Latest Posts

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အဘိဝံသဘွဲ့ကြီးဆွတ်ခူးနိုင်ခဲ့သောစစ်ကိုင်း မြစကြာကျောင်းတိုက်ကသာသနာ့အာဇာနည်

တစ္ႏွစ္မွ ႏွစ္ပါးသုံးပါးေလာက္သာေပၚထြက္တတ္တဲ့ အဘိဝံသ ဘြဲ႕ဆိုတာက်က္မွတ္ေျဖဆိုရတာ ခက္ခဲလြန္းလို႔လူသတ္ပြဲရဟန္းသတ္ပြဲလို႔ေတာင္ ႏိုင္ငံေက်ာ္ ကမာၻသိဆရာေတာ္ႀကီးတစ္ပါးက မိန႔္ခဲ့ဖူးပါသတဲ့။
ဒါေပမယ့္ ေက်ာ္လြန္သြားႏိုင္သူဟာ အာဇာနည္ေတြ ပါပဲ။ အဘိဝံသဆိုတဲ့ ဘြဲ႕ထူးကို သိရွိသူတိုင္းဟာတန္ဖိုးထားၾကတယ္။ ႏိုင္ငံျခားသားမ်ားသည္ပင္လွ်င္အဘိဝံသဆိုတာကို တန္ဖိုးထားၿပီးေတာ့ေလးစားၾကတယ္ သိရွိနားလည္တဲ့ ႏိုင္ငံျခားသားတိုင္းဟာအသိအမွတ္ျပဳထားတယ္။ ပါေမာကၡခ်ဳပ္ဆရာေတာ္

လူသတ္စာေမးပြဲ (ေခၚ) မႏၲေလး-သက်သီဟ အဘိဝံသ-စာေမးပြဲအေၾကာင္းသိေကာင္းစရာ လမ္းၫႊန္ မႏၲေလးၿမိဳ႕၌ ပရိယတၱိ သာသနဟိတ အသင္းႀကီးဆိုတာ ရွိပါတယ္။ အဲဒီအသင္းႀကီးကို ‘သက်သီဟအသင္း’ ဟုလည္း ေခၚစမွတ္ျပဳၾကသလို႔
ရဟန္းေတာ္ေတြရဲ႕ သာသနာေဘာင္ ေလာကဝယ္ နာမည္ႀကီးတဲ့ အသင္းဆိုလည္း မမွားဖြယ္ရာ မရွိေပ ထို ‘ပရိယတၱိ သာသနဟိတ အသင္းႀကီး’ က ႀကီးမႉး-က်င္းပေသာ စာေမးပြဲ အေထြေထြ ရွိၾကပါတယ္ ထိုထို အသင္းဆိုင္ရာ စာေမးပြဲမ်ားသည္ကား သက်သီဟ အဘိဝံသဘြဲ႕ (ေခၚ) ပရိယတၱိ သာသနဟိတ ဓမၼာစရိယ ဘြဲ႕ (အဘိဝံသစာေမးပြဲ) သာမေဏေက်ာ္ဘြဲ႕ (ေခၚ) ပရိယတၱိ သာသနာလကၤာရဘြဲ႕ (အလကၤာရစာေမးပြဲ) အျပင္ နိကာယ္ဘြဲ႕ (ေခၚ) နိကာယ္စာေမးပြဲမ်ားလည္း ရွိၾကပါသည္။
ထို ‘သက်သီဟ အဘိဝံသဘြဲ႕ (ေခၚ) ပရိယတၱိ သာသနာဟိတ ဓမၼာစရိယဘြဲ႕ ရရွိဖို႔အတြက္ အသက္ေတာ္အားျဖင့္ (၂၇) အတြင္း ရွိေသာ ရဟန္းပ်ိဳမ်ားသာ ေျဖဆိုခြင့္ ရၾကမည္ ျဖစ္ၿပီး ထိုရဟန္းေတာ္မ်ားသည္ ပထမေျခလွမ္းျဖစ္သည့္ အေျခခံ စာသင္တန္းသို႔ ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ရၾကမည္ ျဖစ္ပါသည္။

ထို ‘ပရိယတၱိ သာသနာဟိတ အသင္းႀကီး’ ၌

(၁) : သီးျခား စာသင္တန္း ႏွင့္ (၂) : – စာခ်တန္း (တစ္နည္း) ဓမၼာစရိယတန္း ဟူ၍ တန္းအားျဖင့္ ႏွစ္တန္း ခြဲျခားထားပါသည္ အေျခခံ စာသင္တန္းကို ဝင္ေရာက္လို႔သူမ်ားသည္ ပရိယတၱိ အေျခခံပညာသည္ ပထမျပန္ ႀကီးတန္းဆင့္ ရွိထားၾကရပါမည္ အသက္ (၂၇) ၊ ဝါေတာ္အားျဖင့္ (၇) ဝါထက္ မႀကီးေသာ မည္သည့္ ရဟန္းပ်ိဳမ်ား မဆို လြတ္လပ္စြာ ေျဖဆိုခြင့္ ရွိၾကပါသည္ ထို ‘အေျခခံ စာသင္တန္း’ တြင္ (၁) : – အာဂုံ ျပန္ဆိုျခင္း ႏွင့္ (၂) : – သေဘာ ေရးေျဖ ဟူ၍လည္း ထပ္မံ သတ္မွတ္ ျပဌာန္းထားရွိေလသည္။ ပထမအဆင့္ျဖင့္သည့္ ‘အေျခခံ စာသင္တန္း’ ရဲ႕ အသင္း စဥ္းမ်ဥ္း ဥပေဒသအရ အာဂုံ ျပန္ဆိုျခင္း ကိစၥကို ျပည့္ျပည့္စုံစုံ ေျဖဆိုႏိုင္ပါမွ ဒုတိယေျခလွမ္းျဖစ္တဲ့ သေဘာ ေရးေျဖကို ေျဖဆိုခြင့္ ရၾကမွာ ျဖစ္ပါသည္ မည္သည့္ အရာမွ လြယ္ကူလွသည္ကား မရွိလွေခ် အခါခပ္သိမ္း လြယ္ကူ ေခ်ာ္ေမြ႕ေနပါက ဘယ္မွာ အခက္အခဲဆိုတာ ရွိအံ့မည္နည္း ဒါေၾကာင့္ ထို ပရိယတၱိ သာသနာဟိ အသင္းႀကီး က က်င္းပေသာ သက်သီဟ (အဘိဝံသ) ဘြဲ႕သည္ကား ရဖို႔ မလြယ္ကူလွသလို႔ အင္မတန္မွလည္း အခက္အခဲပါဘိ ထို သက်သီဟ (အဘိဝံသ) စာေမးပြဲႏွင့္ စပ္လ်ဥ္း၍ ကမာၻ႔ေက်ာ္ လယ္တီ ဆရာေတာ္ ဘုရားႀကီးမွ လူသတ္ စာေမးပြဲ ဟု ဤသို႔ မိန႔္ေတာ္မႈေလသတည္း
သီးျခား စာသင္တန္းရဲ႕ ျပဌာန္း က်မ္းစာမ်ား ထိုသီးျခား စာသင္တန္း၌ ျပဌာန္း က်မ္းစာမ်ားသည္ ေအာက္ပါအတိုင္း ျဖစ္ပါသည္ ငွင္းတို႔ကား (၁) ေဒြမာတိကာ (ဝိနည္းငယ္ႏွစ္ေစာင္) (၂) ကစၥည္း သဒၵါႀကီး (သဒၵါ-ရွစ္ေစာင္တြဲ) (၃) အဘိဓမၼတၳ သဂၤဟ (သၿဂိဳလ္) (၄)ကစၥာယနသာရ (၅) ေဘဒစိႏၲာ (၆)အဘိဓာန္ (၇) ဆန္းက်မ္း (၈) ပုဒ္စစ္ (၉) သဒၵါစစ္ (၁၀) သံဝဏၰနာ (၁၁) နည္းေလးဆယ္ (၁၂) မာတိကာ (၁၃) ဓာတုကထာ (၁၄) ယမိုက္ (ေအာက္ငါးက်မ္း) ဟူ၍ အသင္းႀကီးရဲ႕ စည္းမ်ဥ္း စည္းကမ္းမ်ားအရ ျပဌာန္းထားရွိၾကပါသည္ ထိုထို ျပဌာန္ က်မ္းစာတို႔ကို ‘အာဂုံ (လြတ္) ေက်ပြန္မွသာ အသင္း စာေမးပြဲ ေျဖဆိုရန္အတြက္ သင့္ျမတ္လွေပ၏ ထိုမွ မဟုတ္ပါက (ဝင္ေရာက္ ေျဖဆိုပါက) မျမင္ႏိုင္တဲ့ အခက္အခဲ အေပါင္း မ်ားစြာ ႀကဳံေတြ႕မည္မွာ ေျမႀကီး လက္ခတ္ မလြဲ က်ိန္းေသ ႀကဳံေတြ႕ရမည္ ျဖစ္ပါသည္ ထိုသီးျခား စာသင္တန္း၌ အာဂုံ (လြတ္) ျပန္ဆိုျခင္းကို ေျဖဆို ေအာင္ျမင္မွသာ ဆက္လက္၍ သေဘာ ေရးေျဖ ဝင္ခြင့္ စာေမးပြဲကို ေျဖဆိုရမည္ ျဖစ္ပါသည္။
ထို သီးျခား စာသင္တန္းကို ေအာင္ျမင္ခဲ့ၾကေသာ အရွင္သူျမတ္မ်ားကို”ပရိယတၱိ သာသန ဟိတ အသင္းႀကီး” မွ ဂုဏ္ျပဳ ပူေဇာ္ေသာအားျဖင့္ ဆြမ္း ဆန္ေတာ္တို႔ကို (၅) ႏွစ္ ဆက္တိုက္ ေပးအပ္ လႉဒန္းမႈကို ခံထိုက္ပါေပ၏ (“နယုန္လတြင္ ထိုအသင္းစာေမးပြဲကို ျပဳလုပ္-က်င္းပၿပီး ၊ စာေအာင္ဆုကို ဝါဆိုလ၌ ေအာင္လက္မွတ္ (ဘြဲ႕လက္မွတ္) ဆက္ကပ္ ပူေဇာ္ပါသည္” ဟု သိရွိထားရမည္ ျဖစ္ပါသည္။ ထို ‘သီးျခား စာသင္တန္း’ ကို ျပည့္ျပည့္စုံစုံ ေျဖဆို ေအာင္ျမင္ခဲ့ၿပီးေနာက္ ဆက္လက္၍ စာခ်တန္း (ေခၚ) ဓမၼာစရိယတန္းကို ဝင္ေရာက္ ေျဖဆိုခြင့္ ရၾကမည္ ျဖစ္ပါသည္ထို စာခ်တန္း၌မႈလည္း