ေတြအတြက္ တစ္စိမ့္စိမ့္ၾကည့္ရင္ေတာင္ မဝႏိုင္ေလာက္ေအာင္ လွရက္လြန္းတဲ့ ေ႐ႊကစ္ေလးရဲ႕ပြဲတက္ပုံရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ဝတ္မႈန္ေ႐ႊရည္ကေတာ့ “Elegant is my kinda makeup I was born with. ကစ္ကိုခ်စ္တဲ့သူေတြထဲမွာ အျဖဴေရာင္ႀကိဳက္တဲ့သူေတြ ရွိလားဗ်ိဳ႕။ မဆိုးဘူးေနာ္၊ ဒီေကာင္မေလးက ခ်စ္ဖို႔ေကာင္းသား !!!👌🏻😘” ဆိုၿပီး ဒီေကာင္မေလး ခ်စ္ဖို႔ေကာင္းသားေနာ္ဆိုၿပီး ထိုင္းႏိုင္ငံမွာ အခမ္းနားဆုံးနဲ႔ အလွဆုံး ပြဲတက္ခဲ့တဲ့ သူမရဲ႕ပုံရိပ္တစ္ခ်ိဳ႕ကို လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာပါ။
ေျခလွမ္းေလး တစ္လွမ္း လွမ္းလိုက္တာနဲ႔ ပရိသတ္ေတြရဲ႕ႏွလုံးသားကို ေႂကြက်ေစသူႀကီးပါေနာ္…။
ျမန္မာမင္းသမီးေလးက ဒီေလာက္ထိ လွရက္လြန္းလို႔ ဂုဏ္ယူေနရပါတယ္ ကစ္ေရ…။
ဝတ္မႈံေ႐ႊရည္ကေတာ့ လတ္တေလာမွာ ႐ုပ္ရွင္ေတြ႐ိုက္ကူးျဖစ္ေနၿပီး တစ္ျခားေသာ အႏုပညာအလုပ္ေတြ လုပ္ျဖစ္ေနတာပါ။ ေ႐ႊကစ္ေလးကေတာ့ တေလာကလည္း ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္ ႐ိုက္ကူးတဲ့ “တိမ္ေတြေပၚကပန္း” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ခ်င္းျပည္နယ္မွာ သြားေရာက္႐ိုက္ကူးခဲ့ပါေသးတယ္။ ခ်စ္ပရိသတ္ေတြလည္း ျမင္လိုက္တာနဲ႔ ထင္းေနတဲ့ အလွတရားကို ပိုင္ဆိုင္ထားတဲ့ ဝတ္မႈံေ႐ႊရည္ေလးကိုခ်စ္ရင္ share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။Myint Myat;Source;Wutt Hmone Shwe Yi’s Facebook;Credit-swelsone