အသက္ေတာ္အားျဖင့္ (၃၂) ႏွစ္ ၊ ဝါေတာ္ (၁၂) ဟု သတ္မွတ္ထားရွိေလသည္ စာခ်တန္း (ေခၚ) ဓမၼာစရိယတန္းရဲ႕ ျပဌာန္း က်မ္းစာမ်ား ထို ‘စာခ်တန္း (ေခၚ) ဓမၼာစရိယတန္း၌ သင္႐ိုး ၫႊန္တမ္းမ်ားသည္ အဓိအားျဖင့္ က်မ္းရင္း (၃) က်မ္း ျဖစ္ပါသည္။ ထို က်မ္းရင္း (၃) က်မ္း ဟူသည္ကား(၁) ပါရာဇိကဏ္ (၂) သီလကၡႏၶာ (၃) အ႒သာလိနီ ဟူ၍ က်မ္းရင္း (၃) က်မ္းသည္ ဘုရားေဟာေသာ ပါဠိေတာ္၌ ပါဝင္ပါသည္။ ထို စာခ်တန္းကိုမႈလည္း ဆက္လက္ၿပီး ႀကိဳးစားပိုင္ခြင့္ (၅) ႏွစ္တာ အသက္တမ္း ရွိပါသည္။ ထိုသတ္မွတ္ႏွစ္ထက္ ေက်ာ္လြန္ပါက အၾကမ္းအားျဖင့္ သာခ ဟု အဘိဝံသ ဘြဲ႕ကို ဆက္ကပ္ပါသည္။ သာခ ဟူသည္ အဖ်ားဟု အဓိပၸါယရၿပီး ၊ မူလ သည္ကား အရင္းဟူ ဆိုစမွတ္ ျပဳၾကေလ၏ ဆိုလိုသည္ကား သတ္မွတ္သည့္ ႏွစ္အတြင္း ေျဖဆို ေအာင္ျမင္ပါက “ပရိယတၱိ သာသနဟိတ မႈလဓမၼာစရိယဘြဲ႕” (သို႔မဟုတ္) “သက်သီဟ အဘိဝံသ ဘြဲ႕” ကို လက္ခံ ရရွိမည္ ျဖစ္ၿပီး ၊

ထိုသတ္မွတ္ႏွစ္ (၁၂ ဝါ ၊ ၃၂ ႏွစ္) မွ ေက်ာ္လြန္ေသာ အရွင္ျမတ္မ်ားကို “ပရိယတၱိ သာသနဟိတ သာခဓမၼာစရိယဘြဲ႕” ကို ဆက္ကပ္မည္ျဖစ္ေသာ္လည္း ယေန႔ေခတ္ဝယ္ အတိုေကာက္အားျဖင့္ သ.စ.အ ဟု ေသာ္လည္းေကာင္း ၊ (ဒါမွ မဟုတ္) သက်သီဟ အဘိဝံသဘြဲ႕) ဟု ေသာ္လည္းေကာင္း အသုံးျပဳလာၾကပါသည္။

“ပရိယတၱိ သာသနဟိ သာခဓမၼာစရိယဘြဲ႕” ဟု ေရးေလ့ ေရးထ ယေန႔ေခတ္ဝယ္ မရွိၾကေပ . .
သ.စ.အ ၏ အဓိပၸါယ္ ဖြင့္ဆိုခ်က္ ‘သ’ ဆိုသည္မွာ သက်သီဟ ဓမၼာစရိယဘြဲ႕ကို ရည္ၫႊန္ၿပီး ၊ ျပည့္စုံလွသည့္ အနက္အဓိပၸါယ္သည္ကား “ပရိယတၱိ သာသနဟိတ ဓမၼာစရိယဘြဲ႕” ပင္ ျဖစ္ပါသည္ ထို ‘ပရိယတၱိ သာသနဟိတ အသင္းႀကီး’ ၌ ႀကီးမႉး က်င္းပေသာ ဓမၼာစရိယ (စာခ်တန္းဘြဲ႕) ျဖစ္၍ ထိုအသင္းကို အစြဲျပဳၿပီး ၊ ‘ပရိယတၱိ သာသနဟိတ ဓမၼာစရိယဘြဲ႕’ ဟု ဤသို႔ အမွတ္အသား နာယူရပါသည္။ (မႏၲေလးၿမိဳ႕၌ ထိုအသင္းႀကီး တည္ရွိပါသည္။)
‘စ’ ဟူသည္ကား “ပရိယတၱိ ေစတီယဂၤဏဓမၼာစရိယဘြဲ႕ ” ျဖစ္ၿပီး ၊ ထိုဘြဲ႕ကို “ရန္ကုန္ အဘိ (သို႔မဟုတ္) ရန္ကုန္ အဘိဝံသ စာေတာ္ျပန္ပြဲ” ဟု ရဟန္း-ရွင္ / လူ အသိမ်ားၾက၏ ထိုအသင္းကို ေ႐ႊတိဂုံေစတီေတာ္ရင္ျပင္၌ ႀကီးမႉးၿပီး ၊ သာသနာေတာ္ရဲ႕ အႏွစ္သာရျဖစ္ေသာ ဗုဒၶေဒသနာေတာ္ျမတ္မ်ားကို ျပဳလုပ္ က်င္းပအပ္ေသာေၾကာင့္ ‘ပရိယတၱိ’ ဟု ေသာ္လည္းေကာင္း ေ႐ႊတိဂုံရင္ျပင္ကို အေၾကာင္းျပဳ၍ ဆင္ႏႊဲ႕ က်င္းပအပ္ေသာေၾကာင့္ ‘ေစတီယဂၤဏ’ ဟု ေသာ္လည္းေကာင္း အၾကမ္းအားျဖင့္ နားလည္ထားၾကရမည္ ျဖစ္ပါသည္။

‘အ’ ဆိုသည္မွာ ‘အစိုးရ ဓမၼာစရိယဘြဲ႕’ ကို အတိုေကာက္ အသုံးျပဳခဲ့သည့္အတြက္ ဤသို႔ ‘အ’ ဟု သိျမင္ရမည္ ျဖစ္ပါသည္။ ထိုစာေမးပြဲသည္ အစိုးရ ပထမျပန္ စာေမးပြဲ ႏွင့္အတူ ဆင္ယင္ က်င္းပအပ္ေသာ ‘အစိုးရ ဓမၼာစရိယ စာေတာ္ျပန္ဘြဲ႕ပင္ ျဖစ္ပါသည္ ထိုစာေမးပြဲကို တစ္ႏိုင္ငံလုံးဆင့္အေနျဖင့္ သာသနာေရးဝန္ႀကီးဌာန လက္ေအာက္ခံမွ တရာဝင္ အသိအမွတ္ျပဳ က်င္းပအပ္ေသာေၾကာင့္ ‘အစိုးရ’ ဆိုသည္ကို ထည့္သြင္းခဲ့ျခင္း ျဖစ္ပါသည္ ထိုစာေမးပြဲတို႔၌လည္း အဆင့္အားျဖင့္ တရာဝင္ (၄) ဆင့္ရွိၿပီး ၊ ေအာင္ျမင္ခဲ့ေသာ အဆင့္အလိုက္ ေအာင္လက္မွတ္ (ဘြဲ႕လက္မွတ္) တို႔ကို အစိုးရမွ ခ်ီးျမႇင့္ပါသည္။

ထိုအဆင့္ (၄) ဆင့္တို႔သည္ကား …

(၁) အစိုးရ ပထမငယ္တန္း (ေအာင္လက္မွတ္) (၂) အစိုးရ ပထမလတ္တန္း (ေအာင္လက္မွတ္) (၃) အစိုးရ ပထမႀကီးတန္း (ေအာင္လက္မွတ္) ႏွင့္ (၄) အစိုးရ ဓမၼာစရိယဘြဲ႕ (စာခ်တန္း) ဟူ၍ (၄) ဆင့္ သတ္မွတ္ ျပဌာန္းထားပါသည္။ ထိုစာခ်တန္းကို ေျဖဆို ေအာင္ျမင္ပါက အစိုးရ တရာဝင္ အသိအမွတ္ျပဳ ေပးအပ္ေသာေၾကာင့္ ထိုဘြဲ႕ကို ‘အစိုးရ သာသနဓဇဓမၼာစရိယဘြဲ႕’ ဟု ေခၚေဝၚ အသုံးလ်က္ ရွိပါသည္ ထိုအျပင္ (ထိုအဘိဝံသဘြဲ႕) ငါးႏွစ္တိုင္ ဆက္လက္၍ စာခ်တန္း၌ ပါဝင္ေသာ အ႒ကထာ က်မ္းရင္း (၃) က်မ္း (ပါရာဇိကဏ္၊ သီလကၡႏၶ၊ အ႒သာလိနီ) ႏွင့္ သက္ဆိုင္ရာ ဆန္း၊ အလကၤာ၊ ဉာသ္ေကာက္ အထက္ယမိုက္၊ ပ႒ာန္းက်မ္းႀကီးႏွင့္ တကြ ဋီကာ၊ အႏူ၊ မဓု ဂဏၭိ ေယာဇနာ က်မ္းမ်ားစြာတို႔ကို သုံးရက္တိုင္ က်င္းပေသာ

စာေမးပြဲကိုလည္း ျပဌာန္းခ်က္အရ ဝင္ေရာက္ေျဖဆိုရပါသည္။ထို စာခ်တန္းကို ဝင္ေရာက္ ေျဖဆို ေအာင္ျမင္ေသာ အရွင္ျမတ္မ်ားကို ထိုအသင္းမွ ဆြမ္းဆန္ေတာ္ ေထာက္ပံ့ လႉဒါန္းၾကပါသည္ထိုအသင္းေတြရဲ႕ စာခ်တန္း (အဘိဝံသဘြဲ႕) အတြက္ က်မ္းရင္း (၃) က်မ္း ပါဠိေတာ္ . အ႒ကထာ . ဋီကာတို႔ကို ေက်ပြန္စြာ
ေလ့လာၾကရပါသည္ ႏိုင္ငံေတာ္မွ က်င္းပေသာ အစိုးရ ဓမၼာစရိယ႐ိုး႐ိုးဘြဲ႕အတြက္ သာရတၳဒီပနီဋီကာဝိမတိဋီကာ / အဘိနဝဋီကာ / မဓုေယာဇနာတို႔ မလိုေသာ္လည္း

အဘိဝံသဘြဲ႕ရဖို႔ရာအတြက္မူ ပါဠိေတာ္ / အ႒ကထာႏွင့္ မလုံေလာက္ . ထိုဋီကာ စသည့္က်မ္းျမတ္ အဆူဆူတို႔ကို ႀကိဳးကုတ္ အားထုတ္ႏိုင္ပါမွ ဘြဲ႕ရရွိဖို႔အတြက္ အေတာ္သင့္ျဖစ္ပါလိမ့္မည္။ထိုအသင္း (အဘိဝံသဘြဲ႕) ကို ေျဖဆိုေအာင္ျမင္ခဲ့ပါက ဘြဲ႕ေတာ္၏ ေနာက္သြယ္၌ ‘အဘိဝံသ’ ဟူေသာ အမည္နာမကိုအစားထိုး၍ ေခၚဆိုၾကရေလသည္။Credit-aungparsay
Unicode
တစ်နှစ်မှ နှစ်ပါးသုံးပါးလောက်သာပေါ်ထွက်တတ်တဲ့ အဘိဝံသ ဘွဲ့ဆိုတာကျက်မှတ်ဖြေဆိုရတာ ခက်ခဲလွန်းလို့လူသတ်ပွဲရဟန်းသတ်ပွဲလို့တောင် နိုင်ငံကျော် ကမ္ဘာသိဆရာတော်ကြီးတစ်ပါးက မိန့်ခဲ့ဖူးပါသတဲ့။
ဒါပေမယ့် ကျော်လွန်သွားနိုင်သူဟာ အာဇာနည်တွေ ပါပဲ။ အဘိဝံသဆိုတဲ့ ဘွဲ့ထူးကို သိရှိသူတိုင်းဟာတန်ဖိုးထားကြတယ်။ နိုင်ငံခြားသားများသည်ပင်လျှင်အဘိဝံသဆိုတာကို တန်ဖိုးထားပြီးတော့လေးစားကြတယ် သိရှိနားလည်တဲ့ နိုင်ငံခြားသားတိုင်းဟာအသိအမှတ်ပြုထားတယ်။ ပါမောက္ခချုပ်ဆရာတော်လူသတ်စာမေးပွဲ (ခေါ်) မန္တလေး-သကျသီဟ အဘိဝံသ-စာမေးပွဲအကြောင်းသိကောင်းစရာ လမ်းညွှန် မန္တလေးမြို့၌ ပရိယတ္တိ သာသနဟိတ အသင်းကြီးဆိုတာ ရှိပါတယ်။ အဲဒီအသင်းကြီးကို ‘သကျသီဟအသင်း’ ဟုလည်း ခေါ်စမှတ်ပြုကြသလို့
ရဟန်းတော်တွေရဲ့ သာသနာဘောင် လောကဝယ် နာမည်ကြီးတဲ့ အသင်းဆိုလည်း မမှားဖွယ်ရာ မရှိပေ ထို ‘ပရိယတ္တိ သာသနဟိတ အသင်းကြီး’ က ကြီးမှူး-ကျင်းပသော စာမေးပွဲ အထွေထွေ ရှိကြပါတယ် ထိုထို အသင်းဆိုင်ရာ စာမေးပွဲများသည်ကား သကျသီဟ အဘိဝံသဘွဲ့ (ခေါ်) ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ဘွဲ့ (အဘိဝံသစာမေးပွဲ) သာမဏေကျော်ဘွဲ့ (ခေါ်) ပရိယတ္တိ သာသနာလင်္ကာရဘွဲ့ (အလင်္ကာရစာမေးပွဲ) အပြင် နိကာယ်ဘွဲ့ (ခေါ်) နိကာယ်စာမေးပွဲများလည်း ရှိကြပါသည်။
ထို ‘သကျသီဟ အဘိဝံသဘွဲ့ (ခေါ်) ပရိယတ္တိ သာသနာဟိတ ဓမ္မာစရိယဘွဲ့ ရရှိဖို့အတွက် အသက်တော်အားဖြင့် (၂၇) အတွင်း ရှိသော ရဟန်းပျိုများသာ ဖြေဆိုခွင့် ရကြမည် ဖြစ်ပြီး ထိုရဟန်းတော်များသည် ပထမခြေလှမ်းဖြစ်သည့် အခြေခံ စာသင်တန်းသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရကြမည် ဖြစ်ပါသည်။
ထို ‘ပရိယတ္တိ သာသနာဟိတ အသင်းကြီး’ ၌
(၁) : သီးခြား စာသင်တန်း နှင့် (၂) : – စာချတန်း (တစ်နည်း) ဓမ္မာစရိယတန်း ဟူ၍ တန်းအားဖြင့် နှစ်တန်း ခွဲခြားထားပါသည် အခြေခံ စာသင်တန်းကို ဝင်ရောက်လို့သူများသည် ပရိယတ္တိ အခြေခံပညာသည် ပထမပြန် ကြီးတန်းဆင့် ရှိထားကြရပါမည် အသက် (၂၇) ၊ ဝါတော်အားဖြင့် (၇) ဝါထက် မကြီးသော မည်သည့် ရဟန်းပျိုများ မဆို လွတ်လပ်စွာ ဖြေဆိုခွင့် ရှိကြပါသည် ထို ‘အခြေခံ စာသင်တန်း’ တွင် (၁) : – အာဂုံ ပြန်ဆိုခြင်း နှင့် (၂) : – သဘော ရေးဖြေ ဟူ၍လည်း ထပ်မံ သတ်မှတ် ပြဌာန်းထားရှိလေသည်။ ပထမအဆင့်ဖြင့်သည့် ‘အခြေခံ စာသင်တန်း’ ရဲ့ အသင်း စဉ်းမျဉ်း ဥပဒေသအရ အာဂုံ ပြန်ဆိုခြင်း ကိစ္စကို ပြည့်ပြည့်စုံစုံ ဖြေဆိုနိုင်ပါမှ ဒုတိယခြေလှမ်းဖြစ်တဲ့ သဘော ရေးဖြေကို ဖြေဆိုခွင့် ရကြမှာ ဖြစ်ပါသည် မည်သည့် အရာမှ လွယ်ကူလှသည်ကား မရှိလှချေ အခါခပ်သိမ်း လွယ်ကူ ချော်မွေ့နေပါက ဘယ်မှာ အခက်အခဲဆိုတာ ရှိအံ့မည်နည်း ဒါကြောင့် ထို ပရိယတ္တိ သာသနာဟိ အသင်းကြီး က ကျင်းပသော သကျသီဟ (အဘိဝံသ) ဘွဲ့သည်ကား ရဖို့ မလွယ်ကူလှသလို့ အင်မတန်မှလည်း အခက်အခဲပါဘိ ထို သကျသီဟ (အဘိဝံသ) စာမေးပွဲနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကျော် လယ်တီ ဆရာတော် ဘုရားကြီးမှ လူသတ် စာမေးပွဲ ဟု ဤသို့ မိန့်တော်မှုလေသတည်းသီးခြား စာသင်တန်းရဲ့ ပြဌာန်း ကျမ်းစာများ ထိုသီးခြား စာသင်တန်း၌ ပြဌာန်း ကျမ်းစာများသည် အောက်ပါအတိုင်း ဖြစ်ပါသည် ငှင်းတို့ကား (၁) ဒွေမာတိကာ (ဝိနည်းငယ်နှစ်စောင်) (၂) ကစ္စည်း သဒ္ဒါကြီး (သဒ္ဒါ-ရှစ်စောင်တွဲ) (၃) အဘိဓမ္မတ္ထ သင်္ဂဟ (သဂြိုလ်) (၄)ကစ္စာယနသာရ (၅) ဘေဒစိန္တာ (၆)အဘိဓာန် (၇) ဆန်းကျမ်း (၈) ပုဒ်စစ် (၉) သဒ္ဒါစစ် (၁၀) သံဝဏ္ဏနာ (၁၁) နည်းလေးဆယ် (၁၂) မာတိကာ (၁၃) ဓာတုကထာ (၁၄) ယမိုက် (အောက်ငါးကျမ်း) ဟူ၍ အသင်းကြီးရဲ့ စည်းမျဉ်း စည်းကမ်းများအရ ပြဌာန်းထားရှိကြပါသည် ထိုထို ပြဌာန် ကျမ်းစာတို့ကို ‘အာဂုံ (လွတ်) ကျေပွန်မှသာ အသင်း စာမေးပွဲ ဖြေဆိုရန်အတွက် သင့်မြတ်လှပေ၏ ထိုမှ မဟုတ်ပါက (ဝင်ရောက် ဖြေဆိုပါက) မမြင်နိုင်တဲ့ အခက်အခဲ အပေါင်း များစွာ ကြုံတွေ့မည်မှာ မြေကြီး လက်ခတ် မလွဲ ကျိန်းသေ ကြုံတွေ့ရမည် ဖြစ်ပါသည် ထိုသီးခြား စာသင်တန်း၌ အာဂုံ (လွတ်) ပြန်ဆိုခြင်းကို ဖြေဆို အောင်မြင်မှသာ ဆက်လက်၍ သဘော ရေးဖြေ ဝင်ခွင့် စာမေးပွဲကို ဖြေဆိုရမည် ဖြစ်ပါသည်။

ထို သီးခြား စာသင်တန်းကို အောင်မြင်ခဲ့ကြသော အရှင်သူမြတ်များကို”ပရိယတ္တိ သာသန ဟိတ အသင်းကြီး” မှ ဂုဏ်ပြု ပူဇော်သောအားဖြင့် ဆွမ်း ဆန်တော်တို့ကို (၅) နှစ် ဆက်တိုက် ပေးအပ် လှူဒန်းမှုကို ခံထိုက်ပါပေ၏ (“နယုန်လတွင် ထိုအသင်းစာမေးပွဲကို ပြုလုပ်-ကျင်းပပြီး ၊ စာအောင်ဆုကို ဝါဆိုလ၌ အောင်လက်မှတ် (ဘွဲ့လက်မှတ်) ဆက်ကပ် ပူဇော်ပါသည်” ဟု သိရှိထားရမည် ဖြစ်ပါသည်။ ထို ‘သီးခြား စာသင်တန်း’ ကို ပြည့်ပြည့်စုံစုံ ဖြေဆို အောင်မြင်ခဲ့ပြီးနောက် ဆက်လက်၍ စာချတန်း (ခေါ်) ဓမ္မာစရိယတန်းကို ဝင်ရောက် ဖြေဆိုခွင့် ရကြမည် ဖြစ်ပါသည်ထို စာချတန်း၌မှုလည်း အသက်တော်အားဖြင့် (၃၂) နှစ် ၊ ဝါတော် (၁၂) ဟု သတ်မှတ်ထားရှိလေသည် စာချတန်း (ခေါ်) ဓမ္မာစရိယတန်းရဲ့ ပြဌာန်း ကျမ်းစာများ ထို ‘စာချတန်း (ခေါ်) ဓမ္မာစရိယတန်း၌ သင်ရိုး ညွှန်တမ်းများသည် အဓိအားဖြင့် ကျမ်းရင်း (၃) ကျမ်း ဖြစ်ပါသည်။ ထို ကျမ်းရင်း (၃) ကျမ်း ဟူသည်ကား(၁) ပါရာဇိကဏ် (၂) သီလက္ခန္ဓာ (၃) အဋ္ဌသာလိနီ ဟူ၍ ကျမ်းရင်း (၃) ကျမ်းသည် ဘုရားဟောသော ပါဠိတော်၌ ပါဝင်ပါသည်။ ထို စာချတန်းကိုမှုလည်း ဆက်လက်ပြီး ကြိုးစားပိုင်ခွင့် (၅) နှစ်တာ အသက်တမ်း ရှိပါသည်။ ထိုသတ်မှတ်နှစ်ထက် ကျော်လွန်ပါက အကြမ်းအားဖြင့် သာခ ဟု အဘိဝံသ ဘွဲ့ကို ဆက်ကပ်ပါသည်။ သာခ ဟူသည် အဖျားဟု အဓိပ္ပါယရပြီး ၊ မူလ သည်ကား အရင်းဟူ ဆိုစမှတ် ပြုကြလေ၏ ဆိုလိုသည်ကား သတ်မှတ်သည့် နှစ်အတွင်း ဖြေဆို အောင်မြင်ပါက “ပရိယတ္တိ သာသနဟိတ မှုလဓမ္မာစရိယဘွဲ့” (သို့မဟုတ်) “သကျသီဟ အဘိဝံသ ဘွဲ့” ကို လက်ခံ ရရှိမည် ဖြစ်ပြီး ၊
ထိုသတ်မှတ်နှစ် (၁၂ ဝါ ၊ ၃၂ နှစ်) မှ ကျော်လွန်သော အရှင်မြတ်များကို “ပရိယတ္တိ သာသနဟိတ သာခဓမ္မာစရိယဘွဲ့” ကို ဆက်ကပ်မည်ဖြစ်သော်လည်း ယနေ့ခေတ်ဝယ် အတိုကောက်အားဖြင့် သ.စ.အ ဟု သော်လည်းကောင်း ၊ (ဒါမှ မဟုတ်) သကျသီဟ အဘိဝံသဘွဲ့) ဟု သော်လည်းကောင်း အသုံးပြုလာကြပါသည်။
“ပရိယတ္တိ သာသနဟိ သာခဓမ္မာစရိယဘွဲ့” ဟု ရေးလေ့ ရေးထ ယနေ့ခေတ်ဝယ် မရှိကြပေ . .
သ.စ.အ ၏ အဓိပ္ပါယ် ဖွင့်ဆိုချက် ‘သ’ ဆိုသည်မှာ သကျသီဟ ဓမ္မာစရိယဘွဲ့ကို ရည်ညွှန်ပြီး ၊ ပြည့်စုံလှသည့် အနက်အဓိပ္ပါယ်သည်ကား “ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့” ပင် ဖြစ်ပါသည် ထို ‘ပရိယတ္တိ သာသနဟိတ အသင်းကြီး’ ၌ ကြီးမှူး ကျင်းပသော ဓမ္မာစရိယ (စာချတန်းဘွဲ့) ဖြစ်၍ ထိုအသင်းကို အစွဲပြုပြီး ၊ ‘ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့’ ဟု ဤသို့ အမှတ်အသား နာယူရပါသည်။ (မန္တလေးမြို့၌ ထိုအသင်းကြီး တည်ရှိပါသည်။)
‘စ’ ဟူသည်ကား “ပရိယတ္တိ စေတီယင်္ဂဏဓမ္မာစရိယဘွဲ့ ” ဖြစ်ပြီး ၊ ထိုဘွဲ့ကို “ရန်ကုန် အဘိ (သို့မဟုတ်) ရန်ကုန် အဘိဝံသ စာတော်ပြန်ပွဲ” ဟု ရဟန်း-ရှင် / လူ အသိများကြ၏ ထိုအသင်းကို ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကြီးမှူးပြီး ၊ သာသနာတော်ရဲ့ အနှစ်သာရဖြစ်သော ဗုဒ္ဓဒေသနာတော်မြတ်များကို ပြုလုပ် ကျင်းပအပ်သောကြောင့် ‘ပရိယတ္တိ’ ဟု သော်လည်းကောင်း ရွှေတိဂုံရင်ပြင်ကို အကြောင်းပြု၍ ဆင်နွှဲ့ ကျင်းပအပ်သောကြောင့် ‘စေတီယင်္ဂဏ’ ဟု သော်လည်းကောင်း အကြမ်းအားဖြင့် နားလည်ထားကြရမည် ဖြစ်ပါသည်။
‘အ’ ဆိုသည်မှာ ‘အစိုးရ ဓမ္မာစရိယဘွဲ့’ ကို အတိုကောက် အသုံးပြုခဲ့သည့်အတွက် ဤသို့ ‘အ’ ဟု သိမြင်ရမည် ဖြစ်ပါသည်။ ထိုစာမေးပွဲသည် အစိုးရ ပထမပြန် စာမေးပွဲ နှင့်အတူ ဆင်ယင် ကျင်းပအပ်သော ‘အစိုးရ ဓမ္မာစရိယ စာတော်ပြန်ဘွဲ့ပင် ဖြစ်ပါသည် ထိုစာမေးပွဲကို တစ်နိုင်ငံလုံးဆင့်အနေဖြင့် သာသနာရေးဝန်ကြီးဌာန လက်အောက်ခံမှ တရာဝင် အသိအမှတ်ပြု ကျင်းပအပ်သောကြောင့် ‘အစိုးရ’ ဆိုသည်ကို ထည့်သွင်းခဲ့ခြင်း ဖြစ်ပါသည် ထိုစာမေးပွဲတို့၌လည်း အဆင့်အားဖြင့် တရာဝင် (၄) ဆင့်ရှိပြီး ၊ အောင်မြင်ခဲ့သော အဆင့်အလိုက် အောင်လက်မှတ် (ဘွဲ့လက်မှတ်) တို့ကို အစိုးရမှ ချီးမြှင့်ပါသည်။
ထိုအဆင့် (၄) ဆင့်တို့သည်ကား …
(၁) အစိုးရ ပထမငယ်တန်း (အောင်လက်မှတ်) (၂) အစိုးရ ပထမလတ်တန်း (အောင်လက်မှတ်) (၃) အစိုးရ ပထမကြီးတန်း (အောင်လက်မှတ်) နှင့် (၄) အစိုးရ ဓမ္မာစရိယဘွဲ့ (စာချတန်း) ဟူ၍ (၄) ဆင့် သတ်မှတ် ပြဌာန်းထားပါသည်။ ထိုစာချတန်းကို ဖြေဆို အောင်မြင်ပါက အစိုးရ တရာဝင် အသိအမှတ်ပြု ပေးအပ်သောကြောင့် ထိုဘွဲ့ကို ‘အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့’ ဟု ခေါ်ဝေါ် အသုံးလျက် ရှိပါသည် ထိုအပြင် (ထိုအဘိဝံသဘွဲ့) ငါးနှစ်တိုင် ဆက်လက်၍ စာချတန်း၌ ပါဝင်သော အဋ္ဌကထာ ကျမ်းရင်း (၃) ကျမ်း (ပါရာဇိကဏ်၊ သီလက္ခန္ဓ၊ အဋ္ဌသာလိနီ) နှင့် သက်ဆိုင်ရာ ဆန်း၊ အလင်္ကာ၊ ဉာသ်ကောက် အထက်ယမိုက်၊ ပဋ္ဌာန်းကျမ်းကြီးနှင့် တကွ ဋီကာ၊ အနူ၊ မဓု ဂဏ္ဌိ ယောဇနာ ကျမ်းများစွာတို့ကို သုံးရက်တိုင် ကျင်းပသောစာမေးပွဲကိုလည်း ပြဌာန်းချက်အရ ဝင်ရောက်ဖြေဆိုရပါသည်။ထို စာချတန်းကို ဝင်ရောက် ဖြေဆို အောင်မြင်သော အရှင်မြတ်များကို ထိုအသင်းမှ ဆွမ်းဆန်တော် ထောက်ပံ့ လှူဒါန်းကြပါသည်ထိုအသင်းတွေရဲ့ စာချတန်း (အဘိဝံသဘွဲ့) အတွက် ကျမ်းရင်း (၃) ကျမ်း ပါဠိတော် . အဋ္ဌကထာ . ဋီကာတို့ကို ကျေပွန်စွာ
လေ့လာကြရပါသည် နိုင်ငံတော်မှ ကျင်းပသော အစိုးရ ဓမ္မာစရိယရိုးရိုးဘွဲ့အတွက် သာရတ္ထဒီပနီဋီကာဝိမတိဋီကာ / အဘိနဝဋီကာ / မဓုယောဇနာတို့ မလိုသော်လည်းအဘိဝံသဘွဲ့ရဖို့ရာအတွက်မူ ပါဠိတော် / အဋ္ဌကထာနှင့် မလုံလောက် . ထိုဋီကာ စသည့်ကျမ်းမြတ် အဆူဆူတို့ကို ကြိုးကုတ် အားထုတ်နိုင်ပါမှ ဘွဲ့ရရှိဖို့အတွက် အတော်သင့်ဖြစ်ပါလိမ့်မည်။ထိုအသင်း (အဘိဝံသဘွဲ့) ကို ဖြေဆိုအောင်မြင်ခဲ့ပါက ဘွဲ့တော်၏ နောက်သွယ်၌ ‘အဘိဝံသ’ ဟူသော အမည်နာမကိုအစားထိုး၍ ခေါ်ဆိုကြရလေသည်။Credit-aungparsay